နမ့်တိန်းနဲ့ ဝှေခါးကို saveထားလိုက်ပြီ

ဖားကန့်ဒေသတွင်းရှိ စစ်ကောင်စီစခန်း ၂ ခုကို KIA/PDF သိမ်းယူ

ဇန်နဝါရီ ၆ ရက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်တိန်ကျေးရွာနဲ့ ဝှေခါကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်းဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းမှာ စစ်ကောင်စီ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါတပ်စခန်းတွေကို KIA, KPDF တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နံနက် ၉ နာရီဝန်းကျင်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စခန်းနှစ်ခုကိုတော့ ဒီမနက်ပိုင်းကတည်းက သိမ်းယူနိုင်တယ်လို့ ကြားသိရတယ်။ ဝှေခါတပ်စခန်းကတော့ စစ်ကောင်စီရဲ့ အဓိက စခန်းကုန်းလို့တော့ သိရပါတယ်။ တခြားတော့ အတိအကျ မသိရသေးပါဘူး” လို့ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်စခန်းနှစ်ခုကို တပြိုင်တည်း ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ဝှေခါ စခန်းမှူးကိုတော့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားကာ စခန်းသိမ်းတိုက်ပွဲတွင် KIA/PDF က ၃ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကချင်ဒေသတွင်း မီဒီယာတွေကလည်း ဖော်ပြထားပါတယ်။

Photo: Kachin Waves

ဖားကန႔္ေဒသတြင္းရွိ စစ္ေကာင္စီစခန္း ၂ ခုကို KIA/PDF သိမ္းယူ
ဇန္နဝါရီ ၆ ရက္
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ နမ့္တိန္ေက်း႐ြာနဲ႔ ေဝွခါေက်း႐ြာအတြင္းမွာရွိတဲ့ စစ္ေကာင္စီ တပ္စခန္းေတြကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) နဲ႔ KPDF တပ္ဖြဲ႕ေတြက သိမ္းယူႏိုင္ခဲ့တယ္လို႔ ကခ်င္းေဒသခံတစ္ဦးက ေျပာပါတယ္။
ယေန႔ ဇန္နဝါရီ ၆ ရက္ နံနက္အေစာပိုင္းမွာ စစ္ေကာင္စီ နမ့္တိန္တပ္စခန္းနဲ႔ ေဝွခါတပ္စခန္းေတြကို KIA, KPDF တို႔က ဝင္ေရာက္စီးနင္း တိုက္ခိုက္ခဲ့တာျဖစ္ၿပီး နံနက္ ၉ နာရီဝန္းက်င္မွာ သိမ္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
“စခန္းႏွစ္ခုကိုေတာ့ ဒီမနက္ပိုင္းကတည္းက သိမ္းယူႏိုင္တယ္လို႔ ၾကားသိရတယ္။ ေဝွခါတပ္စခန္းကေတာ့ စစ္ေကာင္စီရဲ႕ အဓိက စခန္းကုန္းလို႔ေတာ့ သိရပါတယ္။ တျခားေတာ့ အတိအက် မသိရေသးပါဘူး” လို႔ ကခ်င္ေဒသခံတစ္ဦးက ေျပာပါတယ္။
စစ္ေကာင္စီ တပ္စခန္းႏွစ္ခုကို တၿပိဳင္တည္း ထိုးစစ္ဆင္သိမ္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေဝွခါ စခန္းမႉးကိုေတာ့ စစ္သုံ႔ပန္းအေနနဲ႔ ဖမ္းဆီးရမိထားကာ စခန္းသိမ္းတိုက္ပြဲတြင္ KIA/PDF က ၃ ဦး ထိခိုက္ဒဏ္ရာရရွိထားတယ္လို႔ ကခ်င္ေဒသတြင္း မီဒီယာေတြကလည္း ေဖာ္ျပထားပါတယ္။
Photo: Kachin Waves

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *