အိတ်ထဲကောက်ထည့်လိုက်ပြန်ပြီ

ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး၊ လွယ်ပတာ စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

+++++++++++++++

ဒီဇင်ဘာ ၃၀

ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး၊ လွယ်ပတာ စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တရားဝင် ထုတ်ပြန်ပါတယ်။

မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးမှာ အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ (ခွဲ) ဗျူဟာ (၁) ရဲ့ ၁၀၀၁ (MB PDF-1)၊ ၁၀၀၂ (PK PDF-1)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF-2)၊ KNDF ဗျူဟာ (၁) B-03၊ B-11 နဲ့ B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂) ရဲ့ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနဲ့ ၁၀၀၉ IPDF တပ်ရင်းတို့ ပါဝင်တိုက်ခိုက်နေရာ အဲ့ဒီတော်လှန်ရေးအင်အားစုများ ပူးပေါင်းစစ်ဆင်မှုနဲ့ ဒီဇင်ဘာ (၂၃၊ ၂၄၊ ၂၅) ရက်နေ့များမှာ ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုများအနေနဲ့ ဖယ်ခုံမြို့ အဝင်အထွက်နေရာများကို ထိန်းချုပ်ထားပြီး မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေရာ ပြည်သူလူထု လုံခြုံဘေးကင်းစေရေးအတွက် မိမိနေအိမ်များကို ပြန်လည်ဝင်ရောက်နေထိုင်ခြင်းများ မပြုလုပ်သေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *