AAညီနောင်တွေသိမ်းလိုက်ပြန်ပြီ

ပလက်ဝရှိ စစ်ကောင်စီ၏ ခမောင်းဝစခန်းအား AA သိမ်းပိုက်

ဇန်နဝါရီ ၃ ရက်

▪️တင်းမဗျူဟာမကျရေး စစ်ကောင်စီတပ်က လေကြောင်း

အတွဲလိုက်ဒုံးများသုံး ခုခံကာကွယ်နေဟု ညီနောင်သုံးဖွဲ့ပြော

ချင်းပြည်နယ် ပလက်ဝဒေသအတွင်းရှိ ခမောင်းဝစခန်းအား ရက္ခိုင့်တပ်‌တော် (AA)သည် ယမန်နေ့( ဇန်နဝါရီ

၂ရက်)တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်သည်။

ထို့အတူ လက်နက်ချအညံ့မခံသေးသော စခန်းကြီး၊ ငယ်များနှင့် တစ်ဝက်တစ်ပျက် (သို့) အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမည်ဟု လည်း အသိပေးသည်။

ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီအခြေချ တောင် ရှည်တောင် ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA)မှ အလုံးစုံသိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက စခန်းမကျရေး ဂျက်ဖိုက်တာ (၂)စီးဖြင့် လေကြောင်းမှ အပြင်းအထန်ခုခံကာကွယ်နေရကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ကျောက်တော်အခြေစိုက်စခန်းများမှလည်း အတွဲလိုက်ဒုံးအမြောက်အမြားသုံးကာ ခုခံကာကွယ်တိုက်ခိုက်လျက် ရှိသည်ဟု ဖော်ပြသည်။

AA က တင်းမဗျူဟာကုန်းရရှိရေး ၂၀၂၃ ဒီဇင်ဘာ ၂၅ရက်ကတည်းက ထိုးစစ်ဆင် နေခြင်းဖြစ်ပြီး ဗျုဟာကုန်းအနီး ကာကင်းများကို AAက သိမ်းထားပြီးဖြစ်ဟု ရခိုင်ဒေသခံကပြောသည်။

ထို့အပြင် AA ကပလက်ဝမြို့နယ်ရှိ ချင်းလက်ဝစခန်း၊ မီးဝဗျူဟာကုန်းနှင့် ပလက်ဝမြို့၏ အရှေ့မြောက်ဘက် မီတာ (၁၇၀၀) အကွာရှိ ပွိုင့် (၃၁၃) ကုန်းနှင့် ကျောက်တော်မြို့နယ်ရှိတောင်ရှည်တောင်ဗျူဟာကုန်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု ထုတ်ပြန်ထားသည်။ ထို့အပြင် အခြားသော တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် ရန်သူ့စခန်းကုန်းများအားလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်း အသိပေးထားသည်။

မင်းပြား၊ ကျိန်းတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၈၀)၊ ခမရ (၃၇၉)နှင့် ခမရ (၅၄၁) တပ်ရင်းများမှမင်းပြားမြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၃၀)

ထက်မနည်း တမင်တကာ ရည်ရွယ်ချက်ရှိရှိရမ်းကားပစ်ခတ်ခဲ့‌ကြောင်လည်း ယမန်နေ့ (ဇန်နဝါရီ၂ရက်) စစ်ရေး အခြေ

အနေကိုဖော်ပြထားသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ရန်သူ့လက်နက်ကြီးကျည် (၃)လုံးမှာ ပြည်တော်သာရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ် (၃)လုံးနှင့် အခြေခံပညာမူလတန်းကျောင်းမှာ လုံးဝပြိုကျပျက်စီးခဲ့ရဟု သိရသည်။

ထို့အပြင်အခြား လက်နက်ကြီးကျည် (၁)လုံးလည်း မင်းပြားမြို့မစျေးမထဲသို့ ကျရောက်‌ပေါက်ကွဲခဲ့၍ ဆိုင်ခန်းအချို့မှာလည်း ပြိုကျပျက်စီးခဲ့ရကြောင်း၊ ထို့အပြင် မင်းပြားဆေးရုံကြီးအနီးသာမက ကျီးဖြူကျေးရွာအတွင်းလည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက် ကွဲခဲ့သဖြင့် သစ်ပင်ကြီးများပါ ကျိုးပဲ့၊ ပိုင်းပြတ်ကာ ပျက်စီးဆုံးရှုံးမှုအချို့ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာသို့ အကြမ်းဖက်စစ်ကောင်စီမှ လူမဆန်စွာ ဒရုန်းဖြင့် Drop Bomb များ (၃)ကြိမ်တိုင်တိုင် တမင်တကာ လာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၃) နှစ်အရွယ် ကလေးငယ်(ကျား) တစ်ဦးနှင့် အသက် (၂၂) နှစ်အရွယ်ယောကျာ်းလေး တစ်ဦးတို့ ထိမှန်သေဆုံးခဲ့ရသည် အသိပေးသည်။

ထို့အတူ ဒေသခံအမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရကြောင်းထုတ်ပြန်

သည်။

ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြေပုံမြို့နှင့် စစ်တွေမြို့များတွင် စစ်ကောင်စီသည် ယခုနှစ်သစ်ကာလ ပထမရက်သတ္တတစ်ပတ်များတွင်လည်း ယခင်ရက်များနည်းတူ စစ်ရေးအင်အား ကြိုတင်ပြင်ဆင်မှုများကို ပိုမို ချဲ့ထွင်လာသည်ကို တွေ့ရှိနေရသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့အတွင်းသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့တွင်းရှိ လူနေအိမ်အချို့မှာလည်း မီးလောင်ပျက်စီးမှုများရှိခဲ့သည်ဟု အသိ

ပေးသည်။

ထို့အပြင် ကိုးကန့်ဒေသအတွင်း တစ်ဝက်တစ်ပျက် သိမ်းပိုက်ရန် ကျန်ရှိသည့် ရန်သူ့စခန်းအချို့မှ တပ်ဖွဲ့ဝင်များသည် လက်နက်ချအညံ့ခံခြင်းမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ အငြိုးအတေးဖြင့် ဆက်လက်ခုခံတိုက်ခိုက် လျက်ရှိသည်ဟု ထုတ်ပြန်သည်။

နှစ်သစ်သို့ကူးပြောင်းသည့် ရက်အတွင်း၌လည်း မူပန် (သိန္နီ) ခရိုင်၊ ကျုံခမ်းရှိ ရန်သူ့တပ်ရင်းမှ အကြွင်းအကျန်အချို့သည် အရပ်သားပြည်သူများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မူပန်မြို့ပြင်၊ ပန်းလော်ဒေသ (တရုတ်ရွာ)ထဲရှိ လူနေအိမ်အား လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကာ အသက် (၁၂) နှစ်အရွယ် ဒေသခံမိန်းကလေးငယ်တစ်ဦးနှင့် ဒေသခံနှစ်ဦးတို့ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြသည်။

(ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ​၏ ခဝဲဗျူစာကုန်းအား သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်များနှင့်အတူတွေ့ရသော AA ရဲဘော်များ။ ဓာတ်ပုံ – AA)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *