မွှင်းခါး ၁၅ပွဲအဝကြိတ်

ဆင်ပေါင်ဝဲတွင် စစ်သားတင် ကား ၂ စီး အနီးကပ်တိုက်ခိုက်ခံရပြီး ၁၅ဦး သေဆုံးဟုဆို

ဇန်နဝါရီလ ၃ ရက်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ဖောကား ၂ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အနီးကပ် တိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးကြောင်း သရက်ခရိုင် တပ်ရင်း- ၅ က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၂ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံး‌မြောင်ကျေးရွာစစ်ကောင်စီဂိတ်စခန်းမှ ထွက်ခွာလာသော စစ်သား ၆၀ ခန့်ပါ ဖောကား ၂ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဓနုံးမြောင်ရွာနှင့်ကုန်းဘိုရွာကြား၌ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရသည်။

“သူတို့က တောင်တွင်းကြီး ၁၀၃ ခြေမြန်တပ်ရင်းနဲ့ ကပစ-၁၈ ပူးပေါင်းပြီး ပဲခူးရိုးမကို စစ်ကြောင်းထိုးပြီးပြန်လာတာ။အဲ့ဒီအဖွဲ့ကို ကျနော်တို့က အောင်လံမြို့နယ်၊ကရင်မစမ်းနဲ့ပျဥ်ကုန်းရွာကြားမှာ မိုင်းဆွဲလိုက်သေးတယ်။၂ရက်နေ့မှာ ထပ်ပြီးတိုက်တာ မီတာ ၂၀၀အတွင်းပစ်တာ နေရာမှာပဲ ၁၅ ကောင်စလုံးသေတယ်။Fawကားထဲမှာ ကျပ်ပြည့်နေတော့ ပစ်တဲ့အချိန် မှန်တာပဲလေ။မကြာဘူး ၁ မိနစ်လောက်ပဲကြာတယ်။ကျနော်တို့က အပိုင်စီးပစ်ရတာ”ဟု သရက်ခရိုင်တပ်ရင်း-၅ မှ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

ယင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်သားများနှင့်ဒဏ်ရာရရှိသူများကို တောင်တွင်းကြီး အခြေစိုက် ခမရ-၁၀၃ တပ်ရင်းက လာရောက်သယ်ဆောင်သွားပြီး တောင်တွင်းကြီးမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

“စစ်တပ်က ရမ်းပစ်လိုက်လို့ ပြည်သူတစ်ဦး ကျည်ထိမှန်သေးတယ်။ဝမ်းဗိုက်ကို မှန်တာ လို့သိရတယ်။သေတဲ့စစ်သားတွေနဲ့ ဒဏ်ရာရတွေကို တောင်တွင်းကို ပို့တယ်။တောင်တွင်း ကလာသယ်သွားတာ။ဆေးရုံမှာ ၂ ယောက်ထပ်သေတယ်လို့လည်းသိရတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင် တစ်ဦးကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၅ တပ်ရင်း နှင့် ဆင်ပေါင်ဝဲ(ပကဖ)တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *