AAဆော်လို့ပြေးကြပြန်ပြီ

AA က ပလက်ဝ ပွိုင့် (၃၇၇) ကို ထိန်းချုပ်ပြီးနောက် မီဇိုရမ်ပြည်နယ်ဘက် စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင် ထွက်ပြေးသွား

++++++++++++

ဒီဇင်ဘာ ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အိန္ဒိယ – မြန်မာနယ်စပ်၊ စစ်ကောင်စီ ခြေကုပ်စစ်စခန်းတစ်ခုဖြစ်တဲ့ စစ်ဆင်ရေး ပွိုင့် (၃၇၇) ကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၉ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကြေညာခဲ့ရာ အဲ့ဒီခြေကုပ်စခန်းက စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် မီဇိုရမ်ဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားရာနဲ့ချီဟာ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်၊ လောင်တလိုင်ခရိုင် တွီဆဲင်းတလိုင်ကျေးရွာရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ဆီ လက်နက်ချခဲ့တယ်လို့ သိရပါတယ်။

လိုင်လင်းပီစခန်းနဲ့ ရိခေါဒါရ်စခန်းတွေကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်သားတွေကို အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ကောင်စီ လက်ထဲကို ပြန်လည် အပ်နှံခဲ့သေးပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် စစ်ကောင်စီတပ်သားတွေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတာ ၄ ကြိမ်မြောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *