လာဘီနော် ဖားကန့် ပြည်သူတွေဘေးကင်းကြပါစေ

ဖားကန့် ဝှေခါစစ်တပ်ကုန်း နှင့် ရဲစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်

▪︎စစ်‌​ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

ဇန်နဝါရီ ၆ ရက်

ဖားကန့်မြို့နယ် ဝှေခါရွာမှ စစ်တပ်စခန်းကုန်းနှင့် ရဲစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်စခန်းကုန်း သိမ်းယူနိုင်ပြီးနောက်စစ်‌​ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

ဝှေခါရွာစစ်တပ်စခန်းကုန်း နှင့် ရဲစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၆ရက်နံနက် ၄နာရီ ၅၇ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

” ၇နာရီ ၄၅ မိနစ်မှာဝှေခါစကစကုန်းကို ရတယ်။

၈နာရီ ၁၅မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဝှေခါစကစကုန်းပေါ်ကိုဗုံးကြဲတယ်။ နောက်ထပ်လည်း လေကြောင်းသတင်း ရထားတယ်”ဟု KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ပစ်ခတ်တိုက်ခိုက်တဲ့အသံတွေကသိပ်မကြာပေမယ့် ပြင်းထန်ပါတယ်။ ရင်တွေ တုန်နေရတယ်။ အခု စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ‌နေတယ်”ဟု ဝှေခါဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။ စစ်ကောင်စီက မြစ်ကြီးနားမှ တက်လာသည့် ‌ဂျက်ဖိုက်တာဖြင့် နံနက် ၉ နာရီအထိ ဗုံးကြဲတိုက်ခိုက်‌နေကြောင်း သိရသည်။

” ဗုံးခိုကျင်းတွေ ပြန်တူးရမယ်။ အခြေအနေအရ လူထုဟာ လုံခြုံရေးသတိရှိနေရမယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

(​ရှေ့တန်းမှKIA တပ်ဖွဲ့ဝင်အချို့ ​(ပုံအ​ဟောင်းဖြစ်ပါသည်)။ဓါတ်ပုံ-KIA)

ဖားကန႔္ ေဝွခါစစ္တပ္ကုန္း ႏွင့္ ရဲစခန္းကို KIA၊PDF ပူးေပါင္းတပ္ဖြဲ႕တိုက္ခိုက္
▪︎စစ္‌​ေကာင္စီကဂ်က္ဖိုက္တာျဖင့္ ဗုံးႀကဲ
ဇန္နဝါရီ ၆ ရက္
ဖားကန႔္ၿမိဳ႕နယ္ ေဝွခါ႐ြာမွ စစ္တပ္စခန္းကုန္းႏွင့္ ရဲစခန္းကို KIA၊PDF ပူးေပါင္းတပ္ဖြဲ႕က ယေန႔ နံနက္အေစာပိုင္းတြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ စစ္တပ္စခန္းကုန္း သိမ္းယူႏိုင္ၿပီးေနာက္စစ္‌​ေကာင္စီက ဂ်က္ဖိုက္တာျဖင့္ ဗုံးႀကဲတိုက္ခိုက္ေနသည္။
ေဝွခါ႐ြာစစ္တပ္စခန္းကုန္း ႏွင့္ ရဲစခန္းကို KIA၊PDF ပူးေပါင္းတပ္ဖြဲ႕က ဇန္နဝါရီ ၆ရက္နံနက္ ၄နာရီ ၅၇ မိနစ္တြင္ ဝင္ေရာက္တိုက္ခိုက္ျခင္းျဖစ္သည္။
” ၇နာရီ ၄၅ မိနစ္မွာေဝွခါစကစကုန္းကို ရတယ္။
၈နာရီ ၁၅မိနစ္မွာ ဂ်က္ဖိုက္တာနဲ႔ ေဝွခါစကစကုန္းေပၚကိုဗုံးႀကဲတယ္။ ေနာက္ထပ္လည္း ေလေၾကာင္းသတင္း ရထားတယ္”ဟု KIA၊PDF ပူးေပါင္းတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။
“ပစ္ခတ္တိုက္ခိုက္တဲ့အသံေတြကသိပ္မၾကာေပမယ့္ ျပင္းထန္ပါတယ္။ ရင္ေတြ တုန္ေနရတယ္။ အခု စစ္တပ္က ေလယာဥ္နဲ႔ ဗုံးႀကဲ‌ေနတယ္”ဟု ေဝွခါေဒသခံတစ္ဦးကေျပာသည္။
တိုက္ပြဲျဖစ္စဥ္အေသးစိတ္ကို မသိရွိရေသးေပ။ စစ္ေကာင္စီက ျမစ္ႀကီးနားမွ တက္လာသည့္ ‌ဂ်က္ဖိုက္တာျဖင့္ နံနက္ ၉ နာရီအထိ ဗုံးႀကဲတိုက္ခိုက္‌ေနေၾကာင္း သိရသည္။
” ဗုံးခိုက်င္းေတြ ျပန္တူးရမယ္။ အေျခအေနအရ လူထုဟာ လုံၿခဳံေရးသတိရွိေနရမယ္” ဟု ေဒသခံတစ္ဦးကေျပာသည္။
(​ေရွ႕တန္းမွKIA တပ္ဖြဲ႕ဝင္အခ်ိဳ႕ ​(ပုံအ​ေဟာင္းျဖစ္ပါသည္)။ဓါတ္ပုံ-KIA)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *