Breaking News-ကွတ်ခိုင်အသာတစ်ကြည်ဆို့အောက်

Breaking News-: ကွတ်ခိုင်မှ စစ်‌ကောင်စီတပ်များ လက်နက်ချ၊ မြို့ကို PSLF/TNLA သိမ်းယူ

—————–

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် PSLF/TNLA က ယနေ့ (ဇန်နဝါရီ ၇ ရက်) တွင် သိမ်းပိုက်လိုက်ပြီဟု သိရသည်။

ကွတ်ခိုင်မြို့ရှိ အခြေချစစ်ဗျူဟာတပ်စခန်းကို သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း PSLF/TNLA နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယနေ့ ညနေပိုင်းတွင် အတည်ပြုသည်။

ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁) နှင့် ရပ်ကွက် (၂) အနီး အခြေစိုက်ထားပြီး ရဟတ်ယာဉ်ကွင်းလည်းရှိသည့် အခြေချစစ်ဗျူဟာတပ်စခန်းက TNLA ထံ လက်နက်ချရန် ကမ်းလှမ်းပြီးနောက် မြို့မှ ထွက်ခွာရန် နှစ်ဖက်ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။

ယခုသတင်းရေးသားနေချိန်အတွင်း စစ်ကောင်စီတပ် အရာရှိစစ်သည် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ ကွတ်ခိုင်မြို့မှ ၄၆ မိုင်အကွာရှိ လားရှိုးမြို့သို့ ကားများဖြင့် ထွက်ခွာနေကြပြီဟု သိရသည်။ မည်သည့်အရာထူးအဆင့်များ ပါဝင်သည်ကိုမူ အတည်မပြုနိုင်သေးပါ။

ဒီဇင်ဘာ ၃၁ ရက်နေ့မှစ၍ PSLF/TNLA နှင့် မဟာမိတ်တပ်များက ကွတ်ခိုင်မြို့ကို စတင်တိုက်ခိုက်ကြခြင်းဖြစ်ပြီး ၈ ရက်အကြာတွင် သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ပထမပတ်အတွင်းက ကွတ်ခိုင်မြို့အခြေစိုက် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ ဘက်ပြောင်းခိုလှုံခဲ့ကြသည်။

ကွတ်ခိုင်ဗျူဟာတပ်သည် အနီးတစ်ဝိုက်ရှိ နမ့်ဖက်ကာ၊ တာမိုးညဲ၊ မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲနေသည့် ဗျူဟာမှူး၏ အထိုင်ချတပ်စခန်းဖြစ်ပြီး အမြောက်တပ်၊ ရဟတ်ယာဉ်ကွင်းနှင့် တပ်စခန်းနေရာကျယ်ပြန့်သည့် အခိုင်အမာတပ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု၊ သုံ့ပန်းဖမ်းဆီးရမိမှု စသည့် တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို Myanmar Now အနေဖြင့် မသိရသေးသလို တအာင်းတပ်မတော်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

မြောက်ပိုင်းမဟာမိတ်တပ်များက ကွတ်ခိုင်ကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကြိုတင် သတိပေးခဲ့သောကြောင့် မြို့ခံအများစုသည် ပြီးခဲ့သည့် သီတင်းပတ်များကတည်းက နီးစပ်ရာကျေးရွာများသို့ သွားရောက် တိမ်းရှောင်ခဲ့ကြပြီး ဒေသခံတချို့သာ မြို့ပေါ်တွင် ကျန်ရစ်သည်။

ကွတ်ခိုင်မြို့နယ်၏ အရှေ့ဘက်တွင် ကွမ်းလုံမြို့နယ်၊ တောင်ဘက်တွင် သိန္နီ၊ အနောက်ဘက်တွင် နမ့်ခမ်း၊ နမ္မတူ၊ မြောက်ဘက်တွင် မူဆယ်မြို့နယ်တို့နှင့် နိမိတ်ထိစပ်လျက်ရှိသည်။

မြို့ဧရိယာစတုရန်းမိုင် ၉.၃၇၀ ကျယ်ဝန်းပြီး ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၆၈ စုဖြင့် ဖွဲ့စည်းထားသော ကွတ်ခိုင်မြို့တွင် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ လူဦးရေ ၄၄၀၄၄ နေထိုင်လျက်ရှိသည်။

ကွတ်ခိုင်မြို့တွင် မုန်းဝန်း(ဗမာ) လူမျိုး ၂၈ ရာခိုင်နှုန်း၊ ပလောင်လူမျိုး ၂၄ ရာခိုင်နှုန်း၊ ကချင်လူမျိုး ၂၃ ရာခိုင်နှုန်း အများဆုံးနေထိုင်ကြသည်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

TNLA သည် ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ အပါအဝင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ တွင် နမ့်ဆန်၊ ဒီဇင်ဘာ ၁၉ တွင် နမ့်ခမ်း၊ ဒီဇင်ဘာ ၂၂ တွင် မန်တုံ၊ ဒီဇင်ဘာ ၂၈ တွင် နမ္မတူ၊ ဒီဇင်ဘာ ၃၁ တွင် မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ပြီးဖြစ်၍ ယခု ကွတ်ခိုင်မြို့နယ်သည် ၇ မြို့မြောက် သိမ်းပိုက်လိုက်သည့်မြို့ဖြစ်သည်။

ကွတ်ခိုင်မြို့သည် ကွတ်ခိုင်ခရိုင်အတွင်း ပါဝင်လျက်ရှိရာ TNLA အနေဖြင့် ခရိုင်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် တာမိုးညဲမြို့သာ ကျန်ရှိတော့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ စင့်ကင်ရွာတပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ဇန်နဝါရီ ၅ ရက်နေ့အထိ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (အကြီး/အသေး) ၇၆ ခုကို သိမ်းပိုက်ထားသည်။

လားရှိုး-မူဆယ်လမ်းပေါ်ရှိ ကျောက်မဲနှင့် သိန္နီမြို့နယ်တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များ ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါက စစ်ကောင်စီတပ်၏ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) သည် ဝိုင်းပတ်ပိတ်ဆို့ခံရသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ကိုးကန့်ဒေသတွင်လည်း စစ်ကောင်စီတပ်၏ လောက်ကိုင်မြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုလုံး လက်နက်ချအညံ့ခံကြပြီးနောက် ကိုးကန့်‌ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု ကိုးကန့်တပ်မတော် MNDAA က ယမန်နေ့ (ဇန်နဝါရီ ၆ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံဘက်သို့ ကျည်မကျရေးနှင့် တပ်မိသားစုများလုံခြုံရေးတို့ကြောင့် လက်နက်ချလိုက်ကြခြင်းဖြစ်ကြောင်း စစ်တပ်ဘက်ယိမ်းသည့် Popular News သတင်းဌာနကို ယမန်နေ့ (ဇန်နဝါရီ ၆ ရက်) တွင် ဖြေကြားထားသည်။

အရှေ့တောင်အာရှတွင် အင်အားအတောင့်တင်းဆုံး စစ်တပ်တစ်ခုအဖြစ် နိုင်ငံတကာစစ်ရေးအကဲခတ်များ သတ်မှတ်ထားခဲ့ကြသော မြန်မာစစ်တပ်၏ ပြိုလဲနိုင်ခြေရှိမှုကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ပေါ်ပေါက်လာသော “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ပထမဆုံး မြင်တွေ့လာရပြီဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။

Breaking News-: ကြတ္ခိုင္မွ စစ္‌ေကာင္စီတပ္မ်ား လက္နက္ခ်၊ ၿမိဳ႕ကို PSLF/TNLA သိမ္းယူ
—————–
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕ကို တအာင္းတပ္မေတာ္ PSLF/TNLA က ယေန႔ (ဇန္နဝါရီ ၇ ရက္) တြင္ သိမ္းပိုက္လိုက္ၿပီဟု သိရသည္။
ကြတ္ခိုင္ၿမိဳ႕ရွိ အေျခခ်စစ္ဗ်ဴဟာတပ္စခန္းကို သိမ္းပိုက္ၿပီးေနာက္ ကြတ္ခိုင္ၿမိဳ႕ကို အၿပီးသတ္ သိမ္းပိုက္လိုက္ၿပီျဖစ္ေၾကာင္း PSLF/TNLA ႏွင့္ နီးစပ္သူတစ္ဦးက Myanmar Now ကို ယေန႔ ညေနပိုင္းတြင္ အတည္ျပဳသည္။
ကြတ္ခိုင္ၿမိဳ႕၊ ရပ္ကြက္ (၁) ႏွင့္ ရပ္ကြက္ (၂) အနီး အေျခစိုက္ထားၿပီး ရဟတ္ယာဥ္ကြင္းလည္းရွိသည့္ အေျခခ်စစ္ဗ်ဴဟာတပ္စခန္းက TNLA ထံ လက္နက္ခ်ရန္ ကမ္းလွမ္းၿပီးေနာက္ ၿမိဳ႕မွ ထြက္ခြာရန္ ႏွစ္ဖက္ညႇိႏႈိင္းခဲ့ၾကသည္ဟု သိရသည္။
ယခုသတင္းေရးသားေနခ်ိန္အတြင္း စစ္ေကာင္စီတပ္ အရာရွိစစ္သည္ တပ္ဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ား ကြတ္ခိုင္ၿမိဳ႕မွ ၄၆ မိုင္အကြာရွိ လားရႈိးၿမိဳ႕သို႔ ကားမ်ားျဖင့္ ထြက္ခြာေနၾကၿပီဟု သိရသည္။ မည္သည့္အရာထူးအဆင့္မ်ား ပါဝင္သည္ကိုမူ အတည္မျပဳႏိုင္ေသးပါ။
ဒီဇင္ဘာ ၃၁ ရက္ေန႔မွစ၍ PSLF/TNLA ႏွင့္ မဟာမိတ္တပ္မ်ားက ကြတ္ခိုင္ၿမိဳ႕ကို စတင္တိုက္ခိုက္ၾကျခင္းျဖစ္ၿပီး ၈ ရက္အၾကာတြင္ သိမ္းပိုက္လိုက္ႏိုင္ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာ ပထမပတ္အတြင္းက ကြတ္ခိုင္ၿမိဳ႕အေျခစိုက္ ေကာင္းခါးျပည္သူ႔စစ္တပ္ဖြဲ႕လည္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ထံ ဘက္ေျပာင္းခိုလႈံခဲ့ၾကသည္။
ကြတ္ခိုင္ဗ်ဴဟာတပ္သည္ အနီးတစ္ဝိုက္ရွိ နမ့္ဖက္ကာ၊ တာမိုးညဲ၊ မုံးစီးေဒသရွိ တပ္စခန္းမ်ားကို ကြပ္ကဲေနသည့္ ဗ်ဴဟာမႉး၏ အထိုင္ခ်တပ္စခန္းျဖစ္ၿပီး အေျမာက္တပ္၊ ရဟတ္ယာဥ္ကြင္းႏွင့္ တပ္စခန္းေနရာက်ယ္ျပန႔္သည့္ အခိုင္အမာတပ္ျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
လက္နက္ခဲယမ္းသိမ္းဆည္းရရွိမႈ၊ သုံ႔ပန္းဖမ္းဆီးရမိမႈ စသည့္ တိုက္ပြဲျဖစ္စဥ္အေသးစိတ္ကို Myanmar Now အေနျဖင့္ မသိရေသးသလို တအာင္းတပ္မေတာ္ကလည္း သတင္းထုတ္ျပန္ျခင္းမရွိေသးပါ။
ေျမာက္ပိုင္းမဟာမိတ္တပ္မ်ားက ကြတ္ခိုင္ကို တိုက္ခိုက္ေတာ့မည္ျဖစ္ေၾကာင္း ႀကိဳတင္ သတိေပးခဲ့ေသာေၾကာင့္ ၿမိဳ႕ခံအမ်ားစုသည္ ၿပီးခဲ့သည့္ သီတင္းပတ္မ်ားကတည္းက နီးစပ္ရာေက်း႐ြာမ်ားသို႔ သြားေရာက္ တိမ္းေရွာင္ခဲ့ၾကၿပီး ေဒသခံတခ်ိဳ႕သာ ၿမိဳ႕ေပၚတြင္ က်န္ရစ္သည္။
ကြတ္ခိုင္ၿမိဳ႕နယ္၏ အေရွ႕ဘက္တြင္ ကြမ္းလုံၿမိဳ႕နယ္၊ ေတာင္ဘက္တြင္ သိႏၷီ၊ အေနာက္ဘက္တြင္ နမ့္ခမ္း၊ နမၼတူ၊ ေျမာက္ဘက္တြင္ မူဆယ္ၿမိဳ႕နယ္တို႔ႏွင့္ နိမိတ္ထိစပ္လ်က္ရွိသည္။
ၿမိဳ႕ဧရိယာစတုရန္းမိုင္ ၉.၃၇၀ က်ယ္ဝန္းၿပီး ရပ္ကြက္ ၈ ခု၊ ေက်း႐ြာအုပ္စု ၆၈ စုျဖင့္ ဖြဲ႕စည္းထားေသာ ကြတ္ခိုင္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန စာရင္းအရ လူဦးေရ ၄၄၀၄၄ ေနထိုင္လ်က္ရွိသည္။
ကြတ္ခိုင္ၿမိဳ႕တြင္ မုန္းဝန္း(ဗမာ) လူမ်ိဳး ၂၈ ရာခိုင္ႏႈန္း၊ ပေလာင္လူမ်ိဳး ၂၄ ရာခိုင္ႏႈန္း၊ ကခ်င္လူမ်ိဳး ၂၃ ရာခိုင္ႏႈန္း အမ်ားဆုံးေနထိုင္ၾကသည္ကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ထုတ္ျပန္သည့္ စာရင္းအရ သိရသည္။
TNLA သည္ ေက်ာက္မဲၿမိဳ႕နယ္ရွိ မိုင္းလုံၿမိဳ႕ အပါအဝင္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာ ၁၅ တြင္ နမ့္ဆန္၊ ဒီဇင္ဘာ ၁၉ တြင္ နမ့္ခမ္း၊ ဒီဇင္ဘာ ၂၂ တြင္ မန္တုံ၊ ဒီဇင္ဘာ ၂၈ တြင္ နမၼတူ၊ ဒီဇင္ဘာ ၃၁ တြင္ မိုင္းေငါ့ၿမိဳ႕တို႔ကို သိမ္းပိုက္ၿပီးျဖစ္၍ ယခု ကြတ္ခိုင္ၿမိဳ႕နယ္သည္ ၇ ၿမိဳ႕ေျမာက္ သိမ္းပိုက္လိုက္သည့္ၿမိဳ႕ျဖစ္သည္။
ကြတ္ခိုင္ၿမိဳ႕သည္ ကြတ္ခိုင္ခ႐ိုင္အတြင္း ပါဝင္လ်က္ရွိရာ TNLA အေနျဖင့္ ခ႐ိုင္တစ္ခုလုံးကို သိမ္းပိုက္ႏိုင္ရန္ တာမိုးညဲၿမိဳ႕သာ က်န္ရွိေတာ့ျခင္းျဖစ္သည္။
ဇန္နဝါရီ ၅ ရက္ေန႔ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုးမိတ္ၿမိဳ႕အေရွ႕ဘက္ ၆ မိုင္ခန႔္အကြာရွိ စစ္ေကာင္စီ၏ စင့္ကင္႐ြာတပ္စခန္းကို TNLA ႏွင့္ ပူးေပါင္းတပ္မ်ား သိမ္းပိုက္ခဲ့သည္။
၁၀၂၇ စစ္ဆင္ေရးစတင္ၿပီးေနာက္ ဇန္နဝါရီ ၅ ရက္ေန႔အထိ TNLA က ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ စစ္ေကာင္စီတပ္စခန္း (အႀကီး/အေသး) ၇၆ ခုကို သိမ္းပိုက္ထားသည္။
လားရႈိး-မူဆယ္လမ္းေပၚရွိ ေက်ာက္မဲႏွင့္ သိႏၷီၿမိဳ႕နယ္တို႔ကို ေျမာက္ပိုင္းညီေနာင္မဟာမိတ္တပ္မ်ား ဆက္လက္ထိန္းခ်ဳပ္ႏိုင္ခဲ့ပါက စစ္ေကာင္စီတပ္၏ လားရႈိးၿမိဳ႕အေျခစိုက္ အေရွ႕ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (ရမခ) သည္ ဝိုင္းပတ္ပိတ္ဆို႔ခံရသည့္ အေျခအေနသို႔ ေရာက္ရွိသြားမည္ျဖစ္သည္။
ကိုးကန္႔ေဒသတြင္လည္း စစ္ေကာင္စီတပ္၏ ေလာက္ကိုင္ၿမိဳ႕ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္တစ္ခုလုံး လက္နက္ခ်အညံ့ခံၾကၿပီးေနာက္ ကိုးကန႔္‌ေဒသတစ္ခုလုံးကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီဟု ကိုးကန္႔တပ္မေတာ္ MNDAA က ယမန္ေန႔ (ဇန္နဝါရီ ၆ ရက္) တြင္ ထုတ္ျပန္ေၾကညာသည္။
ေလာက္ကိုင္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လက္နက္ခ်ျခင္းႏွင့္ပတ္သက္၍ စစ္ေကာင္စီျပန္ၾကားေရးအရာရွိ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တ႐ုတ္ႏိုင္ငံဘက္သို႔ က်ည္မက်ေရးႏွင့္ တပ္မိသားစုမ်ားလုံၿခဳံေရးတို႔ေၾကာင့္ လက္နက္ခ်လိုက္ၾကျခင္းျဖစ္ေၾကာင္း စစ္တပ္ဘက္ယိမ္းသည့္ Popular News သတင္းဌာနကို ယမန္ေန႔ (ဇန္နဝါရီ ၆ ရက္) တြင္ ေျဖၾကားထားသည္။
အေရွ႕ေတာင္အာရွတြင္ အင္အားအေတာင့္တင္းဆုံး စစ္တပ္တစ္ခုအျဖစ္ ႏိုင္ငံတကာစစ္ေရးအကဲခတ္မ်ား သတ္မွတ္ထားခဲ့ၾကေသာ ျမန္မာစစ္တပ္၏ ၿပိဳလဲႏိုင္ေျခရွိမႈကို ၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္း ေပၚေပါက္လာေသာ “၁၀၂၇ စစ္ဆင္ေရး” ေၾကာင့္ ပထမဆုံး ျမင္ေတြ႕လာရၿပီဟုလည္း ေလ့လာသူမ်ားက သုံးသပ္ၾကသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *