Breaking New -နှစ်သစ်မှာသတင်းကောင်းတွေပဲလာမယ်နော်

Breaking New –

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး တစ်ယောက်မကျန် AA တပ်ဖွဲ့ထံတွင် လက်နက်ချ အညံ့ခံ

■ လောက်ကိုင် ဒကစမှ အရာရှိနှင့်စစ်သည် ၄၀၀၀ ကျော် လက်နက်ချပြီးနောက် ဒုတိယမြောက် အစုလိုက်အပြုံလိုက် လက်နက်ချမှု ဖြစ်လာ

ရန်ကုန်၊ ဇန်နဝါရီ ၇

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး တစ်ယောက်မကျန် AA တပ်ဖွဲ့ထံတွင် လက်နက်ချ အညံ့ခံကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်၊ ညနေ ၉ နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ “တောင်ရှည်တောင် ဗျူဟာကုန်းကြီး” တစ်ခုလုံးမှ တစ်ယောက်မကျန် AA တပ်ဖွဲ့ ထံတွင် လက်နက်ချအညံ့ခံခဲ့ပြီးဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍နောက်ဆက် တွဲ သတင်းများကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ပြင် ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော် (AA) က လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့် စေတနာကို နားလည်ပြီး စောလျင်စွာဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်ကြောင်း ညီနောင် ၃ ဖွဲ့က တိုက်တွန်းသည်။

တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် မိမိတို့သတ်မှတ်ထားသော ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရယူရေးအတွက် ဆက်လက်ကြိုးပမ်းနေရင်း စစ်ဆင်ရေးကြီး (၇၂) ရက်မြောက်ကို အကောင်းဆုံးအနေအထားဖြင့် ဖြတ်သန်းလျက်ရှိကြကြောင်း၊ ယမန်နေ့ ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် စစ်ကောင်စီက၀ ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့် အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများမှာ ယမန်နေ့တစ်နေ့လုံး ဆက်လက်ပြင်းထန်လျက် ရှိကြောင်း သိရှိရသည်။

အလားတူ စစ်ကောင်စီ၏ ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် “စကခ (၉)” ၊ “တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် (၂) ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိ “မီးဝဗျူဟာကုန်း” များမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ယမန်နေ့ တစ်နေ့လုံးနီးပါး ရန်သူ၏ စခန်းကုန်းများမှလည်း ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွနှင့် သံတွဲမြို့နယ်များတွင် မြေပြင်စစ်ကူအင်အား ထောက်ပို့ ပေးနိုင်စွမ်းမရှိနိုင်တော့သည့် စစ်ကောင်စီသည် ရေကြောင်းဖြင့် လက်နက်၊ စစ်ကူအင်အားများ ဖြည့်တင်းလျက်ရှိကာ ရေကြောင်းအင်အားကို ယခုရက်များအတွင်း ပေါ်ပေါ်ထင်ထင် ပိုမိုတိုးချဲ့လှုပ်ရှားလာနေကြောင်း သိရှိရသည်။

စစ်ကောင်စီအနေဖြင့် ရက္ခိုင်‌ဒေသရှိ ၎င်းတို့၏ အာဏာစက်လက်တစ်ဆုပ်စာသာကျန်တော့သည့် မြို့ကြီးအချို့တွင် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများအား ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ဖြတ်တောက်ထားပြီး ၎င်းတို့၏ လက်ကျန်ဂိတ်စခန်းများမှ အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက်ရှိကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် စစ်သည် ၄၀၀၀‌ ကျော် အစုလိုက် အပြုံလိုက် လက်နက်ချ အညံ့ခံပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီဘက်မှ အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံမှုသည် ဒုတိယမြောက် အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံမှုဖြစ်ကြောင်း သိရှိရသည်။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ ေတာင္ရွည္ေတာင္ ဗ်ဴဟာကုန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အားလုံး တစ္ေယာက္မက်န္ AA တပ္ဖြဲ႕ထံတြင္ လက္နက္ခ် အညံ့ခံ
■ ေလာက္ကိုင္ ဒကစမွ အရာရွိႏွင့္စစ္သည္ ၄၀၀၀ ေက်ာ္ လက္နက္ခ်ၿပီးေနာက္ ဒုတိယေျမာက္ အစုလိုက္အၿပဳံလိုက္ လက္နက္ခ်မႈ ျဖစ္လာ
ရန္ကုန္၊ ဇန္နဝါရီ ၇
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ ေတာင္ရွည္ေတာင္ ဗ်ဴဟာကုန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အားလုံး တစ္ေယာက္မက်န္ AA တပ္ဖြဲ႕ထံတြင္ လက္နက္ခ် အညံ့ခံေၾကာင္း ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ဇန္နဝါရီလ ၆ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။
ယမန္ေန႔ ဇန္နဝါရီလ ၆ ရက္၊ ညေန ၉ နာရီခန႔္အခ်ိန္တြင္ ရကၡိဳင္ျပည္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ “ေတာင္ရွည္ေတာင္ ဗ်ဴဟာကုန္းႀကီး” တစ္ခုလုံးမွ တစ္ေယာက္မက်န္ AA တပ္ဖြဲ႕ ထံတြင္ လက္နက္ခ်အညံ့ခံခဲ့ၿပီးျဖစ္ေၾကာင္း၊ ထိုကိစၥႏွင့္ပတ္သက္၍ေနာက္ဆက္ တြဲ သတင္းမ်ားကို ယေန႔ ဇန္နဝါရီလ ၇ ရက္ေန႔တြင္ ထုတ္ျပန္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။
ထို႔ျပင္ ရကၡိဳင္ေဒသအတြင္း ရကၡိဳင့္တပ္ေတာ္ (AA) က လက္ရွိထိုးစစ္ဆင္ေနေသာ ဗ်ဴဟာကုန္းမ်ားမွ ေခါင္းေဆာင္မ်ားအေနျဖင့္ ေစတနာကို နားလည္ၿပီး ေစာလ်င္စြာဆုံးျဖတ္ခ်က္ခ်၍ လက္နက္ခ်အညံ့ခံရန္ ထပ္မံသတိေပးလိုက္ေၾကာင္း ညီေနာင္ ၃ ဖြဲ႕က တိုက္တြန္းသည္။
တစ္ဝက္တစ္ပ်က္က်န္ရွိေနေသးသည့္ မိမိတို႔သတ္မွတ္ထားေသာ ဗ်ဴဟာကုန္းမ်ားအားလုံးကို အၿပီးသတ္သိမ္းပိုက္ ရယူေရးအတြက္ ဆက္လက္ႀကိဳးပမ္းေနရင္း စစ္ဆင္ေရးႀကီး (၇၂) ရက္ေျမာက္ကို အေကာင္းဆုံးအေနအထားျဖင့္ ျဖတ္သန္းလ်က္ရွိၾကေၾကာင္း၊ ယမန္ေန႔ ရကၡိဳင္ျပည္၊ ေပါက္ေတာၿမိဳ႕တြင္ စစ္ေကာင္စီက၀ ေရေၾကာင္းျဖင့္ စစ္ကူအင္အားမ်ား ထပ္မံျဖည့္တင္းလာသည့္ အတြက္ ရကၡိဳင့္တပ္ေတာ္ (AA) ႏွင့္ ႏွစ္ဘက္ရင္ဆိုင္ထိေတြ႕တိုက္ပြဲမ်ားမွာ ယမန္ေန႔တစ္ေန႔လုံး ဆက္လက္ျပင္းထန္လ်က္ ရွိေၾကာင္း သိရွိရသည္။
အလားတူ စစ္ေကာင္စီ၏ ပလက္ဝၿမိဳ႕တြင္းရွိ အဓိကႏွင့္ အမာခံစခန္းကုန္းႀကီးမ်ားျဖစ္သည့္ “စကခ (၉)” ၊ “တပ္မ (၁၁)” ေရွ႕တန္းတပ္မဌာနခ်ဳပ္ (၂) ခု အပါအဝင္ ပလက္ဝ-ေက်ာက္‌‌ေတာ္အစပ္ရွိ “မီးဝဗ်ဴဟာကုန္း” မ်ားမွ က်န္ရွိေနေသးသည့္ စခန္းမ်ားအား အၿပီးသတ္သိမ္းပိုက္ႏိုင္ေရးအတြက္ ရကၡိဳင့္တပ္ေတာ္ (AA) က ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေၾကာင္း၊ ယမန္ေန႔ တစ္ေန႔လုံးနီးပါး ရန္သူ၏ စခန္းကုန္းမ်ားမွလည္း ပလက္ဝၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္သို႔ လက္နက္ႀကီးမ်ားျဖင့္ အဆက္မျပတ္ ပစ္ခတ္တိုက္ခိုက္ေနခဲ့ေၾကာင္း သိရွိရသည္။
ရကၡိဳင္ျပည္၊ ရမ္းၿဗဲၿမိဳ႕၊ ေက်ာက္ျဖဴ၊ မာန္ေအာင္၊ ဂြႏွင့္ သံတြဲၿမိဳ႕နယ္မ်ားတြင္ ေျမျပင္စစ္ကူအင္အား ေထာက္ပို႔ ေပးႏိုင္စြမ္းမရွိႏိုင္ေတာ့သည့္ စစ္ေကာင္စီသည္ ေရေၾကာင္းျဖင့္ လက္နက္၊ စစ္ကူအင္အားမ်ား ျဖည့္တင္းလ်က္ရွိကာ ေရေၾကာင္းအင္အားကို ယခုရက္မ်ားအတြင္း ေပၚေပၚထင္ထင္ ပိုမိုတိုးခ်ဲ႕လႈပ္ရွားလာေနေၾကာင္း သိရွိရသည္။
စစ္ေကာင္စီအေနျဖင့္ ရကၡိဳင္‌ေဒသရွိ ၎တို႔၏ အာဏာစက္လက္တစ္ဆုပ္စာသာက်န္ေတာ့သည့္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ စစ္ေကာင္စီဘက္မွ အရပ္သားျပည္သူမ်ားအား ကုန္းလမ္း၊ ေရလမ္းမ်ား ပိတ္ဆို႔ျဖတ္ေတာက္ထားၿပီး ၎တို႔၏ လက္က်န္ဂိတ္စခန္းမ်ားမွ အရပ္သားျပည္သူမ်ားအား လက္နက္အားကိုးျဖင့္ အႏိုင္က်င့္ဗိုလ္က်လ်က္ရွိေၾကာင္း AA က ထုတ္ျပန္ေျပာဆိုထားသည္။
ဇန္နဝါရီလ ၄ ရက္ေန႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕တြင္ ဗိုလ္မႉးခ်ဳပ္ ၆ ဦးႏွင့္ စစ္သည္ ၄၀၀၀‌ ေက်ာ္ အစုလိုက္ အၿပဳံလိုက္ လက္နက္ခ် အညံ့ခံၿပီးေနာက္ ဇန္နဝါရီလ ၆ ရက္ေန႔ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီဘက္မွ အစုလိုက္အၿပဳံလိုက္ လက္နက္ခ် အညံ့ခံမႈသည္ ဒုတိယေျမာက္ အစုလိုက္အၿပဳံလိုက္ လက္နက္ခ် အညံ့ခံမႈျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *