ကျန်သူတွေလည်းအသိတရားမြန်မြန်ရကြတော့

ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ရဲမေ ၂ ဦး လက်နက် ၆ လက် ယူဆောင်လာပြီး အလင်းဝင်၊ ကနီမြို့မရဲစခန်းမှ ရဲမေ ၁ ဦး လက်ပစ်ဗုံး ၁ လုံးယူဆောင်လာပြီး မိသားစုနှင့် အတူ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၆

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ရဲမေ ၂ ဦး လက်နက် ၆ လက် ယူဆောင်လာပြီး အလင်းဝင်ကြောင်း KNDF ဗဟိုနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၂ ဦးတို့သည် လက်နက် ၅ လက်နှင့် ကျည်ဆန်များ ယူဆောင်လာပြီး KNDF ထံ အလင်းဝင်လာကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရဲတပ်သား အမျိုးသား ၁ ဦးသည် မိသားစုနှင့်အတူ လက်နက် ၁ လက် ယူဆောင်လာပြီး KNDF ထံ ထပ်မံ အလင်းဝင်လာကြောင်း သိရသည်။

KNDF ထံ အလင်းဝင်လာသ​ော သူများကို ၎င်းတို့၏ ဆန္ဒများအတိုင်း သွားလာနေထိုင်ခွင့်များပေးထားပြီး ခံစားခွင့်ရရှိမည့် ဆုကြေးများကို ပေးအပ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေဖြင့် ယခုကာလအတွင်း လမ်းမှန်ပေါ်လျှောက်၍ ပြည်သူနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြပါရန် တိုက်တွန်းလိုပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစိတ်ချမှုကိုလည်း မိမိတို့ဖက်မှ ပြည့်ဝစွာ အာမခံကြောင်း KNDF ဗဟိုနှင့် သတင်းပြန်ကြားရေးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်းမှ ရဲမေတစ်ဦး လက်ပစ်ဗုံးတစ်လုံး ယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၃ ရက်နေ့က ကနီမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ကျနေသော ရဲမေ မဇင်မာလွင်သည် ရဲစခန်းအတွင်းမှ လက်ပစ်ဗုံးတစ်လုံးယူဆောင်ကာ မိသားစုနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်း ခိုလုံလာခဲ့သဖြင့် ကောင်းမွန်စွာလက်ခံထားပြီး ဆုငွေပေးအပ်ကာ ၎င်းတို့သဘောဆန္ဒအလျောက် စီ စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“သူယူဆောင်လာတဲ့ ပစ္စည်းအပေါ်မှာ မူတည်ပြီး ဆုချီးမြှင့်ပေးထားတယ်၊ နေရေး ထိုင်ရေးကတော့ လက်နက်ပစ္စည်းမပါလဲ ပုံမှန်စီစဉ်ပေးထားတယ်၊ သူယူဆောင်လာတာ လက်ပစ်ဗုံးတစ်လုံးအတွက် ပြင်ပေါက်ဈေးအတိုင်း ထိုက်သင့်တဲ့ဟာ ပြန်ပေးတာပေါ့၊ လက်နက်တွေပါလာတာရင်တော့ သိန်း ဆယ် ချီပြီး ဆုချီးမြှင့်ပါတယ်၊ လေလောဆယ်အနေအထားမှာတော့ သူ့ကို နေထိုင်စားသောက် ဖို့ အဆင်ပြေအောင် စီစဉ်ပေးထားတယ်၊ သူ့သမီးလေးဆိုရင် ၅ လပဲရှိသေးတာ” ဟု အာဏာရှင် တော် လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲများအနေဖြင့် ဘက်ပြောင်းခိုလှုံလာပါက နွေး ထွေးစွာကြိုဆိုနေမည်ဖြစ်ပြီး ထိုက်သင့်သော ဆုငွေများလည်း ပေးသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲ အတွင်း လက်နက်ချအညံ့ခံပါက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထား သည်။

ေဘာလခဲၿမိဳ႕မ ရဲစခန္းမွ ရဲတပ္သား ၄ ဦးႏွင့္ ရဲေမ ၂ ဦး လက္နက္ ၆ လက္ ယူေဆာင္လာၿပီး အလင္းဝင္၊ ကနီၿမိဳ႕မရဲစခန္းမွ ရဲေမ ၁ ဦး လက္ပစ္ဗုံး ၁ လုံးယူေဆာင္လာၿပီး မိသားစုႏွင့္ အတူ အလင္းဝင္
ရန္ကုန္၊ ဇန္နဝါရီ ၆
ကရင္နီျပည္နယ္၊ ေဘာလခဲၿမိဳ႕မ ရဲစခန္းမွ ရဲတပ္သား ၄ ဦးႏွင့္ ရဲေမ ၂ ဦး လက္နက္ ၆ လက္ ယူေဆာင္လာၿပီး အလင္းဝင္ေၾကာင္း KNDF ဗဟိုႏွင့္ သတင္းျပန္ၾကားေရးဌာနက ထုတ္ျပန္ထားသည္။
ႏိုဝင္ဘာလ ၂၁ ရက္ေန႔တြင္ ေဘာလခဲၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ အမ်ိဳးသား ၃ ဦး ၊ အမ်ိဳးသမီး ၂ ဦးတို႔သည္ လက္နက္ ၅ လက္ႏွင့္ က်ည္ဆန္မ်ား ယူေဆာင္လာၿပီး KNDF ထံ အလင္းဝင္လာေၾကာင္း၊ ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ ရဲတပ္သား အမ်ိဳးသား ၁ ဦးသည္ မိသားစုႏွင့္အတူ လက္နက္ ၁ လက္ ယူေဆာင္လာၿပီး KNDF ထံ ထပ္မံ အလင္းဝင္လာေၾကာင္း သိရသည္။
KNDF ထံ အလင္းဝင္လာသ​ော သူမ်ားကို ၎တို႔၏ ဆႏၵမ်ားအတိုင္း သြားလာေနထိုင္ခြင့္မ်ားေပးထားၿပီး ခံစားခြင့္ရရွိမည့္ ဆုေၾကးမ်ားကို ေပးအပ္ခဲ့ေၾကာင္း၊ စစ္ေကာင္စီ၏ ရဲတပ္ဖြဲ႕ဝင္မ်ား ၊ စစ္ေကာင္စီတပ္သားမ်ား အေနျဖင့္ ယခုကာလအတြင္း လမ္းမွန္ေပၚေလွ်ာက္၍ ျပည္သူႏွင့္ ယုံၾကည္စိတ္ခ်စြာ ပူးေပါင္းလာၾကပါရန္ တိုက္တြန္းလိုၿပီး လူ႔ဂုဏ္သိကၡာႏွင့္အညီ လုံၿခဳံစိတ္ခ်မႈကိုလည္း မိမိတို႔ဖက္မွ ျပည့္ဝစြာ အာမခံေၾကာင္း KNDF ဗဟိုႏွင့္ သတင္းျပန္ၾကားေရးဌာနက အသိေပး ထုတ္ျပန္ထားသည္။
အလားတူ စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕မရဲစခန္းမွ ရဲေမတစ္ဦး လက္ပစ္ဗုံးတစ္လုံး ယူေဆာင္ကာ မိသားစုႏွင့္အတူ အလင္းဝင္ေရာက္ခဲ့ေၾကာင္း အာဏာရွင္ေတာ္လွန္ေရးျပည္သူ႔တပ္မေတာ္ – ADPRA တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ဇန္နဝါရီလ ၃ ရက္ေန႔က ကနီၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းတြင္ တာဝန္က်ေနေသာ ရဲေမ မဇင္မာလြင္သည္ ရဲစခန္းအတြင္းမွ လက္ပစ္ဗုံးတစ္လုံးယူေဆာင္ကာ မိသားစုႏွင့္အတူ ျပည္သူ႔ရင္ခြင္သို႔ ဘက္ေျပာင္း ခိုလုံလာခဲ့သျဖင့္ ေကာင္းမြန္စြာလက္ခံထားၿပီး ဆုေငြေပးအပ္ကာ ၎တို႔သေဘာဆႏၵအေလ်ာက္ စီ စဥ္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
“သူယူေဆာင္လာတဲ့ ပစၥည္းအေပၚမွာ မူတည္ၿပီး ဆုခ်ီးျမႇင့္ေပးထားတယ္၊ ေနေရး ထိုင္ေရးကေတာ့ လက္နက္ပစၥည္းမပါလဲ ပုံမွန္စီစဥ္ေပးထားတယ္၊ သူယူေဆာင္လာတာ လက္ပစ္ဗုံးတစ္လုံးအတြက္ ျပင္ေပါက္ေဈးအတိုင္း ထိုက္သင့္တဲ့ဟာ ျပန္ေပးတာေပါ့၊ လက္နက္ေတြပါလာတာရင္ေတာ့ သိန္း ဆယ္ ခ်ီၿပီး ဆုခ်ီးျမႇင့္ပါတယ္၊ ေလေလာဆယ္အေနအထားမွာေတာ့ သူ႔ကို ေနထိုင္စားေသာက္ ဖို႔ အဆင္ေျပေအာင္ စီစဥ္ေပးထားတယ္၊ သူ႔သမီးေလးဆိုရင္ ၅ လပဲရွိေသးတာ” ဟု အာဏာရွင္ ေတာ္ လွန္ေရးျပည္သူ႔တပ္မေတာ္ – ADPRA တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ ေခတ္သစ္ သတင္း ဌာန ထံသို႔ ေျပာၾကားသည္။
အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ စစ္သား၊ ရဲမ်ားအေနျဖင့္ ဘက္ေျပာင္းခိုလႈံလာပါက ေႏြး ေထြးစြာႀကိဳဆိုေနမည္ျဖစ္ၿပီး ထိုက္သင့္ေသာ ဆုေငြမ်ားလည္း ေပးသြားမည္ျဖစ္ေၾကာင္း၊ တိုက္ပြဲ အတြင္း လက္နက္ခ်အညံ့ခံပါက စစ္သုံ႔ပန္းအျဖစ္ ဖမ္းဆီးအေရးယူသြားမည္ျဖစ္ေၾကာင္း အသိေပး ထား သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *