ရန်ကုန်နေ့ခင်းတောင်ဆိုင်းသံဗုံသံတွေကြားနေရတယ်််််််််််််

အင်းစိန်ထောင်ရှေ့တွင် ဗုံးပေါက်ကွဲပြီး ကား ၂ စီးပျက်စီး၊ လူထိခိုက်မှု အခြေအနေ မသိရသေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်ရှေ့တွင် ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကား ၂ စီးပျက်စီးကာ လူထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် အင်းစိန်ထောင်နှင့်မျက်နှာချင်းဆိုင် ကားပါကင်အနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ကား ၂ စီးခန့် ပျက်စီးသွားကြောင်း၊ ယခုအခါ စစ်တပ်နှင့်ရဲက လမ်းများ ပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဒီနေ့ နေ့လည်တစ်နာရီဝန်းကျင်မှာအင်းစိန်ထောင်ရှေ့ မျက်နှာချင်းဆိုင် ကားရပ်နားရာနေရာမှာ ဗုံပေါက်တယ်ဗျ။အသံတော်တော်ကျယ်တယ်။ရပ်ထားတဲ့ကားနှစ်စီးလောက်ပျက်စီးတယ်။လူအထိအခိုက်တော့မသိရဘူး။အခုတော့လမ်းတွေပိတ်ပြီးစစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အင်းစိန်ထောင်အနီး နေထိုင်သူတစ်ဦးကမူ ဗုံးပေါက်ကွဲပြီးနောက် အင်းစိန်ထောင်အနီးဝန်းကျင်မှ ဆိုင်ခန်းများ ပိတ်သိမ်းသွားပြီး အသွားအလာ နည်းပါးသွားကြောင်း၊ စစ်တပ်က လမ်းသွားလမ်းလာလူငယ်တချို့ကို ခေါ်ယူ ဖမ်းဆီးသွားမှုလည်းရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် အင်းစိန်ထောင်ဝင်စာခန်းမတွင် ဗုံးပေါက်ကွဲစဉ် ရဲနှင့်စစ်တပ်က ပိတ်ဆို့စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AP

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *