တနင်္သာရီမြို့နယ် သတိပေးချက်တွေကိုလိုက်နာကြပါ

တနင်္သာရီမြို့နယ်တွင် စစ်ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ ယင်းမာပင်ရှိ ရဲတပ်ရင်း ၂၈ ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၉ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း မြိတ် ခရိုင် ပြည်သူ့ကာကွယ်ရေး ပူပေါင်း စစ်ကြောင်း ၂ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆ နာရီခန့်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို ကျေး ရွာအနီးသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်၊ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် ၂ တို့ က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦးထက်မနည်းသေဆုံးကာ ၄ ဦးထက်မ နည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်က လက်နက်ခဲယမ်းများ သယ်ဆောင် လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို တနင်္သာရီမြို့နယ်၊ တမုတ်ချုံ ကျေးရွာအနီးအရောက် မိုင်း ဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း ၂ မှ ဦး ဆောင်၍ တနင်္သာရီမြို့နယ် ပကဖ၊ တောင်ပံနီအဖွဲ့တို့ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ သည် မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၂ တနင်္သာ ရီ မြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖ၊နှင့် Dragon Squad (ဒရုန်းအဖွဲ့)တို့ ပါဝင်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေအရ ဒေသနေ မိဘပြည်သူများ ၊ ခရီး သွားမိဘပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထားသော သတိပေး ထုတ်ပြန် ချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းအတွင်းရှိအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း Brother Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၉ နာရီခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်ကားလမ်းဘေးရှိ ရဲတပ် ရင်း ၂၈ ကို ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ရင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ရဲ ၃ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့ဘက်ကတော့ ဂန်းငယ်တွေနဲ့ ၆၀ မမနဲ့ပြန်ပစ်တာတော့ရှိတယ်၊ ကျနော်တို့က မစ်ရှင်ပြီးတာ နဲ့ ပြန်လည် ဆုတ်ခွာခဲ့တဲ့အတွက် ကျနော်တို့ ရဲဘော်တွေအားလုံး အန္တရာယ်ကင်းတယ်၊” ဟု Brother Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ Brother Defence Force၊ Regional Friend Fighter နှင့် မဲမှောင်ပျောက်ကြားတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ‌ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *