အားလုံးဟန်ချက်ညီညီနဲ့ဆော်ရင်မကြာပါဘူး

ဟိုပန်မြို့ထဲသို့ UWSA ၀ တပ်ဖွဲ့ များ ဝင်ရောက်လာမှု ညီနောင် ၃ ဖွဲ့နှင့် ၀ တပ်ဖွဲ့အကြား ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားပြီးဟုဆို

ဇန်နဝါရီ ၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့ကို ယမန်နေ့ နံနက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် UWSA ၀ တပ်ဖွဲ့များ ဝင်ရောက်လာကာ အလံ လွှင့်ထူ ထိန်းချုပ်မှုများ ဆောင်ရွက်ခြင်းသည် ကြိုတင် ညှိနှိုင်းဆောင်ရွက်ပြီးမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီအချိန်မှစတင်၍ ညီနောင် မဟာမိတ် ၃ ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်များက ဟိုပန်မြို့ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး ဟိုပန်မြို့မ ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ဆေးရုံ အပါအဝင် တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အင်အား ရာပေါင်းများစွာ UWSA ၀တပ်ဖွဲ့များက စစ်ကားများတွင် အလံများလွှင့်တင်၍ ဟိုပန်မြို့ထဲသို့ ဝင်ရောက်လာကြောင်း၊ ထို့ပြင် ဟိုပန်မြို့လယ်ခေါင်၊ ဟိုပန်မြို့ရှိ ဌာနဆိုင်ရာရုံးများအားလုံးတွင် ၀ တပ်ဖွဲ့၏ အလံတော်ကို လွှင့်ထူပြီး ဟိုပန်မြို့တစ်ခုလုံးတွင်လည်း ၀ တပ်ဖွဲ့က တပ်စွဲလိုက်ကြောင်း၊ ထိုသို့ UWSA ၀ တပ်ဖွဲ့များ ဝင်ရောက်လာခြင်းသည် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် ၀ တပ်ဖွဲ့အကြား ကြိုတင် ညှိနှိုင်း သဘောတူညီချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကြိုတင်ညှိထားတာပါ။ ရုတ်တရက်ကြီး ၀ တပ်မတော်က ဝင်လာတာမဟုတ်ဘူး။ ဒီဘက်ကလည်း အားလုံး ပြင်ဆင်ပြီးမှ စောင့်နေခဲ့တာပါ။ နောက်တစ်ခါ ဟိုပန်က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာလည်းပါတယ်။ ၀ တပ်မတော်ရဲ့ ပိုင်နက် နယ်မြေလည်း ဖြစ်ပါတယ်” ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့မှ ရန်ကုန်ခေတ်သစ်၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ UWSA ၀ တပ်ဖွဲ့က ထိန်းချုပ်ထားသော ဟိုပန်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်လာပါက တုံ့ပြန်မှုများ ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

” ဟိုပန်ကို ထိန်းချုပ်လိုက်တာက ၀ တပ်မတော်က ဖြစ်ပါတယ်။ အဲဒါကို စစ်ကောင်စီက ဗုံးလာကျဲရင်တော့ ထိပ်တိုက်တွေ့တာတွေ ရှိလာပါလိမ့်မယ်” ဟု ရ ရှေ့တန်းသင်းရင်းမြစ်က ပြောဆိုသည်။

ဟိုပန္ၿမိဳ႕ထဲသို႔ UWSA ၀ တပ္ဖြဲ႕ မ်ား ဝင္ေရာက္လာမႈ ညီေနာင္ ၃ ဖြဲ႕ႏွင့္ ၀ တပ္ဖြဲ႕အၾကား ႀကိဳတင္ ညႇိႏႈိင္းေဆာင္႐ြက္ထားၿပီးဟုဆို
ဇန္နဝါရီ ၆ ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ဟိုပန္ၿမိဳ႕ကို ယမန္ေန႔ နံနက္ပိုင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ UWSA ၀ တပ္ဖြဲ႕မ်ား ဝင္ေရာက္လာကာ အလံ လႊင့္ထူ ထိန္းခ်ဳပ္မႈမ်ား ေဆာင္႐ြက္ျခင္းသည္ ႀကိဳတင္ ညႇိႏႈိင္းေဆာင္႐ြက္ၿပီးမွ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေရွ႕တန္းသတင္းရင္းျမစ္က ေျပာဆိုသည္။
ဇန္နဝါရီလ ၅ ရက္ေန႔ နံနက္ ၃ နာရီအခ်ိန္မွစတင္၍ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ အပါအဝင္ ေတာ္လွန္ေရးတပ္မ်ားက ဟိုပန္ၿမိဳ႕ထဲသို႔ အလုံးအရင္းျဖင့္ ဝင္ေရာက္ခဲ့ၿပီး ဟိုပန္ၿမိဳ႕မ ရဲစခန္း၊ ေထြ/အုပ္႐ုံး၊ ေဆး႐ုံ အပါအဝင္ တပ္စခန္းမ်ားကို တိုက္ခိုက္ သိမ္းပိုက္ခဲ့ေၾကာင္း၊ ယင္းေနာက္ ယမန္ေန႔ ဇန္နဝါရီလ ၅ ရက္ေန႔ မြန္းလြဲ ၃ နာရီအခ်ိန္တြင္ အင္အား ရာေပါင္းမ်ားစြာ UWSA ၀တပ္ဖြဲ႕မ်ားက စစ္ကားမ်ားတြင္ အလံမ်ားလႊင့္တင္၍ ဟိုပန္ၿမိဳ႕ထဲသို႔ ဝင္ေရာက္လာေၾကာင္း၊ ထို႔ျပင္ ဟိုပန္ၿမိဳ႕လယ္ေခါင္၊ ဟိုပန္ၿမိဳ႕ရွိ ဌာနဆိုင္ရာ႐ုံးမ်ားအားလုံးတြင္ ၀ တပ္ဖြဲ႕၏ အလံေတာ္ကို လႊင့္ထူၿပီး ဟိုပန္ၿမိဳ႕တစ္ခုလုံးတြင္လည္း ၀ တပ္ဖြဲ႕က တပ္စြဲလိုက္ေၾကာင္း၊ ထိုသို႔ UWSA ၀ တပ္ဖြဲ႕မ်ား ဝင္ေရာက္လာျခင္းသည္ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ႏွင့္ ၀ တပ္ဖြဲ႕အၾကား ႀကိဳတင္ ညႇိႏႈိင္း သေဘာတူညီခ်က္အရ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ႀကိဳတင္ညႇိထားတာပါ။ ႐ုတ္တရက္ႀကီး ၀ တပ္မေတာ္က ဝင္လာတာမဟုတ္ဘူး။ ဒီဘက္ကလည္း အားလုံး ျပင္ဆင္ၿပီးမွ ေစာင့္ေနခဲ့တာပါ။ ေနာက္တစ္ခါ ဟိုပန္က ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းထဲမွာလည္းပါတယ္။ ၀ တပ္မေတာ္ရဲ႕ ပိုင္နက္ နယ္ေျမလည္း ျဖစ္ပါတယ္” ဟု ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕မွ ရန္ကုန္ေခတ္သစ္၏ ေရွ႕တန္းသတင္းရင္းျမစ္က ေျပာဆိုသည္။
လက္ရွိ UWSA ၀ တပ္ဖြဲ႕က ထိန္းခ်ဳပ္ထားေသာ ဟိုပန္ၿမိဳ႕ကို စစ္ေကာင္စီတပ္က ေလယာဥ္ျဖင့္ ဗုံးက်ဲျခင္း၊ လက္နက္ႀကီးျဖင့္ ပစ္ခတ္ျခင္းမ်ား လုပ္ေဆာင္လာပါက တုံ႔ျပန္မႈမ်ား ျပင္းထန္လိမ့္မည္ျဖစ္ေၾကာင္း ေရွ႕တန္းသတင္းရင္းျမစ္က ဆိုသည္။
” ဟိုပန္ကို ထိန္းခ်ဳပ္လိုက္တာက ၀ တပ္မေတာ္က ျဖစ္ပါတယ္။ အဲဒါကို စစ္ေကာင္စီက ဗုံးလာက်ဲရင္ေတာ့ ထိပ္တိုက္ေတြ႕တာေတြ ရွိလာပါလိမ့္မယ္” ဟု ရ ေရွ႕တန္းသင္းရင္းျမစ္က ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *