တံတားပေါ်က မွှင်းခါး၈ပွဲ

စစ်တောင်မြစ်ကူးတံတားမှာတပ်စွဲထားတဲ့ စစ်သားတွေတိုက်ခိုက်ခံရလို့ ၈ယောက်သေ

ဇန်နဝါရီ ၅ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတား၌ အထိုင်ချတပ် စွဲထား စစ် ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ ကြောင်း ပုဝါနီစစ်ကြောင်းမှ ထံမှ သိရပါတယ်။

ဇန်နဝါရီလ ၁ ရက် နံနက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအနီး စစ်တောင်းမြစ်ကူးတံတား၌ အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ကိုတော်လှန်ရေးတပ်ဖွဲ့များမှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားများကို သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့မှ ကျောက်ချွန် ဘုရားမှ နေပြီး လက်လုပ် လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ကူပေးခဲ့ကာ ပုဝါနီပြောက်ကျားပွိုင့်က တောင်သာ ကျေးရွာ အရှေ့ဘက်ခြမ်းမှ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပုဝါနီပြောက်ကျားတပ်ဖွဲ့ဝင်များ အထိ ခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၅ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *