အမျိုးမျိုးကိုဆော်ခံနေရတဲ့ခဝေးတပ်

တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅နာရီ နှင့် ညနေ ၅နာရီ ၃၀မိနစ် အချိန်တို့တွင် တန့်ဆည် PDF ရွှေဘိုခရိုင် အမှတ်၇ တပ်ရင်း လက်နက်ကြီးတပ်ဖွဲ့က အဆင့်မြှင့်တင်ထားသော ရှော့တိုက်ဒုံး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။
“မနေ့က ဒရုန်းနဲ့ ရဲစခန်းထဲကို ဗုံးသီးနှစ်လုံးချခဲ့တယ်။ ဒီနေ့တော့ ရှော့တိုက်ဒုံးနဲ့ ပစ်တာ။ ပထမတစ်လုံးက ထွေအုပ်ရုံးထဲကိုကျတယ်၊ ဒုတိယ တစ်လုံးက ရဲစခန်းထဲကို ကျတာ။ အထိအခိုက်များတယ်လို့ သိရတယ်” ဟု ပြောသည်။
အဆိုပါ ရှော့တိုက်ဒုံး တစ်လုံးလျှင် ငွေကျပ် ၁သိန်းခွဲခန့် ကျသင့်ပြီး PDF ရဲဘော်များ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် ရန်သူ့ပစ်မှတ်ကို ၂ မိုင်အကွာမှ တိုက်ခိုက်နိုင်ကြောင်း၊ ရှော့တိုက်ဒုံးများ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ရွှေဘိုခရိုင် အမှတ်၇တပ်ရင်း၏ NUG pay account ဖြစ်သည့် P12907.mod*nugpay.app သို့ ပါဝင်ကူညီနိုင်ကြောင်း သိရသည်။

တန႔္ဆည္ၿမိဳ႕ေပၚရွိ ရဲစခန္း၊ ေထြအုပ္႐ုံးႏွင့္ စစ္ေကာင္စီတပ္စခန္းမ်ားကို ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ စစ္သား ၃ ဦးထက္မနည္း ေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁
စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္ အေျခစိုက္စခန္းမ်ားကို ေရွာ့တိုက္ဒုံး မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ၿမိဳ႕မရဲစခန္းႏွင့္ ေထြအုပ္႐ုံးထဲသို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး စစ္ေကာင္စီတပ္သား ၃ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း သိရသည္။
ဇန္နဝါရီလ ၁ ရက္ေန႔ ညေန ၅နာရီ ႏွင့္ ညေန ၅နာရီ ၃၀မိနစ္ အခ်ိန္တို႔တြင္ တန႔္ဆည္ PDF ေ႐ႊဘိုခ႐ိုင္ အမွတ္၇ တပ္ရင္း လက္နက္ႀကီးတပ္ဖြဲ႕က အဆင့္ျမႇင့္တင္ထားေသာ ေရွာ့တိုက္ဒုံး ၂လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း PDF ရဲေဘာ္တစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္းဌာနသို႔ေျပာဆိုသည္။
“မေန႔က ဒ႐ုန္းနဲ႔ ရဲစခန္းထဲကို ဗုံးသီးႏွစ္လုံးခ်ခဲ့တယ္။ ဒီေန႔ေတာ့ ေရွာ့တိုက္ဒုံးနဲ႔ ပစ္တာ။ ပထမတစ္လုံးက ေထြအုပ္႐ုံးထဲကိုက်တယ္၊ ဒုတိယ တစ္လုံးက ရဲစခန္းထဲကို က်တာ။ အထိအခိုက္မ်ားတယ္လို႔ သိရတယ္” ဟု ေျပာသည္။
အဆိုပါ ေရွာ့တိုက္ဒုံး တစ္လုံးလွ်င္ ေငြက်ပ္ ၁သိန္းခြဲခန႔္ က်သင့္ၿပီး PDF ရဲေဘာ္မ်ား ေဘးအႏၲရာယ္ကင္းရွင္းစြာႏွင့္ ရန္သူ႔ပစ္မွတ္ကို ၂ မိုင္အကြာမွ တိုက္ခိုက္ႏိုင္ေၾကာင္း၊ ေရွာ့တိုက္ဒုံးမ်ား ပိုမိုထုတ္လုပ္ႏိုင္ရန္အတြက္ ေ႐ႊဘိုခ႐ိုင္ အမွတ္၇တပ္ရင္း၏ NUG pay account ျဖစ္သည့္ P12907.mod*nugpay.app သို႔ ပါဝင္ကူညီႏိုင္ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *