ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေးရှိ စစ်တပ်စခန်းကို TNLA နှင့် PDF ဝင်တိုက်
ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး သံဘိုကျေးရွာရှိ စစ်တပ်ကို နံနက် ၈ နာရီခန့် ဝင်တိုက်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် သုံးကြိမ်လာပစ်ကြောင်း စခန်းရရှိရေး ဆက်တိုက်နေဆဲဖြစ်ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ရုံး တာဝန်ခံက ပြောသည်
“သံဘိုရွာမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုရှိတာပေါ့။ တိုက်ပွဲက…ဖြစ်နေတုန်းပါ။ စခန်းကို ဆက်လက်တိုက်ခိုက်နေတုန်းပါပဲ” ဟု ယင်းတာဝန်ခံက ယနေ့ပြောသည်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့ ၆ မြို့ အပါအဝင် စစ်တပ်စခန်းအမြောက်အမြားကို TNLA က သိမ်းပိုက်ထားသည်
စခန်းများနှင့် မြို့များ လက်လွတ်ဆုံးရှုံးထားသည့် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေရာ ဒေသခံ ထိခိုက်သေဆုံးမှု မြင့်တက်နေသည်
တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ စာရင်းအရ အောက်တိုဘာနောက်ဆုံးပတ်မှ ဒီဇင်ဘာ ၂၇ အထိ ရှမ်းမြောက်ဒေသတွင် ကလေး ၂၈ ဦးနှင့် အမျိုးသမီး ၃၆ ဦးအပါအဝင် အရပ်သား ၁၂၃ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၉ ဦး ရှိသည်
ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေးရှိ စစ်တပ်စခန်းကို TNLA နှင့် PDF ဝင်တိုက်
ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး သံဘိုကျေးရွာရှိ စစ်တပ်ကို နံနက် ၈ နာရီခန့် ဝင်တိုက်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် သုံးကြိမ်လာပစ်ကြောင်း စခန်းရရှိရေး ဆက်တိုက်နေဆဲဖြစ်ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ရုံး တာဝန်ခံက ပြောသည်
“သံဘိုရွာမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုရှိတာပေါ့။ တိုက်ပွဲက…ဖြစ်နေတုန်းပါ။ စခန်းကို ဆက်လက်တိုက်ခိုက်နေတုန်းပါပဲ” ဟု ယင်းတာဝန်ခံက ယနေ့ပြောသည်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့ ၆ မြို့ အပါအဝင် စစ်တပ်စခန်းအမြောက်အမြားကို TNLA က သိမ်းပိုက်ထားသည်
စခန်းများနှင့် မြို့များ လက်လွတ်ဆုံးရှုံးထားသည့် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေရာ ဒေသခံ ထိခိုက်သေဆုံးမှု မြင့်တက်နေသည်
တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ စာရင်းအရ အောက်တိုဘာနောက်ဆုံးပတ်မှ ဒီဇင်ဘာ ၂၇ အထိ ရှမ်းမြောက်ဒေသတွင် ကလေး ၂၈ ဦးနှင့် အမျိုးသမီး ၃၆ ဦးအပါအဝင် အရပ်သား ၁၂၃ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၉ ဦး ရှိသည်