ငပုဘဝကနေငမွဲဘဝသို့ရာထူးတိုး

စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသော စစ်ကောင်စီက ပို့ကုန်ရငွေများကို ပြည်တွင်းဘဏ်များထံသို့ အမြန်ဆုံးပေးသွင်းရန် ပို့ကုန်လုပ်ငန်းရှင်နှင့် ကုမ္ပဏီများကို ထပ်မံ ဖိအားပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသော စစ်ကောင်စီက ပို့ကုန်ရငွေကို စစ်တပ်လက်အောက်ခံ ပြည်တွင်းဘဏ်များထံသို့ အမြန်ဆုံးပေးသွင်းရန် ပို့ကုန်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို ဖိအားပေးလျက်ရှိ ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ညွှန် ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းညွှန်ကြားချက်တွင်

ယ ခင် က အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရ အမေရိကန်ဒေါ်လာငွေများကို ပြည်တွင်းရှိ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက်အတွင်းလည်းကောင်း ၊ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရငွေများကို ရက်ပေါင်း ၉၀ အတွင်း ပြည်တွင်းဘဏ်ငွေစာရင်းများသို့ ပြန်လည် ထည့်သွင်းရန် သတ် မှတ်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ များကို ပြည် တွင်းဘဏ်စာရင်းများသို့ ပေးသွင်းရမည့် ကာလကို ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

ယခုအခါတွင်မူ စစ်ကောင်စီ၏ ဗဟိုဘဏ်ကအာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရ အမေရိကန်ဒေါ်လာငွေများကို ပြည်တွင်းရှိ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့သည့်နေ့မှ ၃၀ ရက်အတွင်းလည်းကောင်း ၊ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရငွေများကို ရက်ပေါင်း ၆၀ အတွင်း ပြည်တွင်းဘဏ်ငွေစာရင်းများသို့ ပြန်လည် ထည့်သွင်းရန် ပြင်ဆင် သတ်မှတ်လိုက်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိလျှင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့က ပြင်ဆင်သတ်မှတ်ခဲ့သည်။

“အခု စက်သုံးဆီက ဒေါ်လာအတော်ကို ကျပ်နေတ ယ်။ အဲဒါကြောင့် ပို့ကုန်ရငွေတွေ မြန်မြန်ပြန်ဝင်မှ ဒီဘက်က စက်သုံးဆီ ဝယ်လို့ရမယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတာ။ အဲဒါကြောင့် ပို့ကုန်ရငွေတွေ ပြည်တွင်းဘဏ်တွေဆီ မြန်မြန်ပြန်လွှဲခိုင်းနေတာ။ အခု ပြည်တွင်းမှာ စက်သုံးဆီသင်္ဘောတွေ တောက်လျှောက်ဝင်နေပေမယ့် ဒေါ်လာမရှိတော့ စက်သုံးဆီက မလုံလောက်တဲ့ ပြဿနာဖြစ်နေတယ်” ဟု စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းအသိုင်းအ၀ိုင်းနှင့်နီးစပ်သော စီးပွားရေး သမားတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် စက်သုံးဆီများ ရလိုက်၊ မရလိုက်ဖြင့် အဆင်ပြေခြင်းမရှိဘဲ စက်ရုံ အလုပ်ရုံများ၊ ယာဉ်များ တန်းစီစနစ်ဖြင့် ဝယ်ယူနေရကြောင်း သိရှိရသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာမူ တစ်ဒေါ်လာလျှင် ကျပ်ငွေ ၃၅၀၀ ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *