Breaking – နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းထား
ဒီဇင်ဘာလ ၂၆ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းမြို့ကို ဒီနေ့ ဒီဇင်ဘာ ၂၆ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ KNLA ပူးပေါင်းတပ်တွေက ထိန်းသိမ်းထားနိုင်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနက် ၈နာရီကျော်အချိန်မှာ နတ်သံကွင်းမြို့ကို ထိန်းထားနိုင်ပြီဖြစ်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေကို မသိရသေးပါဘူး။
နတ်သံကွင်းမြို့ဟာ စစ်တောင်းမြစ်ပေါ်မှာ တည်ရှိပြီး ပဲခူးတိုင်းအရှေ့ခြမ်းက ပဲနွယ်ကုန်းမြို့နဲ့ ကျောက်ကြီးမြို့အကြား အရေးပါနဲ့ နေရာတစ်ခုဖြစ်ပါတယ်။