မိန်းခလေးစခတွေပါထုတ်သုံးနေရပြီ မဟန်တော့ဘူး

မြောင်မြို့ရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီး အာဏာသိမ်းစစ်အုပ်စုအမျိုးသမီးစစ်သည်ငါးဦး သေဆုံး

ဇန်နဝါရီ ၅ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ရဲစခန်းအား ယမန့်နေ့ နေ့လယ် တစ်နာရီခန့်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များက ‌မြောင်မြို့မရဲစခန်းအား ဒရုန်းနှစ်စီးဖြင့် ဗုံးသီး လေးလုံးဖြင့် ကြဲချခဲ့ရာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ စစ်သည်မေငါးဦး သေဆုံးခဲ့သည့်အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်က ဒရုန်းတစ်စီး ဆုံးရှုံးခဲ့ရသည်။

ဒါအပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မြောင်မြို့ရဲစခန်းအား ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်ခဲ့သည်။

ယခု စစ်ဆင်ရေးအား လျှပ်စီးတပ်ခွဲ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ Myaung Revolution Force(MRF)တို့နှင့်အတူ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ေျမာင္ၿမိဳ႕ရဲစခန္းအား ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈ ျဖစ္ပြားၿပီး အာဏာသိမ္းစစ္အုပ္စုအမ်ိဳးသမီးစစ္သည္ငါးဦး ေသဆုံး
ဇန္နဝါရီ ၅ ရက္
စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္ရွိ ရဲစခန္းအား ယမန႔္ေန႔ ေန႔လယ္ တစ္နာရီခန႔္တြင္ ဒ႐ုန္းျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း လွ်ပ္စီးတပ္ခြဲက ယေန႔ညပိုင္းတြင္ သတင္းထုတ္ျပန္ထားပါသည္။
ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားက ‌ေျမာင္ၿမိဳ႕မရဲစခန္းအား ဒ႐ုန္းႏွစ္စီးျဖင့္ ဗုံးသီး ေလးလုံးျဖင့္ ႀကဲခ်ခဲ့ရာ အာဏာသိမ္းစစ္အုပ္စုလက္ေအာက္ခံ စစ္သည္ေမငါးဦး ေသဆုံးခဲ့သည့္အျပင္ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားဘက္က ဒ႐ုန္းတစ္စီး ဆုံးရႈံးခဲ့ရသည္။
ဒါအျပင္ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားက ေျမာင္ၿမိဳ႕ရဲစခန္းအား ေရွာ့တိုက္ဒုံး ေလးလုံးျဖင့္ ပစ္ခတ္ခဲ့သည္။
ယခု စစ္ဆင္ေရးအား လွ်ပ္စီးတပ္ခြဲ( မုံ႐ြာခ႐ိုင္ အမွတ္-၁၂ တပ္ရင္း၊ တပ္ခြဲ-၃)၊ Myaung Revolution Force(MRF)တို႔ႏွင့္အတူ ေဒသခံ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ား အတူတကြ ပူးေပါင္း ေဆာင္႐ြက္ခဲ့သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *