ဘောမတွေဘယ်ရောက်နေလဲ အဘတပ်လူလိုနေတယ်လေ

နမ့်စန်ကကျေးရွာတွေမှာ မန်းကျန်းပြည်သူစစ်အဖွဲ့ အဓမ္မတပ်သားစုဆောင်း

မဲခေါင်၊ ဇန်နဝါရီ ၇

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ စစ်ကောင်စီလက်အောက်ခံ မန်းကျန်းပြည်သူစစ်တပ်ဖွဲ့က ကျေးရွာတစ်ရွာကို အမျိုးသား ၁၀ဦးအထက် စစ်သားလုပ်ဖို့ အဓမ္မခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်းက ဘန့်ဟင်ကျေးရွာအုပ်စုနဲ့ ဝမ်းခိုင်းကျေးရွာအုပ်စုတွေမှာ ကျေးရွာသူကြီးတွေကို အမိန့်စာတွေနဲ့ လာပေးခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း စစ်သားပို့ဆောင်းပေးဖို့ ညွှန်ကြားလာတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တစ်ချို့ရွာတွေဆိုရင် သူကြီးကိုယ်တိုင်သွားတယ်။ တစ်အိမ်မှာ အမျိုးသား ၂ယောက်ရှိရင်တော့ တစ်ယောက်သွားရတယ်။ အမျိုးသားမရှိတဲ့အိမ်တွေဆိုရင် ပိုက်ဆံပေးရတယ်။ သူတို့သတ်မှတ်ထားတဲ့ တစ်ရွာကို ၁၀ယောက်ဆိုရင် သွားမယ်သူက ၈ယောက်ဆိုရင် ကျန်တဲ့ ၂ ယောက်ကိုတော့ ဝယ်ထည့်ရတယ် တစ်ယောက်ကို သိန်း၅၀ ကျော်တယ်ပေးရတယ်” သူက လို့ပြောပါတယ်။

ကျေးရွာအုပ်စု ၂စုမှာ ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေ မပို့ဆောင်နိုင်ခဲ့တဲ့ ကျေးရွာတစ်ချို့တွေကို ဝင်ရောက်ဖမ်းဆီးမယ်လို့ မန်းကျန်းပြည်သူစစ်တွေ ခြိမ်းခြောက်ခဲ့တာကြောင့် ဇန်နဝါရီလ ဒုတိယအပတ်မှာပဲ ပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဒီလို တပ်သားစုဆောင်းတာကြောင့် လူငယ်ပိုင်းနဲ့ လူလတ်ပိုင်း အမျိုးသားအများစုဟာ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးလာတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့အိမ်မှာက ကျနော်အဖေနဲ့ရှိတယ်။ အဲ့တာကို တစ်ယောက်သွားရမယ်တဲ့။ ကျနော်က မိသားစုကိုရှာကျွေးရတယ်။ ကျနော်အမျိုးသမီးလည်း ကိုယ်ဝန်ရှိတော့ ဘယ်လိုမှသွားလို့မရဘူး။ အဲ့တာကြောင့် မိသားစုအလိုက် ထိုင်းနိုင်ငံဘက်ကို လာခဲ့ရတယ်” လို့ သူက ပြောပါတယ်။

နမ့်စန်မြို့မှာ ပြည်သူစစ်တပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို အဓမ္မတပ်သားသစ် စုဆောင်းလေ့ရှိပြီး တချို့ကျေးရွာတွေဟာ တပ်သားမပေးနိုင်တာကြောင့် ငွေကြေးသိန်းရာချီပေးကာ တောင်ပန်းရတယ်လို့ ထိုင်းနိုင်ငံကို မိသားစုလိုက်ထွက်ပြေးလာတဲ့ အဲဒီအမျိုးသာက ဆက်ပြောပါတယ်။

နမ့်စန်မြို့နယ်ဟာ ပြည်သူစစ်တပ်ဖွဲ့တွေ အများအပြား အခြေစိုက်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး နားရိုင်းပြည်သူစစ်၊ မန်းကျန်းပြည်သူစစ်၊ နားပွဲပြည်သူစစ်၊ SSS ပြည်သူစစ်တပ်ဖွဲ့တွေ အဓိက အခြေစိုက်ရာမြို့လည်း ဖြစ်ပါတယ်။

နမ့္စန္ကေက်း႐ြာေတြမွာ မန္းက်န္းျပည္သူစစ္အဖြဲ႕ အဓမၼတပ္သားစုေဆာင္း
မဲေခါင္၊ ဇန္နဝါရီ ၇
ရွမ္းျပည္ေတာင္ပိုင္း၊ နမ့္စန္ၿမိဳ႕နယ္ထဲက ေက်း႐ြာတစ္ခ်ိဳ႕မွာ စစ္ေကာင္စီလက္ေအာက္ခံ မန္းက်န္းျပည္သူစစ္တပ္ဖြဲ႕က ေက်း႐ြာတစ္႐ြာကို အမ်ိဳးသား ၁၀ဦးအထက္ စစ္သားလုပ္ဖို႔ အဓမၼေခၚေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၃ခုႏွစ္ ႏိုဝင္ဘာလကတည္းက ဘန႔္ဟင္ေက်း႐ြာအုပ္စုနဲ႔ ဝမ္းခိုင္းေက်း႐ြာအုပ္စုေတြမွာ ေက်း႐ြာသူႀကီးေတြကို အမိန္႔စာေတြနဲ႔ လာေပးခဲ့တာျဖစ္ၿပီး သတ္မွတ္ထားတဲ့အခ်ိန္အတြင္း စစ္သားပို႔ေဆာင္းေပးဖို႔ ၫႊန္ၾကားလာတယ္လို႔ ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။
“တစ္ခ်ိဳ႕႐ြာေတြဆိုရင္ သူႀကီးကိုယ္တိုင္သြားတယ္။ တစ္အိမ္မွာ အမ်ိဳးသား ၂ေယာက္ရွိရင္ေတာ့ တစ္ေယာက္သြားရတယ္။ အမ်ိဳးသားမရွိတဲ့အိမ္ေတြဆိုရင္ ပိုက္ဆံေပးရတယ္။ သူတို႔သတ္မွတ္ထားတဲ့ တစ္႐ြာကို ၁၀ေယာက္ဆိုရင္ သြားမယ္သူက ၈ေယာက္ဆိုရင္ က်န္တဲ့ ၂ ေယာက္ကိုေတာ့ ဝယ္ထည့္ရတယ္ တစ္ေယာက္ကို သိန္း၅၀ ေက်ာ္တယ္ေပးရတယ္” သူက လို႔ေျပာပါတယ္။
ေက်း႐ြာအုပ္စု ၂စုမွာ ေက်း႐ြာေပါင္း ၁၀ ႐ြာေက်ာ္ရွိၿပီး ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလအတြင္းမွာ သတ္မွတ္ထားတဲ့လူဦးေရ မပို႔ေဆာင္ႏိုင္ခဲ့တဲ့ ေက်း႐ြာတစ္ခ်ိဳ႕ေတြကို ဝင္ေရာက္ဖမ္းဆီးမယ္လို႔ မန္းက်န္းျပည္သူစစ္ေတြ ၿခိမ္းေျခာက္ခဲ့တာေၾကာင့္ ဇန္နဝါရီလ ဒုတိယအပတ္မွာပဲ ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာပါတယ္။
ရွမ္းျပည္နယ္အတြင္းမွာ ဒီလို တပ္သားစုေဆာင္းတာေၾကာင့္ လူငယ္ပိုင္းနဲ႔ လူလတ္ပိုင္း အမ်ိဳးသားအမ်ားစုဟာ ထိုင္းႏိုင္ငံကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ထြက္ေျပးလာတဲ့ အမ်ိဳးသားတစ္ဦးက ေျပာပါတယ္။
“က်ေနာ္တို႔အိမ္မွာက က်ေနာ္အေဖနဲ႔ရွိတယ္။ အဲ့တာကို တစ္ေယာက္သြားရမယ္တဲ့။ က်ေနာ္က မိသားစုကိုရွာေကြၽးရတယ္။ က်ေနာ္အမ်ိဳးသမီးလည္း ကိုယ္ဝန္ရွိေတာ့ ဘယ္လိုမွသြားလို႔မရဘူး။ အဲ့တာေၾကာင့္ မိသားစုအလိုက္ ထိုင္းႏိုင္ငံဘက္ကို လာခဲ့ရတယ္” လို႔ သူက ေျပာပါတယ္။
နမ့္စန္ၿမိဳ႕မွာ ျပည္သူစစ္တပ္ဖြဲ႕ေတြဟာ မၾကာခဏဆိုသလို အဓမၼတပ္သားသစ္ စုေဆာင္းေလ့ရွိၿပီး တခ်ိဳ႕ေက်း႐ြာေတြဟာ တပ္သားမေပးႏိုင္တာေၾကာင့္ ေငြေၾကးသိန္းရာခ်ီေပးကာ ေတာင္ပန္းရတယ္လို႔ ထိုင္းႏိုင္ငံကို မိသားစုလိုက္ထြက္ေျပးလာတဲ့ အဲဒီအမ်ိဳးသာက ဆက္ေျပာပါတယ္။
နမ့္စန္ၿမိဳ႕နယ္ဟာ ျပည္သူစစ္တပ္ဖြဲ႕ေတြ အမ်ားအျပား အေျခစိုက္တဲ့ နယ္ေျမတစ္ခုျဖစ္ၿပီး နား႐ိုင္းျပည္သူစစ္၊ မန္းက်န္းျပည္သူစစ္၊ နားပြဲျပည္သူစစ္၊ SSS ျပည္သူစစ္တပ္ဖြဲ႕ေတြ အဓိက အေျခစိုက္ရာၿမိဳ႕လည္း ျဖစ္ပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *