အရေးအသားပြောင်မြောက်တဲ့ သတင်းဆောင်းပါး

ဖက်ဆစ် အခက် ၊ တရုတ်အမြတ်နဲ့

၁၀၂၇ အချက်။

(သတင်းဆောင်းပါး)

လူမြတ်ကျော် ရေးသားသည်။

ဒီဇင်ဘာလ ၂၂ရက်နေ့ကနေ ၂၄ရက်နေ့အထိ

တရုတ်နိုင်ငံ ကြားဝင်မှုနဲ့ပြုလုပ်ခဲ့တဲ့

မြောက်ပိုင်းညီနောင် များနဲ့ စကစ ဆွေးနွေးပွဲ

ဟာ သဘောတူညီချက်တစုံတရာမရရှိပဲ

ပျက်သွားခဲ့ပါပြီ။

စကစ ဟာ ၁၀၂၇ စစ်ဆင်‌ရေးနဲ့ ရှမ်းမြောက်ပိုင်းတခွင် အပြင်းအထန်ဖြစ်ပွားနေတဲ့

စစ်ပွဲတွေကို ရပ်တန့်စေလိုတဲ့ သဘောထားနဲ့

တရုတ်ထံ အပူကပ် ကြားဝင်စေ့စပ်ပေးရန်

အကူအညီတောင်းခံပြီး မြောက်ပိုင်း ၃ဖွဲ့နှင့်

ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

စကစဟာ ဆွေးနွေးပွဲမှာ တောင်းဆိုချက်တွေ

အနေနဲ့ ကိုးကန့်၊ တအောင်းအဖွဲ့တွေကို

စစ်ပွဲမစခင်နေရာ တွေထိပြန်ဆုတ်ပေးဖို့၊

ကို့ကန့် MNDAAကို ကိုးကန့်နယ်မြေ တွင်းမှ

အပြီးအပိုင်ဆုတ်ခွာပေးဖို့တွေ ပြောဆိုနေပြီး

စစ်ရှုံးနေတဲ့အချိန်မှာတောင် စကစ ဟာ

ဘဝင်လေဟပ်နေတဲ့ ကိုယ့်ကို ကိုယ်အထင်ကြီးတဲ့ လေသံနဲ့အထက်စီးက တဖက်သပ်ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်သူတဦးက ထံမှ သိရတယ်။

မြောက်ပိုင်း ၃ဖွဲ့အနေနဲ့ တရုတ်ကြားဝင်ပေးမှုကို

ဟန်မပျက်တက်ရောက် ပေးခဲ့ပြီး ထိုးစစ်များ

ဆက်လက်ဆောင်ရွက် လိုစိတ်ရှိနေတာက

မြင်နေရတယ်။

ပထမအကြိမ် ဆွေးနွေးပွဲကြောင့် တိုင်းပြည်တဝှမ်း စိုးရိမ်စိတ်များကြောင့် ကြေငြာချက်များ

ထုတ်ပြန်ခဲ့ကြရပြီး ဒုတိယ အကြိမ်

ဆွေးနွေးပွဲဟာလဲ အရာမထင် ဖြစ်ခဲ့လို့

ရှမ်းမြောက် ၊ရခိုင် တွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နိုင်ပြီး စကစ ဖက်မှ

လားရှိုးရှိ အရှေ့‌ မြောက်ပိုင်း

စစ်ဌာန ချုပ်မကျစေရန် ရုန်းကန်နေရပြီးကျောက်မဲ စကခ ၁မှာလဲ ဖွဲ့စည်းပုံပျက်နေပြီ

ဖြစ်ပါတယ်။

လောက်ကိုင်တိုက်ပွဲတွေမှာလဲ လေယာဉ်နဲ့

စစ်ကူချပေးတဲ့ တပ်မ ၅၅မှ ရာချီတဲ့ စကစ

တပ်ဖွဲ့ဝင်တွေ အလင်းဝင်တာလဲ တွေ့မြင်နေကြရပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့လှိုင်းလုံးဟာ

အရှိန်မပြတ် ရိုက်ခတ်နေပြီး ဒီလှိုင်းလုံးရဲ့

အရှိန်ကြောင့် တတိုင်းပြည်လုံး တော်လှန်ရေးစိတ်တွေ နိုးကြားခဲ့သလို ဟန်ချက်ညီ စစ်ဆင်ရေး တွေဟာ

ကရင်နီ၊ ချင်း၊ပဲခူး၊ စစ်ကိုင်း၊

ကရင် နဲ့ ဒေသနှံ့အပြားမှာ ပေါ်ပေါက်ခဲ့ပြီး မြို့ပေါင်း ၂၄မြို့ထိတော်လှန်ရေး ပူးပေါင်းတပ်တွေဟာ သိမ်းယူခဲ့ပါတယ်။

မြို့ပြတခွင် ဖြစ်တဲ့ ရန်ကုန် ၊မန္တလေးတွေမှာလဲ

ဒရုန်း၊ရှော့တိုက်ဒုံး ၊မိုင်းတွေနဲ့ တိုက်ခိုက်မှုတွေကို စကစ အလူးအလဲခံနေရပြီး စကစခြေလျင်တပ်များအနေနဲ့ အသက်အိမ်ပြန်ပါလာရေးနဲ့ လက်နက်ချရေး အလင်းဝင်အညံ့ခံရေး

များကို တရစပ် လုပ်နေတာကြောင့် စစ်တပ်တွင်း ပြိုကျလုမတပ် ဖြစ်နေတာကို မြင်ရပါတယ်။

တပ်သားလိုအပ်ချက်အရ ပြစ်ဒဏ်ကျခံ

သူများပါမကျန် ထောင်တွင်းမှ ခေါ်ထုတ်

ကျားကန်နေရသော်လဲ အကြမ်းစစ်ကောင်စီ

ခေါင်းဆောင် မင်းအောင်လှိုင်တယောက်ကတော့ ပွဲတက်မပျက်လို့ တပ်တွင်းဆူပွက်နေကြောင်းပါဗျာ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *