လနအလှူပြီးတော့ ဒရုန်းထပ်လှူမဲ့ငပုတပ်

စစ်ကောင်စီက ဒရုန်းဖြင့် ကျဲသည့် ဗုံးများ တိုးမြှင့်စမ်းသပ်ထုတ်လုပ်နေပြီး ဒရုန်းများပါ တင်သွင်းနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီ့ ဒရုန်းဖြင့် ကျဲသည့် ဗုံးများကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများတွင် တိုးမြှင့်စမ်းသပ်ထုတ်လုပ်နေပြီး အခြားတစ်ဖက်တွင်လည်း ဒရုန်းများကိုပါ တင်သွင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံများတွင် ဒရုန်းဖြင့် ကျဲသည့် ဗုံးသီးများကို စမ်းသပ် တိုးမြှင့်ထုတ်လုပ်နေပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တွင် စမ်းသပ် ဖောက်ခွဲခဲ့ကြောင်း၊ ထို့ပြင် ဒရုန်းဗုံးသီးများကိုလည်း တိုးမြှင့်ထုတ်လုပ်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ဒရုန်းများကို ပြည်ပနိုင်ငံများမှ ရသမျှ တင်သွင်းလျက်ရှိနေပြီး အိန္ဒိယနိုင်ငံမှ ဒရုန်းများကိုလည်းကောင်း၊ အပူရှာဒရုန်းဟု ခေါ်ဆိုသည့် ထောက်လှမ်းရေးသုံး ဒရုန်းများကိုလည်း တိုးမြှင့်ဝယ်ယူ နေကြောင်း သိရှိရသည်။

“ဒရုန်းတွေနဲ့ အထိနာခဲ့တော့ တန်ပြန်ဒရုန်းတွေနဲ့ တိုက်ဖို့ ။ လူအင်အားမသုံးဘဲ ရန်သူ့စခန်းတွေကို ဒရုန်းတွေ အများကြီးနဲ့ ဗုံးကျဲ ပြီးရင် မြေပြင်ကနေ တက်သိမ်းတာမျိုး စစ်ရေးဗျူဟာ ကျင့်သုံးဖို့ ညွှန်ကြားမှုတွေရှိတယ်။ တင်သွင်းထားတဲ့ ဒရုန်းတွေတော့ စဝင်နေပြီလို့ သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- မစ်ဆိုင်းသယ်ယူနိုင်သည့် တရုတ်နိုင်ငံလုပ် CH-3 ဒရုန်းအမျိုးအစားကို မြန်မာစစ်သားများက ကိုင်တွယ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *