အညာသားတွေ ဆော်ချက် မွှင်းခါး၇ပွဲ(ရုပ်သံ)

နွားထိုးကြီးမြို့နယ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံး၊ Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုကျေးရွာတွင် လမ်းသွားလမ်းလာ ပြည်သူများကို ငွေညှစ်တောင်းခံနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ မျက်ရှုကျေးရွာ၌ အကြမ်းဖက် စစ်သား အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲပြီး လမ်းသွားလမ်းလာပြည်သူများကို ခြိမ်းခြောက်ငွေညှစ်နေ သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ဗိုလ်အဆင့်ရှိသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရရှိသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ခက်လန်းကျေးရွာ အနီးရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မိုင်းဖောက်ခွဲကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရရှိသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *