စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံးရှေ့တွင် အုန်းအုန်း အုန်း

စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံးရှေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း စမ်းချောင်းဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ယာဉ်တချို့ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲမှု ဖြစ်တယ်။ ခဏကြာတော့ ရဲတွေနဲ့ စစ်သားတွေ လာစစ်တယ်။ လမ်းခဏပိတ်တယ်။ မနက်ပိုင်းကလည်း ဗုံးတွေ့တယ်လို့ သတင်းကြားတယ်။ ဒီနေ့ မြေနီကုန်း၊ ရှမ်းလမ်း၊ ဗားကရာဘက်မှာ စစ်ကားနဲ့ ရဲကားတွေ လှည့်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။

စမ္းေခ်ာင္းၿမိဳ႕နယ္ ေထြ/အုပ္႐ုံးေရွ႕တြင္ ဗုံးေပါက္ကြဲ
ရန္ကုန္၊ ဇန္နဝါရီ ၆
ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕တြင္ ယေန႔ ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း စမ္းေခ်ာင္းေဒသျပည္သူမ်ားထံမွ သိရွိရသည္။
ဇန္နဝါရီ ၆ ရက္ေန႔ နံနက္ ၁၁ နာရီ ၁၅ မိနစ္အခ်ိန္ ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း၊ ဗုံးေပါက္ကြဲမႈေၾကာင့္ လူထိခိုက္မႈမရွိေသာ္လည္း ယာဥ္တခ်ိဳ႕ ထိခိုက္မႈရွိေၾကာင္း သိရွိရသည္။
“ဗုံးေပါက္ကြဲမႈ ျဖစ္တယ္။ ခဏၾကာေတာ့ ရဲေတြနဲ႔ စစ္သားေတြ လာစစ္တယ္။ လမ္းခဏပိတ္တယ္။ မနက္ပိုင္းကလည္း ဗုံးေတြ႕တယ္လို႔ သတင္းၾကားတယ္။ ဒီေန႔ ေျမနီကုန္း၊ ရွမ္းလမ္း၊ ဗားကရာဘက္မွာ စစ္ကားနဲ႔ ရဲကားေတြ လွည့္ေနတယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
ဓာတ္ပုံ- ယေန႔ နံနက္ပိုင္း ဗုံးေပါက္ကြဲၿပီးေနာက္ စစ္တပ္ႏွင့္ရဲက စစ္ေဆးေနစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *