သူတို့ဘဝက ခိုးမှစားရမဲ့ဘဝ

ရေဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူပိုင် ဆန်အိတ်များကို ခိုးယူရန် လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်၊ ရေတာရှည်မြို့နယ်တွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူပိုင် ဆန်အိတ်များကို ခိုးယူရန် လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူပိုင် ဆန်အိတ်များကို ခိုးယူရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရေဦးမြို့နှင့် မုတ်စီရွာ အကြားရှိ နံပါတ် ၄ မူးဘောင် အနီးတွင် မိုင်း ၅ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာလေးရွာ၊ ကုက္ကိုစုရွာနှင့် မူးသာကုန်ရွာရှိ ပြည်သူပိုင် နေအိမ်များမှ ဆန်အိတ်များကို ရေဦးမြို့ဘက်သို့ ခိုးယူသွားပြီး လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာလေးရွာနှင့် ကုက္ကိုစုရွာတို့၌ ရှိနေသေးကြောင်း သိရှိရသည်။

” အကြမ်းဖက် စစ်ခွေးတွေက တစ်နေကုန် ရွာသာလေးရွာ၊ ကုက္ကိုစုရွာနဲ့ မူးသာကုန်းရွာတို့က ပြည်သူပိုင် ဆန်အိတ်တွေကို ရေဦးကို ခိုးယူ သယ်ထုတ်နေတာ ဒီစစ်ခွေးကြောင်းက နယ်မြေရှင်းလင်းရေးမဟုတ်ဘဲ မြို့ပေါ် ရိက္ခာရှာသက်သက်ထိုးလာတဲ့ စစ်ကြောင်းပါ။ အခုလောလော ဆယ်တော့ ဆန်အိတ် ဘယ်လောက် ခိုးယူသွားတယ်ဆိုတာ မသိရသေးဘူး။ ခွေးတွေက ရွာသာလေး၊ ကုက္ကိုစုဘက်မှာပဲရှိသေးတယ်။ ရေဦးမြို့တွင်း ပြန်မဝင်သေးဘူး။ လက်ရှိတော့ ရွာထဲကနေထမ်းပြီး အဆင့်ဆင့် ခိုးသယ်ထုတ်နေကြတုန်းပဲ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သဖန်း ဇင် ကျေးရွာ အနီးတွင် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာ၊ ကွမ်းအုံကျေးရွာတို့မှ တဆင့် သဖန်းဇင်ကျေးရွာဘက်သို့ ဝင်ရောက်လာသော အင် အား ၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင် စီတပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့် ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းအကြမ်း ဖက်စစ်ကြောင်းသည် ရွှေကဇောင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးလက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်တောင်းမြစ်ဘေးရှိ ပြည်သူပိုင် ကြံခင်း ၅ ဧက ခန့် မီးလောင်ပျက်စီး ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ေရဦးၿမိဳ႕နယ္ရွိ ေက်း႐ြာ ၃ ႐ြာမွ ျပည္သူပိုင္ ဆန္အိတ္မ်ားကို ခိုးယူရန္ လာသည့္ စစ္ေၾကာင္းကို မိုင္းဆြဲ တိုက္ခိုက္၊ ေရတာရွည္ၿမိဳ႕နယ္တြင္လည္း စစ္ေၾကာင္းကို မိုင္းဆြဲ တိုက္ခိုက္
ရန္ကုန္၊ ဇန္နဝါရီ ၂
စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္ရွိ ေက်း႐ြာ ၃ ႐ြာမွ ျပည္သူပိုင္ ဆန္အိတ္မ်ားကို ခိုးယူရန္ လာသည့္ စစ္ေၾကာင္းကို မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း ေရဦးအေျချပဳ People’s Defense Comrade ျပန္ၾကားေရးတာဝန္ခံ ထူးခန္႔ေဇာ္ (အေမ့သား) က ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ဇန္နဝါရီလ ၂ ရက္ေန႔ နံနက္ပိုင္းတြင္ ေရဦးၿမိဳ႕နယ္ရွိ ေက်း႐ြာ ၃ ႐ြာမွ ျပည္သူပိုင္ ဆန္အိတ္မ်ားကို ခိုးယူရန္ လာသည့္ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ေရဦးၿမိဳ႕ႏွင့္ မုတ္စီ႐ြာ အၾကားရွိ နံပါတ္ ၄ မူးေဘာင္ အနီးတြင္ မိုင္း ၅ ႀကိမ္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့​ၿပီး စစ္ေကာင္စီ တပ္သားမ်ား ထိခိုက္ေသဆုံးမႈ ရွိမရွိကို အတည္မျပဳႏိုင္ေသးေၾကာင္း သိရသည္။
မိုင္းဆြဲ တိုက္ခိုက္ခံရၿပီးေနာက္ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ ႐ြာသာေလး႐ြာ၊ ကုကၠိဳစု႐ြာႏွင့္ မူးသာကုန္႐ြာရွိ ျပည္သူပိုင္ ေနအိမ္မ်ားမွ ဆန္အိတ္မ်ားကို ေရဦးၿမိဳ႕ဘက္သို႔ ခိုးယူသြားၿပီး လက္ရွိခ်ိန္ထိ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ ႐ြာသာေလး႐ြာႏွင့္ ကုကၠိဳစု႐ြာတို႔၌ ရွိေနေသးေၾကာင္း သိရွိရသည္။
” အၾကမ္းဖက္ စစ္ေခြးေတြက တစ္ေနကုန္ ႐ြာသာေလး႐ြာ၊ ကုကၠိဳစု႐ြာနဲ႔ မူးသာကုန္း႐ြာတို႔က ျပည္သူပိုင္ ဆန္အိတ္ေတြကို ေရဦးကို ခိုးယူ သယ္ထုတ္ေနတာ ဒီစစ္ေခြးေၾကာင္းက နယ္ေျမရွင္းလင္းေရးမဟုတ္ဘဲ ၿမိဳ႕ေပၚ ရိကၡာရွာသက္သက္ထိုးလာတဲ့ စစ္ေၾကာင္းပါ။ အခုေလာေလာ ဆယ္ေတာ့ ဆန္အိတ္ ဘယ္ေလာက္ ခိုးယူသြားတယ္ဆိုတာ မသိရေသးဘူး။ ေခြးေတြက ႐ြာသာေလး၊ ကုကၠိဳစုဘက္မွာပဲရွိေသးတယ္။ ေရဦးၿမိဳ႕တြင္း ျပန္မဝင္ေသးဘူး။ လက္ရွိေတာ့ ႐ြာထဲကေနထမ္းၿပီး အဆင့္ဆင့္ ခိုးသယ္ထုတ္ေနၾကတုန္းပဲ” ဟု ေရဦးအေျချပဳ People’s Defense Comrade ျပန္ၾကားေရးတာဝန္ခံ ထူးခန္႔ေဇာ္ (အေမ့သား) ကေျပာဆိုသည္။
အလားတူ ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ေရတာရွည္ၿမိဳ႕နယ္၊ စစ္ေတာင္းျမစ္အေနာက္ဘက္ကမ္းရွိ သဖန္း ဇင္ ေက်း႐ြာ အနီးတြင္ စစ္ တပ္စစ္ေၾကာင္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၄ ဦး ထက္ မနည္း ထိခိုက္ဒဏ္ရာရရွိ ခဲ့ေၾကာင္း ပုဝါနီစစ္ေၾကာင္းထံမွ သိရသည္။
ဇန္နဝါရီလ ၁ ရက္ မြန္းလြဲ ၁ နာရီ မိနစ္ ၄၀ ခန႔္က ေရတာရွည္ၿမိဳ႕နယ္၊ စစ္ေတာင္းျမစ္ဘက္ကမ္းရွိ ဒိုးတန္းေက်း႐ြာ၊ ကြမ္းအုံေက်း႐ြာတို႔မွ တဆင့္ သဖန္းဇင္ေက်း႐ြာဘက္သို႔ ဝင္ေရာက္လာေသာ အင္ အား ၅၀ ခန႔္ပါ စစ္တပ္စစ္ေၾကာင္းကို မိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ေကာင္ စီတပ္သား ၄ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ပုဝါနီစစ္ေၾကာင္း ေျပာက္က်ားပြိဳင့္ ရဲေဘာ္မ်ားက တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း၊ ယင္းအၾကမ္း ဖက္စစ္ေၾကာင္းသည္ ေ႐ႊကေဇာင္းေက်း႐ြာဘက္သို႔ ျပန္လည္ဆုတ္ခြာသြားခဲ့ၿပီးလက္နက္ႀကီးမ်ား ျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ရာ စစ္ေတာင္းျမစ္ေဘးရွိ ျပည္သူပိုင္ ႀကံခင္း ၅ ဧက ခန႔္ မီးေလာင္ပ်က္စီး ခဲ့ေၾကာင္း ပုဝါနီစစ္ေၾကာင္းက ထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *