ပွဲကတော့ကောင်းလာဘီ ငပုဗျင်းခံရတော့မယ်

ရခိုင်ရှေ့ဟောင်းအမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသည့် စစ်ကောင်စီကို လက်တုန့်ပြန်သွားမည်ဟု AA ကြေညာ

ရန်ကုန်| ဒီဇင်ဘာ ၂၆

ရခိုင် သမိုင်းဝင်အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှုလက်ရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်ကို လုပ်သင့်လုပ်ထိုက်သည်များကို ထိထိ ရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း AA က ယမန်နေ့တွင် သတိပေး ကြေညာသည်။

စစ်ကောင်စီတပ်၏ စကခ ၉ လက်အောက်ခံ မြောက်ဦးအခြေစိုက်တပ်ရင်း များဖြစ်ကြသော ခမရ ၅၄၀ ၊ ခမရ ၃၇၇ ၊ ခမရ

၃၇၈ တပ်ရင်းများနှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့က မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အအုံတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီက ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် များကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း တို့ကိုလည်း ပြုလုပ်လေ့ရှိကြောင်း AA က ပြောသည်။

ရခိုင်ရှေး ဟောင်းအမွေအနှစ်ယဉ်ကျေးမှု များစွာရှိသည့် မြောက်ဦးယဥ်ကျေးမှုပြတိုက်ကို ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ၅၄၀ တပ်နှင့် ၃၇၇ တပ်တို့က ပစ်ခတ်လိုက်သော လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် အဆောက်အုံ အားလုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ယမန်နေ့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က နံနက်နှင့် ညနေပိုင်းတွင် စစ်ကောင်စီတပ်များက မြို့ထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်များပေါ်သို့ ကျရောက်သည့်အပြင် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း ရှေးဟောင်း ကိုးသောင်းဘုရားအနီးတစ်ဝိုက်နှင့် ရှေးဟောင်းရေကန် (အစိမ်းသေအင်း) အနီးတို့တွင် စစ်ကောင်စီနှင့် AA တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့၍ ရှေးဟောင်းစေတီအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

မြောက်ဦးမြို့တွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း ယူနက်စကို ဝင်ရေးအတွက် အဆိုပြုချက် တင်သွင်းထားသော အမွေ အနှစ်များဖြစ်ပြီး တိုက်ပွဲများကြောင့် အမွေအနှစ်များအားလုံး ပျက်စီးပျောက်ကွယ်သွားနိုင်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *