န.မ.ခ ‌(ထပ)ကိုဝေဟင်ကနေဆော်ထားတဲ့(ရုပ်သံ)

န.မ.ခ စစ်ဌာနချုပ် ထောက်ပို့တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ဇန်နဝါရီ၊ ၇

Operation Phoenix ဇာမဏီ စစ်ဆင်ရေး၏ တစိတ်တပိုင်း အဖြစ် န.မ.ခ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်နယ်ထောက်ပို့ တပ်ရင်း(ထပရ ၉၂၉) အတွင်းရှိ အရေးပါတဲ့ နေရာတစ်ခုကို Shar Htoo Waw နည်းပညာသုံး ဒရုန်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်လာပါတယ်။

လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသော ATR-72 Military Transport Aircraft အမျိုးအစားထောက်ပို့ လေယာဉ်သည် နမခ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ထောက်ပို့ဖို့ ရောက်ရှိလာကြောင်း သတင်းရရှိခဲ့တာကြောင့် တော်လှန်ရေး အင်အားစုတွေ ကအခုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

စစ်ဆင်ရေးကို KLG PDF – ကျောက်လုံးကြီး နှင့် Dragon Brothers Task Force – DBTF, Chindwin Brothers တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။

.မ.ခ စစ္ဌာနခ်ဳပ္ ေထာက္ပို႔တပ္ရင္းကို ဒ႐ုန္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ (႐ုပ္/သံ)
ဇန္နဝါရီ၊ ၇
Operation Phoenix ဇာမဏီ စစ္ဆင္ေရး၏ တစိတ္တပိုင္း အျဖစ္ န.မ.ခ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တပ္နယ္ေထာက္ပို႔ တပ္ရင္း(ထပရ ၉၂၉) အတြင္းရွိ အေရးပါတဲ့ ေနရာတစ္ခုကို Shar Htoo Waw နည္းပညာသုံး ဒ႐ုန္း အသုံးျပဳၿပီး တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္လာပါတယ္။
လက္နက္ႏွင့္ ရိကၡာမ်ားတင္ေဆာင္လာေသာ ATR-72 Military Transport Aircraft အမ်ိဳးအစားေထာက္ပို႔ ေလယာဥ္သည္ နမခ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ကို ေထာက္ပို႔ဖို႔ ေရာက္ရွိလာေၾကာင္း သတင္းရရွိခဲ့တာေၾကာင့္ ေတာ္လွန္ေရး အင္အားစုေတြ ကအခုစစ္ဆင္ေရးကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။
စစ္ဆင္ေရးကို KLG PDF – ေက်ာက္လုံးႀကီး ႏွင့္ Dragon Brothers Task Force – DBTF, Chindwin Brothers တို႔မွပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း အသိေပး ထုတ္ျပန္လာပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *