ခေါဇာကိုလှရွှေတို့ ရေးဘီလူးလက်ချက်မိ

“မွန်ပြည်နယ် ခေါဇာမြို့နယ် ရဲစခန်းကို ရေးဘီလူးအဖွဲ့ မီးရှို့ပြာချ”

ဇန်နဝါရီလ ၇ ရက်

ဇန်နဝါရီလ (၇) ရက် ဒီကနေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ ခေါဇာမြို့ရဲစခန်းကို ရေးဘီလူးနဲ့ အဖွဲ့က မီးရှို့လိုက်ပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အတွင်းကလဲ အဆိုပါ ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ကြပ် တစ်ဦးနှင့် ရဲတပ်သား တစ်ဦး တို့ကို ရှင်းလင်း သုတ်သင်ခဲ့ရာ သေနတ် အတိုတစ်လက်နှင့် အရှည်နှစ်လက်၊ စုစုပေါင်း ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေးဘီလူးက သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ရေးမြို့ထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လုပ်နေပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ နန်းကြီးသုပ်တွေကို ငရဲပို့ပေးနေတဲ့ ရေးဘီလူးနဲ့ အဖွဲ့ကို ဖမ်းချင်သော်ငြားလည်း-

အွန်လိုင်းပေါ်ကနေပဲ လေကြီးလေကျယ် အာချောင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ သုံးစားမရတဲ့ စစ်ထွက် လော်ဘီ ငဖားတွေဟာ အခုချိန်အထိ ရေးဘီလူးရဲ့ ခြေဖဝါးက ဖုန်မှုန့်ကိုတောင် အစရှာလို့ မရသေးပါဘူး။

ဇန်နဝါရီလ ၇ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *