ပျော်လိုက်တော့ မိုင်းငေါ့မြို့ ဆို့အောက်

ရှမ်းမြောက်က ၆ မြို့ ထိ သိမ်းပိုက် ထားနိုင်တဲ့ TNLAနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့
ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်းတပ်မတော်TNLA သိမ်းပိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန်ခွာ၍ ထွက်ပြေး
၁၊ ဇန်နဝါရီ ၂၀၂၄
ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို TNLA က ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ရောက်ချိန်မှာတော့ စစ်ကောင်စီတပ်စခန်းတစ်ခုလုံး ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
မနေ့မနက်အစောပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမှတ် ၂ ဈေးရပ်ကွက်မှာရှိတဲ့ မီးသတ်စခန်းနဲ့ စည်ပင်ရုံးအပါအဝင် ဈေးဆိုင်တချို့မီးလောင်ခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်းပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မတွေ့ရပါဘူးလိုဆိုပါတယ်။
မိုင်းငေါ့မှာ စစ်ကောင်စီရဲ့ ဗျူဟာအမှတ် (၁၀၁၁)က အခြေချနေထိုင်တဲ့မြို့ဖြစ်ပြီး ရဟတ်ယာဉ်ကွင်းလည်း ရှိထားပါတယ်။
၃ ပတ်နီးပါးအတွင်း တအာင်းဒေသ မန်တုံနဲ့ နမ့်ဆန်အပါအဝင် ရှမ်းမြောက် နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ် မိုင်းလုံမြို့နဲ့ မိုင်းငေါ့မြို့ကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပါတယ်လို့လေး သိရပါတယ်။

ရွမ္းေျမာက္က ၆ ျမိဳ႕ ထိ သိမ္းပိုက္ ထားႏိုင္တဲ႔ TNLAႏွင္႔ မဟာမိတ္ပူးေပါင္းအဖဲြ႔
ရွမ္းေျမာက္ ေက်ာက္မဲျမိဳ႕နယ္ မိုင္းေငါ႔ျမိဳ႕ကို တအာင္းတပ္မေတာ္TNLA သိမ္းပိုက္ စစ္ေကာင္စီတပ္ဖဲြ႔ဝင္မ်ား စခန္းစြန္ခြာ၍ ထြက္ေျပး
၁၊ ဇန္နဝါရီ ၂၀၂၄
ရွမ္းေျမာက္ ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ၿမိဳ႕ကို TNLA က ယမန္ေန႔ ဒီဇင္ဘာ ၃၁ ရက္မွာ စတင္ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ၿပီး ညေနပိုင္း ေရာက္ခ်ိန္မွာေတာ့ စစ္ေကာင္စီတပ္စခန္းတစ္ခုလုံး ထြက္ေျပးသြားခဲ့တာ ျဖစ္တယ္လို႔သိရပါတယ္။
မေန႔မနက္အေစာပိုင္းမွာ စစ္တပ္ရဲ့ ေလေၾကာင္း တိုက္ခိုက္မွုေၾကာင့္ အမွတ္ ၂ ေစ်းရပ္ကြက္မွာရွိတဲ့ မီးသတ္စခန္းနဲ႔ စည္ပင္႐ုံးအပါအဝင္ ေစ်းဆိုင္တခ်ိဳ့မီးေလာင္ခဲ့ၿပီး ေနအိမ္ ၅ လုံးထက္မနည္းပ်က္စီးခဲ့ၿပီး လူထိခိုက္မွုေတာ့ မေတြ႕ရပါဘူးလိုဆိုပါတယ္။
မိုင္းေငါ့မွာ စစ္ေကာင္စီရဲ့ ဗ်ဴဟာအမွတ္ (၁၀၁၁)က အေျခခ်ေနထိုင္တဲ့ၿမိဳ့ျဖစ္ၿပီး ရဟတ္ယာဥ္ကြင္းလည္း ရွိထားပါတယ္။
၃ ပတ္နီးပါးအတြင္း တအာင္းေဒသ မန္တုံနဲ႔ နမ့္ဆန္အပါအဝင္ ရွမ္းေျမာက္ နမၼတူ၊ မန္တုံ၊ နမ့္ဆန္၊ ေက်ာက္မဲၿမိဳ့နယ္ မိုင္းလုံၿမိဳ့နဲ႔ မိုင္းေငါ့ၿမိဳ့ကို TNLA နဲ႔ ပူးေပါင္းတပ္ဖြဲ႕က သိမ္းပိုက္ထားၿပီ ျဖစ္ပါတယ္။
လက္ရွိမွာလည္း ရွမ္းေျမာက္ ကြတ္ခိုင္ၿမိဳ့ကို TNLA နဲ႔ ပူးေပါင္းတပ္က ထိုးစစ္ဆင္တိုက္ခိုက္ေနၿပီး ၿမိဳ့သိမ္းတိုက္ပြဲ ဆင္ႏႊဲေနပါတယ္လို႔ေလး သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *