ငပုတို့သွားစပြန်ပြီ ကင်းကိုက်တောမှာပဲ

စစ်ကောင်စီရဲ့လက်နက်ကြီး အိန္ဒိယကျေးရွားအနီးကျရောက်ပေါက်ကွဲ

ဇန်နဝါရီလ ၅ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာအခြေစိုက်စစ်‌ေကာင် စီတပ်ဖွဲ့မှဇန်နဝါရီလ ၃ရက်နေ့တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မူကြောင့် အိန္ဒိယဘက်ကျေးရွာအနီးတွင်ကျရောက်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့များရမ်းသမ်းပစ်ခတ်ခဲ့သောလက်နက်ကြီးအဆံဟာ ကျန်ဒေခရိုင် ရန်ငိုဗွန် ကျေးရွာအနီးတွင် ၅လုံး ကျရောက်ခဲ့ကာ ၃လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူအထိအခိုက်တော့မရှိဘူးဟု ဒေသခံများပြောပြထားပါသည်။

အဆိုပါပစ်ခတ်မူဟာတိုက်ပွဲဖြစ်ပွားခြင်းမျိုးမဟုတ်ပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏စခန်းများရှိ‌နိုင်သည်ဟုယူဆသော နေရာများကိုရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်သည်ဟု ပအဖ တာဝန်ရှိသူတစ်ဦးပြောပြချက်အရသိရသည်။

ရန်ငိုဗွန်းကျေးရွာဟာမြန်မာစစ်ဘေးရှောင်အများအပြားစစ်ရှောင်ခိုလှုံနေကြပြီး ၂၀၂၃နှစ် နှစ်ကုန်ပိုင်းတွင်မိုးရေးမြို့တွင်အဖမ်းအဆီးပိုမိုပြင်းထန်လာမူကြောင့်၎င်း‌ ‌ေကျး ရွာဒေသဘက်သို့မြန်မာစစ်ဘေးရှောင်အများအပြားစုရုံးနေကြတာဖြစ်သည်ဟုလည်းသိရသည်။

ယခုလိုစစ်ကောင်စီတပ်မှ လက်နက်ကြီးကိုနှစ်နိုင်ငံနယ်စပ်ကျူးကျော်ပစ်ခတ်မူဟာယခုကြိမ်နဲ့ ၄ကြိမ်ခန့်ရှိသွားပြီဖြစ်ပြီး ၂၀၂၃ဇူလိုင်လတွင် ဟောင်လင်းဖိုင်ကျေးရွာရှိစစ်ဘေးရှောင် ကလေးငယ်တစ်ဦးကိုလည်းလက်နက်ကြီးဆံထိမှန်ခဲ့ပါသေးသည်ဟုသိရသည်။

ရန်ငိုဗွန်းကျေးရွာဟာမိုးရေးမြို့အောက်ပိုင်းအိန္ဒိယမြန်မာနယ်စပ်ကျေးရွားဖြစ်ပြီး မိုးရေးမြို့မှ ၁၀မိုင်ကျော်ကွာဝေးနေသည်ဟုသိရသည်။

စစ္ေကာင္စီရဲ႕လက္နက္ႀကီး အိႏၵိယေက်း႐ြားအနီးက်ေရာက္ေပါက္ကြဲ

ဇန္နဝါရီလ ၅ ရက္

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္၊ ပန္းသာေက်း႐ြာအေျခစိုက္စစ္‌ေကာင္ စီတပ္ဖြဲ႕မွဇန္နဝါရီလ ၃ရက္ေန႔တြင္လက္နက္ႀကီးရမ္းသမ္းပစ္ခတ္မူေၾကာင့္ အိႏၵိယဘက္ေက်း႐ြာအနီးတြင္က်ေရာက္ေပါက္ကြဲခဲ့သည္ဟုသိရသည္။

၎စစ္ေကာင္စီတပ္ဖြဲ႕မ်ားရမ္းသမ္းပစ္ခတ္ခဲ့ေသာလက္နက္ႀကီးအဆံဟာ က်န္ေဒခ႐ိုင္ ရန္ငိုဗြန္ ေက်း႐ြာအနီးတြင္ ၅လုံး က်ေရာက္ခဲ့ကာ ၃လုံးေပါက္ကြဲခဲ့တာျဖစ္ၿပီး လူအထိအခိုက္ေတာ့မရွိဘူးဟု ေဒသခံမ်ားေျပာျပထားပါသည္။

အဆိုပါပစ္ခတ္မူဟာတိုက္ပြဲျဖစ္ပြားျခင္းမ်ိဳးမဟုတ္ပဲ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ား၏စခန္းမ်ားရွိ‌ႏိုင္သည္ဟုယူဆေသာ ေနရာမ်ားကိုရမ္းသမ္းပစ္ခတ္ခဲ့တာျဖစ္သည္ဟု ပအဖ တာဝန္ရွိသူတစ္ဦးေျပာျပခ်က္အရသိရသည္။

ရန္ငိုဗြန္းေက်း႐ြာဟာျမန္မာစစ္ေဘးေရွာင္အမ်ားအျပားစစ္ေရွာင္ခိုလႈံေနၾကၿပီး ၂၀၂၃ႏွစ္ ႏွစ္ကုန္ပိုင္းတြင္မိုးေရးၿမိဳ႕တြင္အဖမ္းအဆီးပိုမိုျပင္းထန္လာမူေၾကာင့္၎‌ ‌ေက်း ႐ြာေဒသဘက္သို႔ျမန္မာစစ္ေဘးေရွာင္အမ်ားအျပားစု႐ုံးေနၾကတာျဖစ္သည္ဟုလည္းသိရသည္။

ယခုလိုစစ္ေကာင္စီတပ္မွ လက္နက္ႀကီးကိုႏွစ္ႏိုင္ငံနယ္စပ္က်ဴးေက်ာ္ပစ္ခတ္မူဟာယခုႀကိမ္နဲ႔ ၄ႀကိမ္ခန႔္ရွိသြားၿပီျဖစ္ၿပီး ၂၀၂၃ဇူလိုင္လတြင္ ေဟာင္လင္းဖိုင္ေက်း႐ြာရွိစစ္ေဘးေရွာင္ ကေလးငယ္တစ္ဦးကိုလည္းလက္နက္ႀကီးဆံထိမွန္ခဲ့ပါေသးသည္ဟုသိရသည္။

ရန္ငိုဗြန္းေက်း႐ြာဟာမိုးေရးၿမိဳ႕ေအာက္ပိုင္းအိႏၵိယျမန္မာနယ္စပ္ေက်း႐ြားျဖစ္ၿပီး မိုးေရးၿမိဳ႕မွ ၁၀မိုင္ေက်ာ္ကြာေဝးေနသည္ဟုသိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *