၅လလောက်မကြာလောက်တော့ဘူးအဘရေ

ရန်ကုန်တိုင်းအတွင်းရှိ စေတီပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းအားလုံးတွင် ဥပ္ပါတသန္တိ ပရိတ်ရွတ် ယတြာချေပွဲများ အချိန် ၅ လ တိတိ လုပ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြား၊ ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ထမ်းများကို သံဃာများထံမှ ပရိတ်ဖတ်နည်းသင်ခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းအတွင်းရှိ စေတီ၊ ပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းအားလုံးတွင် ယတြာအနေဖြင့် ဥပ္ပါတသန္တိ ပရိတ် ရွတ်ဖတ်ပွဲများ အချိန် ၅ လတိတိ ကျင်းပရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားထားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဇန်နဝါရီလမှ မေလအတွင်း စေတီများ၊ သိမ်များ၊ ဘုန်း ကြီးများတွင် ယတြာအနေဖြင့် ဥပ္ပါတသန္တိ ပရိတ် ရွတ်ဖတ်ပွဲများ ကျင်းပရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မေလ ၃ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း အလှည့်ကျ ရွတ်ဖတ်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဥပ္ပါတသန္တိ ပရိတ် ရွတ်ဖတ်နည်းများ သံဃာများထံမှ သင်ခိုင်းထားကြောင်း၊ ယင်းနောက် ရန်ကုန်တိုင်းအတွင်းတွင် လှည့်လည် ရွတ်ဖတ်ခိုင်းကြောင်း သိရှိရသည်။

“ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ထမ်းတွေကို သံဃာတွေဆီကနေ ပရိတ် ရွတ်ဖတ်ပုံ ၊ရွတ်ဖတ်နည်းသင်ခိုင်းထားပါတယ်။ တပ်ဖွဲ့၊ ဌာန ၊တိုင်းစစ်ဌာန၊တိုင်းအစိုးရရုံးတွေမှာရွတ်ခိုင်းတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်း အလှည့် ကျရွတ်ဖတ်ခိုင်းသည့် မြို့နယ်များနှင့် စေတီ ပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းများမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့ အထိ ဆူးလေစေတီ၊ ကျောက်တံတားမြို့နယ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကိုးထပ်ကြီးဘုရား၊စမ်းချောင်းမြို့နယ်၊ ဇန်ဝါရီလ ၇ ရက်နေ့မှ ဇန်နဝါရီလ ၉ ရက်နေ့ အထိ ကြီးငါးကြီးဘုရား ကမာရွတ်မြို့နယ်၊ ဇန်န ဝါရီလ ၁၀ ရက်နေ့မှ ဇန်နဝါရီလ ၁၂ ရက်နေ့ အထိ အိမ်တော်ရာစေတီ၊ ဒဂုံမြို့နယ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ သိမ်တော်ကြီးစာသင်တိုက်၊ ပန်းဘဲတန်းမြို့နယ်၊ ဇန်ဝါရီလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ကမ္ဘာအေးစေတီ၊ မရမ်းကုန်းမြို့နယ် တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သရက်တောကျောင်းတိုက်၊ လမ်းမတော်မြို့နယ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ စွယ်တော်မြတ်စေတီ ၊လှိုင်မြို့နယ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မဟာဝိဇယစေတီ၊ လသာမြို့နယ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကြေးသွန်းဘုရား၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ဗဟန်းမြို့နယ်တို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဇန်နဝါရီလ မှ မေလ အထိ မဟာသကျမုနိရုပ်ပွားတောမြတ်ကြီး၊ ကြည့်မြင်တိုင်၊ ကျိုက်ခေါက်စေတီ၊ သန်လျင်၊ ရေလယ်စေတီ၊ ကျောက်တန်း၊ ဥတ္တမာနန္ဒကံသာစေတီ သုံးခွ၊ သကျမာရဇွန်သွန်းဘုရား ခရမ်းမြို့နယ်၊ ဓနုတ်စေတီ ဒလမြို့နယ်၊ရွှေဆံတော်စေတီ တွံတေး၊ မဟာတိလောကမှန်ကူကြေးသွန်းဘုရား ကွမ်းခြံကုန်း၊ သီရိဗလစေတီ ကော့မှူး၊ မိုးကောင်းစေတီ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကျောက်တော်ကြီးဘုရား၊ အင်းစိန်မြို့နယ် ၊ အောင်မြေသာယာဆုတောင်းပြည့်စေတီ လှိုင်သာယာ၊ ကျိုက်ကလော့စေတီမင်္ဂလာဒုံ၊ မြို့ဦးစေတီ ရွှေပြည်သာ၊ ရွှေမှော်တင်စေတီ မှော်ဘီမြို့၊ ရွှေဂူကြီးဘုရား ထန်းတပင်၊ ငါးထပ်ကြီးဘုရား လှည်းကူး၊ မြသက်သာစေတီ တိုက်ကြီး၊ သုဝဏ္ဏမြို့ဦးစေတီ သုဝဏ္ဏသင်္ဃန်းကျွန်းမြို့နယ်၊ ဥက္ကလာပမြို့ဦးစေတီ တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာပုညကာရီဓမ္မာရုံ တာမွေမြို့နယ် ၊မိုးကောင်းစေတီ ရန်ကင်းမြို့ ၊ဗိုလ်တထောင်စေတီ ဗိုလ်တထောင်မြို့နယ်၊ ရွှေဘုန်းပွင့်စေတီ ပုဇွန်တောင်မြို့နယ် ၊သာသနာ့ဟိတကာရီဓမ္မာရုံ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာသနာ့ဗိမာန် ဒေါပုံမြို့နယ်၊ ဇိနမာရ်အောင်စေတီ သာကေတမြို့နယ်၊ အောင်ဗောဓိစေတီ ဒဂုံတောင်မြို့နယ် ၊ မြို့ဦးစေတီ ဒဂုံမြောက်၊ အောင်သုခဗိမာန် ဒဂုံဆိပ်ကမ်း၊ သာသနာ့ရက္ခိတဓမ္မာရုံ ဒဂုံအရှေ့ ၊မယ်လမုစေတီ မြောက်ဥက္ကလာပမြို့နယ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ တစ်မြို့နယ် တစ်နေရာလျှင် ၃ ရက် ရွတ်ဖတ်ခိုင်းပြီး နံနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီ အချိန်အထိ ရွတ်ဖတ်ရမည်ဖြစ်ကြောင်း၊ မေလ ၃ ရက်နေ့တွင် ပရိတ်ရွတ်ပွဲများ ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

ဥပ္ပါတသန္တိ ပရိတ်တော်သည် ကပ်ကြီး ၃ ပါး ကျော်လွှားရန် အဓိက ရွတ်ဖတ်ပူဇော်ရသည့် ပရိတ်တရားတော်ဖြစ်ပြီး စစ်အာဏာရှင် သန်းရွှေလက်ထက်ကလည်း ယင်းကဲ့သို့ ဥပ္ပါတသန္တိ ပရိတ်တော်ကို ဘုရားစေတီများတွင် ဝန်ကြီးဌာန ဆိုင်ရာရုံးများကို သွားရောက် ရွတ်ဖတ်ခိုင်းခဲ့ဖူးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းစစ်ကောင်စီက ကိုးထပ်ကြီးဘုရားတွင် ပြုလုပ်ခဲ့သည့် ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ် ယတြာချေပွဲ။

ရန္ကုန္တိုင္းအတြင္းရွိ ေစတီပုထိုး၊ သိမ္ႏွင့္ ဘုန္းႀကီးေက်ာင္းအားလုံးတြင္ ဥပၸါတသႏၲိ ပရိတ္႐ြတ္ ယၾတာေခ်ပြဲမ်ား အခ်ိန္ ၅ လ တိတိ လုပ္ရန္ စစ္ေကာင္စီက ထပ္မံ ၫႊန္ၾကား၊ ကာကြယ္ေရးႏွင့္ျပည္ထဲေရးဝန္ထမ္းမ်ားကို သံဃာမ်ားထံမွ ပရိတ္ဖတ္နည္းသင္ခိုင္း
ရန္ကုန္၊ ဇန္နဝါရီ ၇
ရန္ကုန္တိုင္းအတြင္းရွိ ေစတီ၊ ပုထိုး၊ သိမ္ႏွင့္ ဘုန္းႀကီးေက်ာင္းအားလုံးတြင္ ယၾတာအေနျဖင့္ ဥပၸါတသႏၲိ ပရိတ္ ႐ြတ္ဖတ္ပြဲမ်ား အခ်ိန္ ၅ လတိတိ က်င္းပရန္ စစ္ေကာင္စီက ထပ္မံ ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။
ရန္ကုန္တိုင္းအတြင္းရွိ ဇန္နဝါရီလမွ ေမလအတြင္း ေစတီမ်ား၊ သိမ္မ်ား၊ ဘုန္း ႀကီးမ်ားတြင္ ယၾတာအေနျဖင့္ ဥပၸါတသႏၲိ ပရိတ္ ႐ြတ္ဖတ္ပြဲမ်ား က်င္းပရန္ စစ္ေကာင္စီက ထပ္မံ ၫႊန္ၾကားျခင္းျဖစ္ေၾကာင္း၊ ဇန္နဝါရီလ ၁ ရက္ေန႔မွ စတင္ၿပီး ေမလ ၃ ရက္ေန႔အထိ ရန္ကုန္တိုင္းအတြင္း အလွည့္က် ႐ြတ္ဖတ္ခိုင္းျခင္းျဖစ္ေၾကာင္း သိရွိရသည္။
စစ္ေကာင္စီက ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားကို ဥပၸါတသႏၲိ ပရိတ္ ႐ြတ္ဖတ္နည္းမ်ား သံဃာမ်ားထံမွ သင္ခိုင္းထားေၾကာင္း၊ ယင္းေနာက္ ရန္ကုန္တိုင္းအတြင္းတြင္ လွည့္လည္ ႐ြတ္ဖတ္ခိုင္းေၾကာင္း သိရွိရသည္။
“ကာကြယ္ေရး၊ ျပည္ထဲေရးဝန္ထမ္းေတြကို သံဃာေတြဆီကေန ပရိတ္ ႐ြတ္ဖတ္ပုံ ၊႐ြတ္ဖတ္နည္းသင္ခိုင္းထားပါတယ္။ တပ္ဖြဲ႕၊ ဌာန ၊တိုင္းစစ္ဌာန၊တိုင္းအစိုးရ႐ုံးေတြမွာ႐ြတ္ခိုင္းတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာဆိုသည္။
ရန္ကုန္တိုင္းအတြင္း အလွည့္ က်႐ြတ္ဖတ္ခိုင္းသည့္ ၿမိဳ႕နယ္မ်ားႏွင့္ ေစတီ ပုထိုး၊ သိမ္ႏွင့္ ဘုန္းႀကီးေက်ာင္းမ်ားမွာ ဇန္နဝါရီလ ၁ ရက္ေန႔မွ ဇန္နဝါရီလ ၃ ရက္ေန႔ အထိ ဆူးေလေစတီ၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဇန္နဝါရီလ ၄ ရက္ေန႔မွ ၆ ရက္ေန႔အထိ ကိုးထပ္ႀကီးဘုရား၊စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဇန္ဝါရီလ ၇ ရက္ေန႔မွ ဇန္နဝါရီလ ၉ ရက္ေန႔ အထိ ႀကီးငါးႀကီးဘုရား ကမာ႐ြတ္ၿမိဳ႕နယ္၊ ဇန္န ဝါရီလ ၁၀ ရက္ေန႔မွ ဇန္နဝါရီလ ၁၂ ရက္ေန႔ အထိ အိမ္ေတာ္ရာေစတီ၊ ဒဂုံၿမိဳ႕နယ္၊ ဇန္နဝါရီလ ၁၃ ရက္ေန႔မွ ဇန္နဝါရီလ ၁၅ ရက္ေန႔အထိ သိမ္ေတာ္ႀကီးစာသင္တိုက္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ဇန္ဝါရီလ ၁၆ ရက္ေန႔မွ ဇန္နဝါရီလ ၁၈ ရက္ေန႔အထိ ကမာၻေအးေစတီ၊ မရမ္းကုန္းၿမိဳ႕နယ္ တို႔ျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ျပင္ ဇန္နဝါရီလ ၁၉ ရက္ေန႔မွ ၂၁ ရက္ေန႔အထိ သရက္ေတာေက်ာင္းတိုက္၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ဇန္နဝါရီလ ၂၂ ရက္ေန႔မွ ၂၄ ရက္ေန႔အထိ စြယ္ေတာ္ျမတ္ေစတီ ၊လႈိင္ၿမိဳ႕နယ္၊ ဇန္နဝါရီလ ၂၅ ရက္ေန႔မွ ၂၇ ရက္ေန႔အထိ မဟာဝိဇယေစတီ၊ လသာၿမိဳ႕နယ္၊ ဇန္နဝါရီလ ၂၈ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ ေၾကးသြန္းဘုရား၊ ေ႐ႊတိဂုံဘုရားအေရွ႕ဘက္မုခ္၊ ဗဟန္းၿမိဳ႕နယ္တို႔ျဖစ္ေၾကာင္း သိရွိရသည္။
ယင္းေနာက္ ဇန္နဝါရီလ မွ ေမလ အထိ မဟာသက်မုနိ႐ုပ္ပြားေတာျမတ္ႀကီး၊ ၾကည့္ျမင္တိုင္၊ က်ိဳက္ေခါက္ေစတီ၊ သန္လ်င္၊ ေရလယ္ေစတီ၊ ေက်ာက္တန္း၊ ဥတၱမာနႏၵကံသာေစတီ သုံးခြ၊ သက်မာရဇြန္သြန္းဘုရား ခရမ္းၿမိဳ႕နယ္၊ ဓႏုတ္ေစတီ ဒလၿမိဳ႕နယ္၊ေ႐ႊဆံေတာ္ေစတီ တြံေတး၊ မဟာတိေလာကမွန္ကူေၾကးသြန္းဘုရား ကြမ္းၿခံကုန္း၊ သီရိဗလေစတီ ေကာ့မႉး၊ မိုးေကာင္းေစတီ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္၊ ေက်ာက္ေတာ္ႀကီးဘုရား၊ အင္းစိန္ၿမိဳ႕နယ္ ၊ ေအာင္ေျမသာယာဆုေတာင္းျပည့္ေစတီ လႈိင္သာယာ၊ က်ိဳက္ကေလာ့ေစတီမဂၤလာဒုံ၊ ၿမိဳ႕ဦးေစတီ ေ႐ႊျပည္သာ၊ ေ႐ႊေမွာ္တင္ေစတီ ေမွာ္ဘီၿမိဳ႕၊ ေ႐ႊဂူႀကီးဘုရား ထန္းတပင္၊ ငါးထပ္ႀကီးဘုရား လွည္းကူး၊ ျမသက္သာေစတီ တိုက္ႀကီး၊ သုဝဏၰၿမိဳ႕ဦးေစတီ သုဝဏၰသဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဥကၠလာပၿမိဳ႕ဦးေစတီ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေမတၱာပုညကာရီဓမၼာ႐ုံ တာေမြၿမိဳ႕နယ္ ၊မိုးေကာင္းေစတီ ရန္ကင္းၿမိဳ႕ ၊ဗိုလ္တေထာင္ေစတီ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ေ႐ႊဘုန္းပြင့္ေစတီ ပုဇြန္ေတာင္ၿမိဳ႕နယ္ ၊သာသနာ့ဟိတကာရီဓမၼာ႐ုံ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ သာသနာ့ဗိမာန္ ေဒါပုံၿမိဳ႕နယ္၊ ဇိနမာရ္ေအာင္ေစတီ သာေကတၿမိဳ႕နယ္၊ ေအာင္ေဗာဓိေစတီ ဒဂုံေတာင္ၿမိဳ႕နယ္ ၊ ၿမိဳ႕ဦးေစတီ ဒဂုံေျမာက္၊ ေအာင္သုခဗိမာန္ ဒဂုံဆိပ္ကမ္း၊ သာသနာ့ရကၡိတဓမၼာ႐ုံ ဒဂုံအေရွ႕ ၊မယ္လမုေစတီ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ အဆုံးသတ္မည္ျဖစ္ေၾကာင္း သိရွိရသည္။
ရန္ကုန္တိုင္းအတြင္းရွိ တစ္ၿမိဳ႕နယ္ တစ္ေနရာလွ်င္ ၃ ရက္ ႐ြတ္ဖတ္ခိုင္းၿပီး နံနက္ ၆ နာရီမွ မြန္းလြဲ ၃ နာရီ အခ်ိန္အထိ ႐ြတ္ဖတ္ရမည္ျဖစ္ေၾကာင္း၊ ေမလ ၃ ရက္ေန႔တြင္ ပရိတ္႐ြတ္ပြဲမ်ား ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရွိရသည္။
ဥပၸါတသႏၲိ ပရိတ္ေတာ္သည္ ကပ္ႀကီး ၃ ပါး ေက်ာ္လႊားရန္ အဓိက ႐ြတ္ဖတ္ပူေဇာ္ရသည့္ ပရိတ္တရားေတာ္ျဖစ္ၿပီး စစ္အာဏာရွင္ သန္းေ႐ႊလက္ထက္ကလည္း ယင္းကဲ့သို႔ ဥပၸါတသႏၲိ ပရိတ္ေတာ္ကို ဘုရားေစတီမ်ားတြင္ ဝန္ႀကီးဌာန ဆိုင္ရာ႐ုံးမ်ားကို သြားေရာက္ ႐ြတ္ဖတ္ခိုင္းခဲ့ဖူးေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ရန္ကုန္တိုင္းစစ္ေကာင္စီက ကိုးထပ္ႀကီးဘုရားတြင္ ျပဳလုပ္ခဲ့သည့္ ဥပၸါတသႏၲိ ပရိတ္ေတာ္ ႐ြတ္ဖတ္ ယၾတာေခ်ပြဲ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *