ကွတ်ခိုင်နှင့် နောင်ချိုနောက်ဆုံးရသတင်း

ကွတ်ခိုင်နှင့် နောင်ချိုတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့်နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ အလားတူ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA ၊ MDY PDF ပူး ပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာ၊ ပန်ခေါ်ကျေးရွာ၊ ၁၀မိုင်ကုန်းကို လက်နက်ကြီးဖြင့် ၃၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားရာ သံဘိုကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်မြို့တွင်း၊ တုံဆင်လေးကျေးရွာ၊ အမှတ် ၈ ရပ်ကွက်နှင့် ရဲစခန်း တို့ကို စစ်ကောင်စီတပ်က Y12 ဖြင့် ၂ ကြိမ်၊ Jet Fighter ဖြင့် ၃ ကြိမ် ဗုံး ၉ လုံးနှင့် ပေါင် ၅၀၀ ဗုံး သီး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။

ကြတ္ခိုင္ႏွင့္ ေနာင္ခ်ိဳတို႔တြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး စစ္တပ္က ေက်း႐ြာမ်ားကို ေလေၾကာင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္မွတ္ထား တိုက္ခိုက္
ရန္ကုန္၊ ဇန္နဝါရီ ၂
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ေနာင္ခ်ိဳၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနၿပီး အၾကမ္းဖက္ စစ္တပ္က ျပည္သူမ်ား ေနထိုင္ရာ ေက်း႐ြာမ်ားကို ေလေၾကာင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္မွတ္ထား တိုက္ခိုက္ခဲ့ေၾကာင္း TNLA သတင္းႏွင့္ျပန္ၾကားေရးဌာနထံမွ သိရသည္။
ယေန႔ ဇန္နဝါရီလ ၂ ရက္ေန႔တြင္ ကြတ္ခိုင္ၿမိဳ႕ရွိ စစ္ေကာင္စီတပ္စခန္းကို တအာင္းတပ္မေတာ္ PSLF/TNLA မွ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ တိုက္ပြဲ ျပင္းထန္ခဲ့ေၾကာင္း၊ အလားတူ ေနာင္ခ်ိဳၿမိဳ႕နယ္၊ သံဘိုေက်း႐ြာတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ တအာင္းတပ္မေတာ္ PSLF/TNLA ၊ MDY PDF ပူး ေပါင္းတပ္ဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
လားရႈိးၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္တပ္က အီႏိုင္းေက်း႐ြာ၊ ပန္ဟုံေက်း႐ြာ၊ ပန္ေခၚေက်း႐ြာ၊ ၁၀မိုင္ကုန္းကို လက္နက္ႀကီးျဖင့္ ၃၉ ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အျပင္ ေနာင္ခ်ိဳၿမိဳ႕နယ္ တိုက္ပြဲျဖစ္ပြားရာ သံဘိုေက်း႐ြာကိုလည္း စစ္ေကာင္စီတပ္မွ Jet Fighter ျဖင့္ ၃ ႀကိမ္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ ေၾကာင္း သိရသည္။
ထို႔ျပင္ ကြတ္ခိုင္ၿမိဳ႕နယ္ ကြတ္ခိုင္ၿမိဳ႕တြင္း၊ တုံဆင္ေလးေက်း႐ြာ၊ အမွတ္ ၈ ရပ္ကြက္ႏွင့္ ရဲစခန္း တို႔ကို စစ္ေကာင္စီတပ္က Y12 ျဖင့္ ၂ ႀကိမ္၊ Jet Fighter ျဖင့္ ၃ ႀကိမ္ ဗုံး ၉ လုံးႏွင့္ ေပါင္ ၅၀၀ ဗုံး သီး ၂ လုံး လာေရာက္ က်ဲခ် တိုက္ခိုက္ခဲ့ေၾကာင္း TNLA သတင္းႏွင့္ျပန္ၾကားေရးဌာနက ထုတ္ ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *