ပစ်ချက်တွေလန်းချက်က ကားအစီးလိုက် မွင်းခါးပွဲကြီးပွဲငယ် အကုန်ဂန့်

မုံရွာမြို့နယ်၊ ဆာကျင်းသုဿန် အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆာကျင်းသုဿန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Goldern Eagle Force – Monywa ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က မုံရွာမြို့နယ်၊ ရွာထောင်ရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက မုံရွာ စက်မှုဇုံအတွင်း ကင်းလှည့်ပြီးအပြန် ဆာကျင်းသုဿန်အနီးအရောက် အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးနှင့် တပ်သား ၂ ဦးသေဆုံးပြီး ကားမောင်းသူ စစ်ကောင်စီတပ်သား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးသေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရသူများ ကို နာရေးကား ၂ စီးဖြင့် ချက်ချင်းလာရောက်သယ်ဆောင်သွားပြီး တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စက်မှု အတွင်းသို့ ကားများဖြင့် ကင်းလှည့်ပတ်မှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Goldern Eagle Force – Monywa ၊ Ka Naung Min Thar Gyi (Monywa) ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၄ ၊ တပ်ခွဲ ၁ Spring Dove ၊ ၅/ ဘခက် နှင့် မုံရွာ ဘီလူး မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်နေသော တော်လှန်ရေး ရဲဘော် ၁ ဦး (ပုံအဟောင်းဖြစ်သည်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *