ယတြာအဆန်းတွေ အစွမ်းပြတာလည်းလွန်ရော

ဗျူဟာမြောက်ခံစစ်တဲ့တော့

လောက်ကိုင်ဒကစ၊ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားသော ယတြာတွေ့ရှိရ

ရန်ကုန်၊ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိထားသော လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်( ဒကစ)၊ ဆက်သွယ်ရေး တပ်ရင်း ၄ ရုံး၊ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားယတြာတွေ့ရှိရကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အဆိုပါမျောက်သုံးကောင်၏ဓာတ်ပုံကိုဇောက်ထိုး ချိတ်ဆွဲထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ မေးမြန်းရာ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် အထက်က ညွှန်ကြားသည့် ယတြာဖြစ်ကြောင်း သိရှိရသည်။

“လောက်ကိုင် ဒကစ ရဲ့ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူး ရုံးခန်းမှာ ချိတ်ထားတဲ့ ယတြာ။ မျောက်သုံးကောင်ပုံ ဇောက်ထိုးဆွဲပြီး ပြတင်းပေါက်မှာ သံနဲ့ ရိုက်ထားတာ” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ထံသို့ ယင်းကဲ့သို့ ယတြာချေရန် ညွှန်ကြားခြင်းရှိ၊ မရှိ မေးမြန်းရာ မျောက်သုံးကောင် ဓာတ်ပုံ ဇောက်ထိုး ချိတ်ဆွဲခိုင်းသည့် ယတြာကို အမှန်တကယ်ပင် စစ်ရုံးက ညွှန်ကြားချက်ဖြင့် ပြုလုပ်ခိုင်းခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်များအားလုံးတွင် မျောက်သုံးကောင် ဓာတ်ပုံကို ဇောက်ထိုးချိတ်ဆွဲ၍ ပြတင်းပေါက်တွင် ထားရန် နုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင်မူ ကိုးနဝင်း ယတြာ အဖြစ် နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်း၊ ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံး ရေပေါ် များ နံနက် ၉ နာရီမတိုင်ခင် ကပ်လှူခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

” နိုဝင်ဘာလဆန်းပိုင်းတုန်းက မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ရွတ်ပြီး ကျောက်ကျော၊ ဘယာကြော်၊ မုန့်လုံးရေပေါ် တွေ ကပ်လှူခိုင်းတာ မှတ်မိဦးမယ်ထင်တယ်။ အဲဒီညွှန်ကြားစာ လျှို့ဝှက်ကို ခေတ်သစ်မှာ ဖော်ပြခဲ့ဖူးတယ်။ အဲဒီတုန်းက ရှမ်းမြောက်က တပ်တွေ အကုန်လုံးကို မျောက်သုံးကောင်ဓာတ်ပုံ ဇောက်ထိုး ထားဖို့ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ယတြာတွင် မျောက်သုံးကောင်သည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို ရည်ညွှန်ခြင်းဖြစ်ကြောင်း သိရှိရပြီး စစ်ကောင်စီက ယတြာချေခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းရှိ တပ်များအားလုံးမှာ ယခုအခါ MNDAA ၊ AA နှင့် TNLA လက်အောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ေလာက္ကိုင္ဒကစ၊ ဆက္သြယ္ေရးတပ္ရင္း ၄ ဒုတပ္ရင္းမႉး႐ုံးခန္းတြင္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ လာေရာက္ မတိုက္ခိုက္ေစရန္ ေမ်ာက္သုံးေကာင္ဓာတ္ပုံကို ေဇာက္ထိုး ခ်ိတ္ဆြဲထားေသာ ယၾတာေတြ႕ရွိရ
ရန္ကုန္၊ ဇန္နဝါရီ ၇
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ MNDAA က သိမ္းပိုက္ရရွိထားေသာ ေလာက္ကိုင္ေဒသကြပ္ကဲမႈစစ္ဆင္ေရးဌာနခ်ဳပ္( ဒကစ)၊ ဆက္သြယ္ေရး တပ္ရင္း ၄ ႐ုံး၊ ဒုတပ္ရင္းမႉး႐ုံးခန္းတြင္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ လာေရာက္ မတိုက္ခိုက္ေစရန္ ေမ်ာက္သုံးေကာင္ဓာတ္ပုံကို ေဇာက္ထိုး ခ်ိတ္ဆြဲထားယၾတာေတြ႕ရွိရေၾကာင္း MNDAA သတင္းရင္းျမစ္ထံမွ သိရွိရသည္။
အဆိုပါေမ်ာက္သုံးေကာင္၏ဓာတ္ပုံကိုေဇာက္ထိုး ခ်ိတ္ဆြဲထားမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာသို႔ ေမးျမန္းရာ ေျမာက္ပိုင္းမဟာ မိတ္ ၃ ဖြဲ႕ လာေရာက္ မတိုက္ခိုက္ေစရန္ အထက္က ၫႊန္ၾကားသည့္ ယၾတာျဖစ္ေၾကာင္း သိရွိရသည္။
“ေလာက္ကိုင္ ဒကစ ရဲ႕ ဆက္သြယ္ေရးတပ္ရင္း ၄ ဒုတပ္ရင္းမႉး ႐ုံးခန္းမွာ ခ်ိတ္ထားတဲ့ ယၾတာ။ ေမ်ာက္သုံးေကာင္ပုံ ေဇာက္ထိုးဆြဲၿပီး ျပတင္းေပါက္မွာ သံနဲ႔ ႐ိုက္ထားတာ” ဟု ေရွ႕တန္းသတင္းရင္းျမစ္က ေျပာဆိုသည္။
ရန္ကုန္ေခတ္သစ္သတင္းဌာနက ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္ထံသို႔ ယင္းကဲ့သို႔ ယၾတာေခ်ရန္ ၫႊန္ၾကားျခင္းရွိ၊ မရွိ ေမးျမန္းရာ ေမ်ာက္သုံးေကာင္ ဓာတ္ပုံ ေဇာက္ထိုး ခ်ိတ္ဆြဲခိုင္းသည့္ ယၾတာကို အမွန္တကယ္ပင္ စစ္႐ုံးက ၫႊန္ၾကားခ်က္ျဖင့္ ျပဳလုပ္ခိုင္းခဲ့ေၾကာင္း၊ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ တပ္မ်ားအားလုံးတြင္ ေမ်ာက္သုံးေကာင္ ဓာတ္ပုံကို ေဇာက္ထိုးခ်ိတ္ဆြဲ၍ ျပတင္းေပါက္တြင္ ထားရန္ ႏုတ္မိန႔္ျဖင့္ ၫႊန္ၾကားခဲ့ေၾကာင္း၊ တစ္ႏိုင္ငံလုံးတြင္မူ ကိုးနဝင္း ယၾတာ အျဖစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွ ႏိုဝင္ဘာလ ၁၆ ရက္ေန႔အထိ မဟာသမယသုတ္ႏွင့္ ပရိတ္ႀကီး ၁၁ သုတ္ ႐ြတ္ဖတ္ျခင္း၊ ေက်ာက္ေက်ာ၊ ဘယာေၾကာ္ႏွင့္ မုန႔္လုံး ေရေပၚ မ်ား နံနက္ ၉ နာရီမတိုင္ခင္ ကပ္လႉျခင္းမ်ား ျပဳလုပ္ရန္ ၫႊန္ၾကားခဲ့ေၾကာင္း သိရွိရသည္။
” ႏိုဝင္ဘာလဆန္းပိုင္းတုန္းက မဟာသမယသုတ္နဲ႔ ပရိတ္ႀကီး ၁၁ သုတ္႐ြတ္ၿပီး ေက်ာက္ေက်ာ၊ ဘယာေၾကာ္၊ မုန႔္လုံးေရေပၚ ေတြ ကပ္လႉခိုင္းတာ မွတ္မိဦးမယ္ထင္တယ္။ အဲဒီၫႊန္ၾကားစာ လွ်ိဳ႕ဝွက္ကို ေခတ္သစ္မွာ ေဖာ္ျပခဲ့ဖူးတယ္။ အဲဒီတုန္းက ရွမ္းေျမာက္က တပ္ေတြ အကုန္လုံးကို ေမ်ာက္သုံးေကာင္ဓာတ္ပုံ ေဇာက္ထိုး ထားဖို႔ ႏႈတ္မိန႔္နဲ႔ ၫႊန္ၾကားခဲ့တာ” ဟု ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
အဆိုပါ ယၾတာတြင္ ေမ်ာက္သုံးေကာင္သည္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ကို ရည္ၫႊန္ျခင္းျဖစ္ေၾကာင္း သိရွိရၿပီး စစ္ေကာင္စီက ယၾတာေခ်ခဲ့သည့္ ရွမ္းျပည္ေျမာက္ပိုင္းရွိ တပ္မ်ားအားလုံးမွာ ယခုအခါ MNDAA ၊ AA ႏွင့္ TNLA လက္ေအာက္သို႔ ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *