ချောင်းဦးမြို့နယ်မှာလက်စွမ်းပြခဲ့တဲ့ အညာသားတွေ

ချောင်းဦးမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ရွှေစေတီအနီးတွင် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်လာစဥ် ရွှေစေတီ အနောက်ဘက်ကိုထွက်ခွာသော စစ်ကြောင်းကို မိုင်း ၂ ပွိုင့်ဆွဲ၍ တိုက်ခိုက်ခဲ့ ပြီး ည ၇နာရီခန့်တွင် သမန္တဇာဘုန်းကြီးကျောင်း၌ စစ်​ကြောင်း ၂ ကြောင်း ပြန်ပေါင်းကာ ယာယီအထိုင်ချတပ်ဆွဲခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် သမန္တဇာဘုန်းကြီးကျောင်း၌ ယာယီတပ်စွဲထား သော စစ်ကောင်စီတပ်သားများကို ၈၁ မမ ဗုံးသီး ၂ လုံး အသုံးပြုပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် သမန္တဇာဘုန်းကြီးကျောင်းမှ ညောင်ပင် တဲကျေးရွာကို ဦးတည် စစ်ကြောင်းထိုးလာရာ ညောင်ပင်တဲကျေးရွာ အဝင် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ၆၀ မမ ဗုံး သီး ၂ လုံး၊ ၈၀ မမ ဗုံးသီး ၂ လုံးတို့ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် အင်အား ၁၀၀ ခန့်ဖြင့် ရှမ်းထူး ဘုန်းကြီးကျောင်းကို ဓားစာခံပြည်သူများနှင့်အတူ စစ်ကြောင်းထိုးလာစဉ် တိုက်မိုင်းမိပြီး ညနေ ၃ နာရီခန့်တွင် ညောင်ပင်တဲကျေးရွာကို စစ်ကောင်စီတပ်သား ထက်ဝက်ခန့် ပြန်ဆုတ်သွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ချောင်းဦးမြို့ထွေအုပ်ရုံးမှ ကားတစ်စီး၊ စစ် ကောင်စီတပ်သား ၄၅ ဦးခန့် ဆုတောင်းပြည့်ဘုရားကို စစ်ကြောင်းထိုးလာစဥ် အမြင့်လမ်းခွဲ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ် ရာရ ရှိပြီး ချောင်းဦးမြို့ထဲကို တစ်ဖွဲ့ပြန်ဆုတ်သွားကာ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ် သားများသည် ချောင်းဦးမြို့နှင့်‌ ညောင်ပင်တဲကျေးရွာကြား၌ ကင်းပုန်းဝပ်နေခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ချောင်းဦးမြို့ပေါ်မှ ထော်လာဂျီ ၃ စီးနှင့် ဂျန်မာကား ၃ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီ တပ်သားများကို ရွှေစေတီအနီး အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်ပင်တဲရွာမှ ရှမ်းထူးဘက်ကို ထွက်လာသော စစ်ကောင်စီတပ်သား ၆ ဦးလည်း မိုင်းထိခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် သမန္တဇာတောင်ဘက် မီတာ ၄၀၀ ခန့်အကွာရှိ စစ်ကောင်စီကင်းပုန်းကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး၊ ၈၁ မမ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ချောင်းဦးရဲစခန်းကို ၈၁ မမ ဗုံးသီး တစ်လုံး၊ ၆၀ မမ ဗုံးသီး တစ်လုံး တို့ကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၂ ရက် မွန်း တည့် ၁၂ နာရီခွဲခန့်တွင် ချောင်းဦးမြို့ထဲမှ ထွက်လာသော အကြမ်းဖက်စစ်ကား ၅ စီးကို အ မြင့်လမ်းခွဲအရောက် မိုင်း ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီး မိုင်းထိခဲ့ကြောင်း၊ ထို့နောက် ဆက်လက်ထွက် လာသော စစ်ကားများကို အုဋ္ဌ်ကျောင်းရှေ့အရောက် မိုင်း ၁ ပွိုင့် ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်ကညောင်ပင်တဲ ရှမ်းထူးရှိ အကြမ်းဖက် စစ် ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၁ ည နေ ၂ နာရီ မိနစ် ၂၀ ခန့်တွင်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်သားများက ညောင်ပင်တဲကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာ ဝန်ခံ ကိုဇော်ဝင်း ကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် အလုံး ၅၀ ကျော် ပြာကျခဲ့ ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထဲကို ပတိန် ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများကို မုံရွာခရိုင်တပ်ရင်း ၆ တပ်ခွဲ ၁ ၊ ချောင်းဦးမြို့နယ်၊ ပကဖ တိုက် ခိုက်ရေးတပ် CHU PDF ၊ KG 2တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Drone Mission များကို ချောင်းဦးမြို့နယ် ပကဖ Drone လက်ရုံးတပ်၊စစ်ကိုင်းခရိုင် တပ်ရင်း (၄) ၊ MS PDF ၊ မြင်းခြံတပ် ရင်း (၃) ၊ မန္တလေးတပ်ရင်း (၅) ၊ မြင်းခြံ ခရိုင် ဒရုန်းအဖွဲ့တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ချောင်းဦးမြို့နယ် ပကဖ Drone လက်ရုံးတပ်မှ DJI Mavic 2pro Drone ၃ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *