သတင်းအတိအကျနဲ့သွားဆော်တာ(ရုပ်သံ)

ရေစကြိုမြို့နယ် ထွေအုပ်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++++++++

ဒီဇင်ဘာ ၂၆ ရက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ရုံးပေါင်းစုံ(ထွေအုပ်ရုံး)မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာလ ၂၃ ရက် ည ၈နာရီခွဲအချိန်က တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ MBTတပ်ဖွဲ့နဲ့ TPGတပ်ဖွဲ့တို့ ပူးပေါင်းပြီး ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ထွေအုပ်ရုံးရှိ ခန်းမထဲမှာ စစ်ကောင်စီတပ်သားတွေ စုဝေးနေတယ်လို့ အတွင်းသတင်း ရရှိခဲ့တာကြောင့် ၄၀ မမ တစ်လုံးနဲ့အတူ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ခုချိန်မှာ သူတို့ဘက်က စစ်ကြောင်းက တအားရှုပ်နေတဲ့အတွက် ထိခိုက်မှုကို စုံစမ်းလို့မရနိုင်သေးတာပါ၊ ထွေအုပ်ရုံးအတွင်းမှာက အင်အားက ရာနဲ့ချီပြီးရှိတယ်၊ ဒါပေမယ့်ပေါ့နော် ခန်းမဝန်းအတွင်းမှာကတော့ အင်အား ၇၀ လောက်ပဲရှိနေတာပါ အဲ့တာကတော့ ကျွန်တော်တို့ကို သတင်းအတိအကျပေးလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းသတင်းဌာနကိုပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာ မျိုးမရှိပေမယ့် ငြိမ်းဇာနည်ဘက်ကို စစ်ကြောင်းတွေ ပတ်ထွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာဆိုရင် နေပြည်တော်ရဲ၊ ပခုက္ကူက ရဲနှင့် စစ်သားတွေအပြင် ပျူစောထီးတွေနဲ့ပါ အခိုင်အမာတပ်စွဲထားတဲ့ စခန်းဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်လောက်ကနေ အခြေအနေပေါ်မူတည်ပြီး အင်အား ၃၀၀ လောက်ထိ တိုးကာ တပ်စွဲနေတဲ့ စခန်းလည်းဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *