ငပုရေ ဒို့ဝန်ကြီးလိုသွားရဲလား(ရုပ်သံ)

စစ်တောင်းမြစ် အနောက်ခြမ်းက PDF စစ်ကြောင်းများထံ NUG ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ကွင်းဆင်းတွေ့ဆုံ

++++++++++++++++++++++

ဒီဇင်ဘာ ၂၅ ရက်

စစ်တောင်းမြစ် အနောက်ခြမ်းက PDF စစ်ကြောင်းများထံ NUG ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံခဲ့ပြီး ပြည်သူ့ရဲဘော်များကို အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ်က ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ရဲ့ အမှာစကားတွေနဲ့အတူ လမ်းညွှန်မှုတွေကိုလည်း စစ်ကြောင်းမှူးတွေနဲ့ ရဲဘော်တွေကို ပြန်လည်မျှဝေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် စစ်ရေး ရည်မှန်းချက်တွေ၊ လက်နက်ရိက္ခာကိစ္စရပ်တွေကို အဓိက ဆွေးနွေးအားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *