မျက်နှာချင်းဆိုင် ဒဲ့ဖြတ်တာ

တောင်သာမြို့နယ်တွင် ဆိုင်ကယ်စီး ရဲနှစ်ဦး ပစ်သတ်ခံရ

−−−−−−−−−−−−−−−−−−−−−−−−−

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ဒီဇင်ဘာ ၃၁ နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာသည့် ရဲနှစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

ကျောဇီတိုက်နယ်ရဲစခန်းမှ ရဲတပ်ကြပ်ဝင်းသိန်းနှင့် ရဲတပ်သားတစ်ဦးတို့ မြင်းခြံ-ညောင်းဦး ကားလမ်းအတိုင်း အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာစဉ် ကန်တော်ရွာမရွာအနီးတွင် ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးမတော် (PDF) မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က ကင်းပတ်တာ၊ စစ်ဆင်ရေးလုပ်တာမဟုတ်ဘူး။ (လကုန်ရက်) ရဲထုံးစံအတိုင်း လိုင်းကြေးကောက်ပြီး ပြန်လာတာပေါ့။ အဲဒီမှာ မျက်နှာချင်းဆိုင် တွေ့ပြီးတော့ ပစ်ခတ်လိုက်တာ။ သူတို့မှာတော့ သေနတ်ပါမလာဘူး” ဟု ထိုတာဝန်ရှိသူက ပြောသည်။

ထိုပစ်ခတ်မှုအတွင်း ရဲနှစ်ဦးလည်း ပွဲချင်းပြီးသေဆုံးပြီး စီးလာသည့်ဆိုင်ကယ်မှာ ကားလမ်းဘေး မြောင်းဘေး ထိုးကျသွားကာ ၎င်းတို့ထံမှ လက်ပစ်ဗုံးတစ်လုံး၊ ငွေကျပ်တစ်သိန်း၊ ရဲဝန်ထမ်းကတ်နှင့် နိုင်ငံသားကတ်တချို့ သိမ်းဆည်းရရှိကြောင်း ၎င်းက ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar Now က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

အာဏာသိမ်းပြီးနောက် တောင်သာမြို့နယ်အတွင်း ကျယ်ပြန့်လာသည့် လောင်းစားလုပ်ငန်းအတွက် လိုင်းကြေးယူခွင့်ပြုပေးနေသည့် ရဲတပ်ဖွဲ့ဝင်များကို PDF က နှိမ်နင်းသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီမှ အမည်မဖော်လိုသည့် တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

“လူထုကို အကြောင်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်နေတဲ့အပိုင်းတွေ အများကြီးတွေ့နေရတယ်။ ဒုစရိုက်မှုတွေ တိုးပွားလာအောင် လုပ်တာမှန်သမျှကို စစ်ကောင်စီအပါဝင် သူ့ရဲ့ထောက်တိုင်တွေပါ မချန်ဘူး။ ဒါက နှိမ်နင်းရမယ့်အချိန်ပဲ” ဟု ၎င်းက ဆိုသည်။

ထိုပစ်ခတ်မှုဖြစ်ပြီးနောက် မြင်းခြံ-ညောင်ဦးလမ်းတစ်လျှောက် လုံခြုံရေးတိုးချထားသည်ကို တွေ့ရပြီး ဒေသခံများ ဖမ်းဆီးစစ်ဆေးခံမှုမရှိကြောင်း ဒေသအခြေအနေကို သိရှိသည့် ၎င်းက ဆိုသည်။

တောင်သာတွင် စစ်ကောင်စီကလည်း လုံခြုံရေးစိုးမိုးနိုင်ရန် ကြိုးစားနေပြီး PDF တပ်ဖွဲ့ဝင်များ မခိုအောင်းနိုင်ရန်ဟုဆိုကာ တောတောင်စိုက်ပျိုးမြေများတွင် ညအိပ်ညနေ နေထိုင်ခွင့်ပိတ်ထားသည်၊ တောတိုက်နယ်ဟု ခေါ်သည့်၊ အမည်ပေါက်ရွာမဟုတ်သည့် နေရာများတွင် နေထိုင်သူများကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့်နှစ်အတွင်း အတင်းအကျပ် မောင်းထုတ်ခဲ့သည်။

ေတာင္သာၿမိဳ႕နယ္တြင္ ဆိုင္ကယ္စီး ရဲႏွစ္ဦး ပစ္သတ္ခံရ
−−−−−−−−−−−−−−−−−−−−−−−−−
မႏၲေလးတိုင္း၊ ျမင္းၿခံခ႐ိုင္၊ ေတာင္သာၿမိဳ႕နယ္တြင္ ဒီဇင္ဘာ ၃၁ ေန႔လယ္ပိုင္းက ဆိုင္ကယ္စီးလာသည့္ ရဲႏွစ္ဦး ပစ္သတ္ခံရေၾကာင္း သိရသည္။
ေက်ာဇီတိုက္နယ္ရဲစခန္းမွ ရဲတပ္ၾကပ္ဝင္းသိန္းႏွင့္ ရဲတပ္သားတစ္ဦးတို႔ ျမင္းၿခံ-ေညာင္းဦး ကားလမ္းအတိုင္း အရပ္ဝတ္ျဖင့္ ဆိုင္ကယ္စီးလာစဥ္ ကန္ေတာ္႐ြာမ႐ြာအနီးတြင္ ပစ္ခတ္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးမေတာ္ (PDF) ျမင္းၿခံခ႐ိုင္ အမွတ္ (၃) တပ္ရင္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။
“သူတို႔က ကင္းပတ္တာ၊ စစ္ဆင္ေရးလုပ္တာမဟုတ္ဘူး။ (လကုန္ရက္) ရဲထုံးစံအတိုင္း လိုင္းေၾကးေကာက္ၿပီး ျပန္လာတာေပါ့။ အဲဒီမွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ၿပီးေတာ့ ပစ္ခတ္လိုက္တာ။ သူတို႔မွာေတာ့ ေသနတ္ပါမလာဘူး” ဟု ထိုတာဝန္ရွိသူက ေျပာသည္။
ထိုပစ္ခတ္မႈအတြင္း ရဲႏွစ္ဦးလည္း ပြဲခ်င္းၿပီးေသဆုံးၿပီး စီးလာသည့္ဆိုင္ကယ္မွာ ကားလမ္းေဘး ေျမာင္းေဘး ထိုးက်သြားကာ ၎တို႔ထံမွ လက္ပစ္ဗုံးတစ္လုံး၊ ေငြက်ပ္တစ္သိန္း၊ ရဲဝန္ထမ္းကတ္ႏွင့္ ႏိုင္ငံသားကတ္တခ်ိဳ႕ သိမ္းဆည္းရရွိေၾကာင္း ၎က ဆိုသည္။
ယခုျဖစ္စဥ္ႏွင့္ပတ္သက္၍ Myanmar Now က သီးျခားအတည္မျပဳႏိုင္ေသးသလို စစ္ေကာင္စီက သတင္းထုတ္ျပန္ျခင္းမရွိေသးပါ။
အာဏာသိမ္းၿပီးေနာက္ ေတာင္သာၿမိဳ႕နယ္အတြင္း က်ယ္ျပန႔္လာသည့္ ေလာင္းစားလုပ္ငန္းအတြက္ လိုင္းေၾကးယူခြင့္ျပဳေပးေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို PDF က ႏွိမ္နင္းသည့္လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ေတာင္သာၿမိဳ႕နယ္လူထုလႈပ္ရွားမႈေကာ္မတီမွ အမည္မေဖာ္လိုသည့္ တာဝန္ရွိသူအမ်ိဳးသားတစ္ဦးက ေျပာသည္။
“လူထုကို အေၾကာင္းမ်ိဳးစုံနဲ႔ ေခါင္းပုံျဖတ္ေနတဲ့အပိုင္းေတြ အမ်ားႀကီးေတြ႕ေနရတယ္။ ဒုစ႐ိုက္မႈေတြ တိုးပြားလာေအာင္ လုပ္တာမွန္သမွ်ကို စစ္ေကာင္စီအပါဝင္ သူ႔ရဲ႕ေထာက္တိုင္ေတြပါ မခ်န္ဘူး။ ဒါက ႏွိမ္နင္းရမယ့္အခ်ိန္ပဲ” ဟု ၎က ဆိုသည္။
ထိုပစ္ခတ္မႈျဖစ္ၿပီးေနာက္ ျမင္းၿခံ-ေညာင္ဦးလမ္းတစ္ေလွ်ာက္ လုံၿခဳံေရးတိုးခ်ထားသည္ကို ေတြ႕ရၿပီး ေဒသခံမ်ား ဖမ္းဆီးစစ္ေဆးခံမႈမရွိေၾကာင္း ေဒသအေျခအေနကို သိရွိသည့္ ၎က ဆိုသည္။
ေတာင္သာတြင္ စစ္ေကာင္စီကလည္း လုံၿခဳံေရးစိုးမိုးႏိုင္ရန္ ႀကိဳးစားေနၿပီး PDF တပ္ဖြဲ႕ဝင္မ်ား မခိုေအာင္းႏိုင္ရန္ဟုဆိုကာ ေတာေတာင္စိုက္ပ်ိဳးေျမမ်ားတြင္ ညအိပ္ညေန ေနထိုင္ခြင့္ပိတ္ထားသည္၊ ေတာတိုက္နယ္ဟု ေခၚသည့္၊ အမည္ေပါက္႐ြာမဟုတ္သည့္ ေနရာမ်ားတြင္ ေနထိုင္သူမ်ားကိုလည္း စစ္ေကာင္စီက ၿပီးခဲ့သည့္ႏွစ္အတြင္း အတင္းအက်ပ္ ေမာင္းထုတ္ခဲ့သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *