လေဘဲတွေမိရင်ဒီတိုင်မထားသင့်တော့ဘူး(ရုပ်သံ)

ပြည်သူ ၁၁ ဦးထက်မနည်းသေဆုံးသော ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယန်ဘုရားရှိခိုးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ဗီဒီယို (ရုပ်/သံ)

ဇန်နဝါရီ ၇ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ ခရစ်ယာန် ဘုရား ရှိခိုးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၂ ဦး အပါ အဝင် ပြည်သူ ၁၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို A5 တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၄ လုံးကျဲချကြောင်း၊ ဘုရားရှိခိုးကျောင်း ဗုံးထိမှန်၍ ကလေးငယ် ၂ ဦး၊ ပြည်သူ ၉ ဦး စုစုပေါင်း ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။

“ကနန်းစံပြကျေးရွာ ဘုရားကျောင်းကို တိုက်လေယာဉ် A 5 တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကျဲချတာ ပြည်သူ ၉ ဦး သေဆုံးပါတယ်။ ကလေး ၂ ဦးလည်းသေတယ်။ အဲဒီအထဲကမှ တစ်စီ လိုက်ကောက်ရတာက ၃ ဦးရှိပါတယ်။ ဒဏ်ရာရသူအများအပြားရှိပါတယ်။ ဘုရားကျောင်းတက်နေသူ အများအပြား သေဆုံးဒဏ်ရာရပါတယ်။ ဒဏ်ရာရသူ စာရင်း အသေးစိတ်မသိရသေးပါဘူး။ တိုက်လေယာဉ်နဲ့ ထပ်လာကျဲမှာစိုးလို့ ဒဏ်ရာရသူတွေ ကယ်ထုတ်တာကို အမြန်လုပ်နေရပါတယ်။ သေဆုံးသူတိုးလာနိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းတွင် တိုက် ခိုက်သိမ်းပိုက်ထားခဲ့ကြောင်း သိရှိရသည်။

ျပည္သူ ၁၁ ဦးထက္မနည္းေသဆုံးေသာ ခမ္းပတ္ၿမိဳ႕၊ ကနန္းစံျပေက်း႐ြာ ခရစ္ယန္ဘုရားရွိခိုးေက်ာင္းကို စစ္တပ္က ေလယာဥ္ျဖင့္ ဗုံးက်ဲခ်မႈ ဗီဒီယို (႐ုပ္/သံ)
ဇန္နဝါရီ ၇ ရက္
စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္၊ ခမ္းပတ္ၿမိဳ႕၊ ကနန္းစံျပေက်း႐ြာ၊ အမွတ္ ၅ ရပ္ ကြက္ရွိ ခရစ္ယာန္ ဘုရား ရွိခိုးေက်ာင္းကို စစ္တပ္က ေလယာဥ္ျဖင့္ ဗုံးက်ဲခ်မႈ ကေလးငယ္ ၂ ဦး အပါ အဝင္ ျပည္သူ ၁၁ ဦးေသဆုံးေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။
ဇန္နဝါရီလ ၇ ရက္ေန႔ နံနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္ တမူးၿမိဳ႕နယ္၊ ခမ္းပတ္ၿမိဳ႕၊ ကနန္းစံျပေက်း႐ြာ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းကို A5 တိုက္ေလယာဥ္ျဖင့္ စစ္ေကာင္စီက ေပါင္ ၂၅၀ ဗုံး ၄ လုံးက်ဲခ်ေၾကာင္း၊ ဘုရားရွိခိုးေက်ာင္း ဗုံးထိမွန္၍ ကေလးငယ္ ၂ ဦး၊ ျပည္သူ ၉ ဦး စုစုေပါင္း ၁၁ ဦးေသဆုံးေၾကာင္း သိရွိရသည္။
“ကနန္းစံျပေက်း႐ြာ ဘုရားေက်ာင္းကို တိုက္ေလယာဥ္ A 5 တိုက္ေလယာဥ္နဲ႔ ေပါင္ ၂၅၀ ဗုံး ၄ လုံး က်ဲခ်တာ ျပည္သူ ၉ ဦး ေသဆုံးပါတယ္။ ကေလး ၂ ဦးလည္းေသတယ္။ အဲဒီအထဲကမွ တစ္စီ လိုက္ေကာက္ရတာက ၃ ဦးရွိပါတယ္။ ဒဏ္ရာရသူအမ်ားအျပားရွိပါတယ္။ ဘုရားေက်ာင္းတက္ေနသူ အမ်ားအျပား ေသဆုံးဒဏ္ရာရပါတယ္။ ဒဏ္ရာရသူ စာရင္း အေသးစိတ္မသိရေသးပါဘူး။ တိုက္ေလယာဥ္နဲ႔ ထပ္လာက်ဲမွာစိုးလို႔ ဒဏ္ရာရသူေတြ ကယ္ထုတ္တာကို အျမန္လုပ္ေနရပါတယ္။ ေသဆုံးသူတိုးလာႏိုင္ပါတယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
ခမ္းပတ္ၿမိဳ႕ကို ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ဆန္းပိုင္းတြင္ တိုက္ ခိုက္သိမ္းပိုက္ထားခဲ့ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *