အဘထောက်ပို့ကထိရောက်လိုက်တာနော်

ရှင်မတောင်သို့ ရိက္ခာလာပို့သော စစ်တပ်ယာဉ် တိုက်ခိုက်ခံရ၊ ရိက္ခာနှင့် ကားသိမ်းဆည်းရရှိ

ဇန်နဝါရီလ ၇ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရှင်မတောင် ဒေသသို့ ရိက္ခာလာပို့သော စစ်ကောင်စီတပ်ယာဉ် တိုက်ခိုက်ခံရပြီး ကားတစ်စီးလုံး သိမ်းဆည်းခံလိုက်ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၄ ရက်က ရေစကြိုမြို့နယ်၊ ရှင်မတောင်ဒေသရှိ တပ်စခန်းထံ ရိက္ခာလာပို့သော စစ်ကောင်စီယာဥ်တစ်စီးတိုက်ခိုက်ခံရပြီး ရိက္ခာများအပါအဝင်ကားတစ်စီးလုံးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

“တိုင်းရင်းသားအဖွဲ့အစည်းတွေသိမ်းတာတွေအားကျလို့ ကိုယ်တွေလဲအားကျမခံပြန်သိမ်းထားပါတယ်”ဟု ဒေသတွင်း PDFရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ရိက္ခာကားပေါ်တွင် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်အပါအဝင် ရိက္ခာများ၊ ဆိုလာပြားများ၊ စစ်အသုံးအဆောင်ပစ္စည်းများ အများအပြား ပါဝင်သည်ကို တွေ့ရသည်။

စစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ်( ၂၊ ၃ ၊ ၁၀ ၊ ၁၇) တပ်ရင်းများနှင့်ပခုက္ကူ – ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂ ရက်ကတည်းက ရေစကြိုနယ် ရှင်မတောင်ပေါ်ရှိ စစ်တပ်စခန်းထံ ရိက္ခာပို့ရန် ထွက်လာခြင်းဖြစ်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထိုစစ်ကြောင်းကို နေ့စဥ်တိုက်ခိုက်ခဲ့သည်။

“ဒီဘက်(PDF)ကတော့ မရှိပါဘူး။ ဟိုဘက်ကတော့ အထိအခိုက်အကျအဆုံးများမယ်လို့ ထင်ပါတယ်။၂၀ လောက် ထိခိုက်တယ်လို့ သတင်းကြားမိပါတယ်။ ၁၄ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းကြားသိရပါတယ်”ဟု PDF အဖွဲ့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် အထိအခိုက်များ၍ ၎င်းတို့က ဇန်နဝါရီ ၃ ရကနှင့် ၄ ရက်တွင် MI-35 ရဟတ်ယာဥ်ဖြင့် ရှင်မတောင်ဒေသသို့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(သိမ်းဆည်းနိုင်ခဲ့သော ရိက္ခါကားအား တွေ့ရစဥ်။ ဓာတ်ပုံ-YU KI)

ရွင္မေတာင္သို႔ ရိကၡာလာပို႔ေသာ စစ္တပ္ယာဥ္ တိုက္ခိုက္ခံရ၊ ရိကၡာႏွင့္ ကားသိမ္းဆည္းရရွိ
ဇန္နဝါရီလ ၇ ရက္
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္ရွိ ရွင္မေတာင္ ေဒသသို႔ ရိကၡာလာပို႔ေသာ စစ္ေကာင္စီတပ္ယာဥ္ တိုက္ခိုက္ခံရၿပီး ကားတစ္စီးလုံး သိမ္းဆည္းခံလိုက္ရေၾကာင္း သတင္းရရွိသည္။
ဇန္နဝါရီ ၄ ရက္က ေရစႀကိဳၿမိဳ႕နယ္၊ ရွင္မေတာင္ေဒသရွိ တပ္စခန္းထံ ရိကၡာလာပို႔ေသာ စစ္ေကာင္စီယာဥ္တစ္စီးတိုက္ခိုက္ခံရၿပီး ရိကၡာမ်ားအပါအဝင္ကားတစ္စီးလုံးကို သိမ္းဆည္းႏိုင္ခဲ့ေၾကာင္း ေဒသတြင္းေတာ္လွန္ေရးအင္အားစုမ်ားက အသိေပးသည္။
“တိုင္းရင္းသားအဖြဲ႕အစည္းေတြသိမ္းတာေတြအားက်လို႔ ကိုယ္ေတြလဲအားက်မခံျပန္သိမ္းထားပါတယ္”ဟု ေဒသတြင္း PDFရဲေဘာ္တစ္ဦးက ေျပာသည္။
အဆိုပါ ရိကၡာကားေပၚတြင္ ဆန္၊ ဆီ၊ ပဲ၊ ၾကက္သြန္အပါအဝင္ ရိကၡာမ်ား၊ ဆိုလာျပားမ်ား၊ စစ္အသုံးအေဆာင္ပစၥည္းမ်ား အမ်ားအျပား ပါဝင္သည္ကို ေတြ႕ရသည္။
စစ္ဆင္ေရးကို ပခုကၠဴခ႐ိုင္ အမွတ္( ၂၊ ၃ ၊ ၁၀ ၊ ၁၇) တပ္ရင္းမ်ားႏွင့္ပခုကၠဴ – ပကဖတို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဒသတြင္းေတာ္လွန္ေရးအင္အားစုမ်ားထံ ဆက္သြယ္ေမးျမန္းရန္ႀကိဳးစားေသာ္လည္း ဆက္သြယ္၍ မရေသးေပ။
စစ္ေကာင္စီတပ္သည္ ဇန္နဝါရီ၂ ရက္ကတည္းက ေရစႀကိဳနယ္ ရွင္မေတာင္ေပၚရွိ စစ္တပ္စခန္းထံ ရိကၡာပို႔ရန္ ထြက္လာျခင္းျဖစ္ၿပီး ေဒသတြင္းေတာ္လွန္ေရးအင္အားစုမ်ားက ထိုစစ္ေၾကာင္းကို ေန႔စဥ္တိုက္ခိုက္ခဲ့သည္။
“ဒီဘက္(PDF)ကေတာ့ မရွိပါဘူး။ ဟိုဘက္ကေတာ့ အထိအခိုက္အက်အဆုံးမ်ားမယ္လို႔ ထင္ပါတယ္။၂၀ ေလာက္ ထိခိုက္တယ္လို႔ သတင္းၾကားမိပါတယ္။ ၁၄ေယာက္ ထိခိုက္ဒဏ္ရာရတယ္လို႔ သတင္းၾကားသိရပါတယ္”ဟု PDF အဖြဲ႕ႏွင့္နီးစပ္သည့္ ေဒသခံတစ္ဦးက ေျပာသည္။
စစ္ေကာင္စီတပ္ အထိအခိုက္မ်ား၍ ၎တို႔က ဇန္နဝါရီ ၃ ရကႏွင့္ ၄ ရက္တြင္ MI-35 ရဟတ္ယာဥ္ျဖင့္ ရွင္မေတာင္ေဒသသို႔ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ေသးသည္။
(သိမ္းဆည္းႏိုင္ခဲ့ေသာ ရိကၡါကားအား ေတြ႕ရစဥ္။ ဓာတ္ပုံ-YU KI)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *