ဘောလီဘောလို ဟိုပုတ်လိုက်ဒီပုတ်လိုက်(ရုပ်သံ)

အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မြန်မာနိုင်ငံသို့ ပြန်လည်လွဲှပြောင်းရန် အိန္ဒိယဘက်ကစီစဉ်နေ
၁ ဇန္နဝါရီ ၂၀၂၄

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်


၂၀၂၃ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက မြန်မာ အိန္ဒိယ နယ်စပ်ပွိုင့် ၃၇၇ စခန်းကုန်းကို ရခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့သည် အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးခဲ့ကြပါတယ်။
မီဇိုရမ်ပြည်နယ် လောင်တလှိုင်ခရိုင် တွီဆဲန်းကျေးရွာဘက်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့က အင်အား ၈၃ဦးခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ၎င်းတို့ကို အိန္ဒိယ စစ်တပ်က အာသံရိုင်ဖယ်တပ်ရင်းမှ တစ်ဆင့် လေးလေမြို့ကိုပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။
ယခင်က စစ်ကောင်စီတပ်စခန်းမှ ပြေးလာသည့် စစ်ကောင်စီ တပ်သား ၆၈ဦး ရှိပြီး ယခုအခါ စုစုပေါင်း ၁၅၁ဦး ခန့်ရှိနေပြီး ဆိုပါစစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အာသံရိုင်ဖယ်ဗဟိုအစိုးရစစ်တပ်က ထိမ်းသိမ်းစောင့်ရှောက်ထားကာ မြန်မာနိုင်ငံသို့လွဲှပြောင်းရန် ယခုရက်ပိုင်း အိန္ဒိယအစိုးရ စီစဉ်နေတယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် အိန္ဒိယဘက်ကစီစဉ်နေ
၁ ဇန္နဝါရီ ၂၀၂၄
ယခင်က စစ်ကောင်စီတပ်စခန်းမှ ပြေးလာသည့် စစ်ကောင်စီ တပ်သား ၆၈ဦး ရှိပြီး ယခုအခါ စုစုပေါင်း ၁၅၁ဦး ခန့်ရှိနေပြီး ဆိုပါစစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အာသံရိုင်ဖယ်ဗဟိုအစိုးရစစ်တပ်က ထိမ်းသိမ်းစောင့်ရှောက်ထားကာ မြန်မာနိုင်ငံသို့လွှဲပြောင်းရန် ယခုရက်ပိုင်း အိန္ဒိယအစိုးရ စီစဉ်နေတယ်လို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *