စခသံခွန်ဆော်ထည့်လိုက်တာမွှင်းခါး၅ပွဲ

ရှိမ်းမကား စခန်းကို ထောက်ပို့လာတဲ့ စစ်ကောင်စီသံခွန်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ ၅ ဦးထက်မနည်း သေဆုံး

++++++++++++++

ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကား စခန်းကို ထောက်ပို့ ကူဖို့လာတဲ့ သံခွန်အကြီးတစ်စီးကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်းအမှတ် (၁၇) တောကြီးမြွေပွေးအဖွဲ့မှ ရဲဘော်ဗိုလ်တီက မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၅ရက်နေ့ မနက် ၁၀နာရီ ၁၅ မိနစ်အချိန်မှာ ရှိမ်းမကာ စခန်းကို ထောက်ပို့ ကူဖို့လာတဲ့ စစ်ကောင်စီသံခွန်ကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ၅ ဦးလောက် သေဆုံးနိုင်ချေရှိတယ်လို့ ရွှေဘိုခရိုင်တပ်ရင်းအမှတ် (၁၇) တောကြီးမြွေပွေးအဖွဲ့မှ ရဲဘော်ဗိုလ်တီက အတည်ပြုပြောဆိုပါတယ်။

ဧရာဝတီမြစ်ဘေးရှိ ရှိမ်းမကားစခန်းကို ဦးတည်လာတဲ့ သံခွန်ကို မြစ်လည်ခေါင်လောက်အရောက်မှာ တော်လှန်ရေးအင်အားစုတွေက လက်နက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှိမ်းမကားစခန်းရှိ စစ်ကောင်စီတပ်တွေက ပစ်ကူပေးတာကြောင့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး တိုက်ပွဲက ၂နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“ပြောရမယ်ဆိုရင် ကျွန်တော်တို့က ၂နေရာနဲ့ တိုက်ပွဲဖြစ်သွားတာပေါ့၊ အကူလာတဲ့ သံခွန်နဲ့ကလည်းဖြစ်တယ်၊ ရှိမ်းမကားစခန်းနဲ့လည်း ဖြစ်တယ်ဆိုတော့လေ” လို့ ရွှေဘိုခရိုင်တပ်ရင်းအမှတ် (၁၇) တောကြီးမြွေပွေးအဖွဲ့မှ ရဲဘော်ဗိုလ်တီက မောင်းကိုပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်းမှာလည်း တော်လှန်ရေးအင်အားစုတွေက လက်နက်ငယ်တွေနဲ့သာမက ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ သံခွန်မှာ အထိနာသွားပြီး ရှိမ်းမကားစခန်းဆီ ဆက်မသွားတော့ဘဲ နောက်ကြောင်းပြန်လှည့်ကာ ပျူတွေတပ်စွဲထားတဲ့ ရွာသာရွာဘက်ကို တပ်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

“သံခွန်ပေါ်က ၃ယောက်ထိတယ်၊ ပြီးတော့ ရှိမ်းမကားစခန်းကနေ ထွက်ပြီးကူညီတဲ့သူတွေက မိုင်းထိတာတွေရှိတယ်ဗျ၊ မိုင်းထိတာက ၃ယောက်၊ ပြီးတော့ Sniper နဲ့ပစ်လိုက်လို့ ထိသွားတာက ၁ယောက်ရယ်၊ ဒရုန်းကြောင့် ထိတာက ၁ယောက်၊ ပေါင်း ၈ဦးထိတယ်ဗျ၊ သေဆုံးကတော့ ၅ဦးရှိတယ် ခုတော့ ကျွန်တော်တို့ အဲ့လောက်ပဲ သိရသေးတယ်ဗျ” လို့ ဗိုလ်တီက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရှိမ်းမကာစခန်းရှိ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ပတ်ပတ်လည်ပိတ်ဆို့ထားပြီး ထောက်ပို့လာတဲ့ သံခွန်မှာလည်း တပ်ပြန်ဆုတ်သွားတာကြောင့် အပြင်မထွက်ပဲ စခန်းထဲမှာပဲ နေနေကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်တပ်ရင်း (၁၇) တောကြီးမြွေပွေးစစ်ကြောင်းနဲ့အတူ People servant revolutiom – လျှပ်စီးတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – တောကြီးမြွေပြွေးတပ်ဖွဲ့ဝင်အချို့(ပုံဟောင်း)

ရွိမ္းမကား စခန္းကို ေထာက္ပို႔လာတဲ့ စစ္ေကာင္စီသံခြန္ကို ေတာ္လွန္ေရးတပ္ေတြ တိုက္ခိုက္ရာ ၅ ဦးထက္မနည္း ေသဆုံး
++++++++++++++
ဇန္နဝါရီ ၆
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုခ႐ိုင္၊ ဝက္လက္ၿမိဳ႕နယ္၊ ရွိမ္းမကား စခန္းကို ေထာက္ပို႔ ကူဖို႔လာတဲ့ သံခြန္အႀကီးတစ္စီးကို ေတာ္လွန္ေရးတပ္ေတြ တိုက္ခိုက္ရာ ၅ ဦးထက္မနည္း ေသဆုံးႏိုင္တယ္လို႔ ေ႐ႊဘိုခ႐ိုင္တပ္ရင္းအမွတ္ (၁၇) ေတာႀကီးေႁမြေပြးအဖြဲ႕မွ ရဲေဘာ္ဗိုလ္တီက ေမာင္းကို ေျပာပါတယ္။
ဇန္နဝါရီ ၅ရက္ေန႔ မနက္ ၁၀နာရီ ၁၅ မိနစ္အခ်ိန္မွာ ရွိမ္းမကာ စခန္းကို ေထာက္ပို႔ ကူဖို႔လာတဲ့ စစ္ေကာင္စီသံခြန္ကို ေတာ္လွန္ေရးအင္အားစုေတြက ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္က ၈ ဦး ထိခိုက္ဒဏ္ရာရရွိသြားၿပီး ၅ ဦးေလာက္ ေသဆုံးႏိုင္ေခ်ရွိတယ္လို႔ ေ႐ႊဘိုခ႐ိုင္တပ္ရင္းအမွတ္ (၁၇) ေတာႀကီးေႁမြေပြးအဖြဲ႕မွ ရဲေဘာ္ဗိုလ္တီက အတည္ျပဳေျပာဆိုပါတယ္။
ဧရာဝတီျမစ္ေဘးရွိ ရွိမ္းမကားစခန္းကို ဦးတည္လာတဲ့ သံခြန္ကို ျမစ္လည္ေခါင္ေလာက္အေရာက္မွာ ေတာ္လွန္ေရးအင္အားစုေတြက လက္နက္ငယ္ေတြနဲ႔ စတင္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ရွိမ္းမကားစခန္းရွိ စစ္ေကာင္စီတပ္ေတြက ပစ္ကူေပးတာေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈရွိခဲ့ၿပီး တိုက္ပြဲက ၂နာရီနီးပါး ၾကာျမင့္ခဲ့တယ္လို႔ သိရပါတယ္။
“ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔က ၂ေနရာနဲ႔ တိုက္ပြဲျဖစ္သြားတာေပါ့၊ အကူလာတဲ့ သံခြန္နဲ႔ကလည္းျဖစ္တယ္၊ ရွိမ္းမကားစခန္းနဲ႔လည္း ျဖစ္တယ္ဆိုေတာ့ေလ” လို႔ ေ႐ႊဘိုခ႐ိုင္တပ္ရင္းအမွတ္ (၁၇) ေတာႀကီးေႁမြေပြးအဖြဲ႕မွ ရဲေဘာ္ဗိုလ္တီက ေမာင္းကိုေျပာပါတယ္။
တိုက္ပြဲျဖစ္ေနခ်ိန္အတြင္းမွာလည္း ေတာ္လွန္ေရးအင္အားစုေတြက လက္နက္ငယ္ေတြနဲ႔သာမက ဒ႐ုန္းနဲ႔ပါ တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေကာင္စီရဲ႕ သံခြန္မွာ အထိနာသြားၿပီး ရွိမ္းမကားစခန္းဆီ ဆက္မသြားေတာ့ဘဲ ေနာက္ေၾကာင္းျပန္လွည့္ကာ ပ်ဴေတြတပ္စြဲထားတဲ့ ႐ြာသာ႐ြာဘက္ကို တပ္ဆုတ္သြားတယ္လို႔ ဆိုပါတယ္။
“သံခြန္ေပၚက ၃ေယာက္ထိတယ္၊ ၿပီးေတာ့ ရွိမ္းမကားစခန္းကေန ထြက္ၿပီးကူညီတဲ့သူေတြက မိုင္းထိတာေတြရွိတယ္ဗ်၊ မိုင္းထိတာက ၃ေယာက္၊ ၿပီးေတာ့ Sniper နဲ႔ပစ္လိုက္လို႔ ထိသြားတာက ၁ေယာက္ရယ္၊ ဒ႐ုန္းေၾကာင့္ ထိတာက ၁ေယာက္၊ ေပါင္း ၈ဦးထိတယ္ဗ်၊ ေသဆုံးကေတာ့ ၅ဦးရွိတယ္ ခုေတာ့ ကြၽန္ေတာ္တို႔ အဲ့ေလာက္ပဲ သိရေသးတယ္ဗ်” လို႔ ဗိုလ္တီက ဆက္ေျပာပါတယ္။
လက္ရွိမွာေတာ့ ရွိမ္းမကာစခန္းရွိ စစ္ေကာင္စီတပ္ေတြကို ေတာ္လွန္ေရးတပ္ေတြက ပတ္ပတ္လည္ပိတ္ဆို႔ထားၿပီး ေထာက္ပို႔လာတဲ့ သံခြန္မွာလည္း တပ္ျပန္ဆုတ္သြားတာေၾကာင့္ အျပင္မထြက္ပဲ စခန္းထဲမွာပဲ ေနေနၾကတယ္လို႔ သိရပါတယ္။
အဲ့ဒီတိုက္ခိုက္မႈကိုေတာ့ ေ႐ႊဘိုခ႐ိုင္တပ္ရင္း (၁၇) ေတာႀကီးေႁမြေပြးစစ္ေၾကာင္းနဲ႔အတူ People servant revolutiom – လွ်ပ္စီးတပ္ဖြဲ႕၊ ရွိမ္းမကားတိုက္နယ္ ပကဖတို႔ ပူးေပါင္းတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
ပုံစာ – ေတာႀကီးေႁမြေႁပြးတပ္ဖြဲ႕ဝင္အခ်ိဳ႕(ပုံေဟာင္း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *