သိန္နီမြို့နှင့်ပြင်ဦးလွင်မကြာမီလာမည်

ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သိန္နီမြို့ကို အလုံးစုံ ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းနေ၊ ပြင်ဦးလွင်အဝင် ကျောက်မဲလေး ကျေးရွာ စစ်တပ်စခန်းကိုလည်း TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ က ထိုးစစ်ဆင်နေဇန်နဝါရီ ၇ ရက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း TNLA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ကွတ်ခိုင်ဗျူဟာကုန်းစခန်းကို TNLA က ဆက်တိုက် ထိုးစစ်ဆင်ခဲ့ရာမှ ယနေ့တွင် စစ်ကောင်စီတပ်များနှင့် အပြန်အလှန် တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ကွတ်ခိုင်ဗျူဟာကုန်းစခန်း လက်နက်ချ အညံ့ခံသည်ဆိုသော သတင်းများ ထွက်လာသော်လည်း လက်တွေ့တွင် ပစ်ခတ်သံများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။ ” အခြေအနေကိုတော့‌ သေသေချာချာ ရှင်းရှင်းလင်းမသိရသေးဘူး။ တပ်မဟာ ၅ စစ်ဒေသ(TNLA) က သတင်းပို့တာကတော့ လေယာဉ်တွေနဲ့ပါ လာကျဲနေတာရှိတယ်။ ကွတ်ခိုင် ရ၊ မရ ကျနော်တို့ သတင်းစောင့်နေတုန်းပါပဲ။ ကွတ်ခိုင်ဗျူဟာ ရရင်တော့ ကွတ်ခိုင်မြို့ရပါပြီ” ဟု TNLA သတင်းရင်းမြစ်က ဆိုသည်။ ထို့ပြင် သိန္နီမြို့တွင်လည်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် “စကခ (၁၆)”နှင့်လက်အောက်ခံတပ်များကို ညီနောင် ၃ ဖွဲ့က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီက လေကြောင်း အသုံးပြုမှုနှင့် လက်နက်ကြီး အသုံးပြုခုခံနေကြောင်း၊ ရှေ့တန်း ကင်းစခန်းနှင့် ကုန်းတချို့ သိမ်းပိုက်မှုနိုင်သော်လည်း အဓိက ကျသော တပ်ရင်းတပ်စခန်းကြီးများ ရရှိရေး ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။ “သိန္နီမြို့နယ် နေရာတော်တော်များများ စီးထားနိုင်ပေမယ့် စကခ ၁၆ နဲ့ တပ်ရင်းတချို့ ကျန်နေတယ်။ အဲဒါတွေကို ဆက်တိုက်နေတယ်။ လက်နက်ချဖို့ တိုက်တွန်းထားတာတွေလည်းရှိတယ်။ မကြာခင် သိမ်းနိုင်မယ်လို့ ယုံကြည်တယ်” ဟု TNLA သတင်းရင်းမြစ်က ဆိုသည်။ အလားတူ နောက်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် အစပ် ပြင်ဦးလွင် မြို့အဝင် ကျောက်မဲလေးကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူပေါင်းတပ်ဖွဲတို တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်က လေယာဉ်၊ တိုက်လေယာဉ်နှင့် လက်နက်ကြီးများ အသုံးပြု၍ ခုခံနေကြောင်း ၊ တိုက်ပွဲ ပြင်းထန်ကြောင်း သိရှိရသည်။ “ကျောက်မဲလေး ရရင် ပြင်ဦးလွင်ထဲ တိုးလို့ ပေါက်ပြီ။ ကျောက်မဲလေးမှာ စစ်ကောင်စီက ခံစစ် အရမ်းကိုများတယ်။ ခုခံနေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *