ဒကစမှ လနချ(ဗမ)၆ဦး လားရှိုးမှာဖမ်းစိထား

လောက်ကိုင် ဒကစမှ လက်နက်ချခဲ့​သော

ဗိုလ်မှူးချုပ်ခြောက်ဦး စစ်ကောင်စီဖမ်းဆီးအချုပ်ချထား

ဇန်နဝါရီ ၇ ရက်

လောက်ကိုင်တွင်လက်နက်ချပြီး လားရှိုးပြန်သွားသော ဒကစ-​ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ခြောက်ဦးအပါအဝင် အရာရှိများကို စစ်ကောင်စီက လားရှိုးရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြော

သည်။

“လောက်ကိုင်က ပြန်ရောက်ကတည်းက လားရှိုးအချုပ်ထဲ ထည့်ထားတာ။ ဘာဆက်လုပ်မလဲ‌တော့ မသိဘူး။ ဒါပေမယ့် ဗိုလ်မှူးချုပ်ခြောက်ယောက်စလုံး အကုန်အချုပ်ထဲမှာ” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

လောက်ကိုင်ဒကစမှ ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူနှင့် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊ရဲဘော်မှ အခြားအဆင့်ရှိသူ ၁၈၉၅ဦးတို့သည် မိသားစုဝင် ၁၆၀၁ ဦးနှင့်အတူ ဇန်နဝါရီ ၄ ရက်တွင် MNDAA ထံ လက်နက်ချခဲ့သည်။ထို​နောက် ဇန်နဝါရီ ၅ ရက်တွင်လည်း ပွိုင့် ၂၀၂၂ (​ခေါ်) နမ်ထင်အိန်ရှန်း စခန်းကုန်းမှာ စစ်​ကောင်စီ တပ်ဖွဲ့ဝင့် ၂၆၆ ဦးထပ်မံလက်နက်ချခဲ့သည်။ ထို​ကြောင့် စစ်​ကောင်စီတပ်သား ၂၄၀၀ ခန့်နှင့် မိသားစုဝင် ၁၆၀၁ ဦးဖြစ်၍ ​လောက်ကိုင်မှ စစ်သားနှင့်မိသားစု စုစု​ပေါင်း ၄၀၀၀ ခန့် လက်နက်ချခဲ့ခြင်းဖြစ်သည်။

သမိုင်းတွင် စစ်တပ်မှ တစ်​နေရာတည်းတွင် စစ်သား​ထောင်နှင့်ချီ လက်နက်ချခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကြောင်းလိုက် ၊တပ်ရင်းလိုက် စစ်သား ရာနှင့်ချီလက်နက် ချ ခဲ့ခြင်းများရှိ​သော်လည်း ယခုအကြိမ်မှာအများဆုံးဖြစ်သည်။

ဒကစမှ လက်နက်ချသူများကို ဇန်နဝါရီ ၄ ရက် ​မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ၎င်းတို့ပြန် လိုရာသို့ ပြန် နိုင်ရန် စီစဥ်​ပေးခဲ့​ကြောင်း MNDAA ​ပြော​ရေးဆိုခွင့် ရှိသူ လီကျာဝင်းက People’s Spring သို့ ​ပြောသည်။

People’s Spring ၏ စုံစမ်းမှုအရ ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်က လက်နက်ချသူများကို MNDAAက ကျိုင်းတုံနှင့် လားရှိုးမြို့သို့ ပို့ပေးခဲ့သည်ဟု သိရသည်။ ပြန်ရောက်လာသူများမှ အရာရှိများကို စစ်ကောင်စီက ဖမ်းထားပြီး အခြားအဆင့်များကို ရှေ့တန်းသို့ ပြန်လွှတ်နေကြောင်း သတင်းရရှိသည်။

စစ်​ကောင်စီ တပ်ဖွဲ့ဝင်များမှာ ကား ၊ဆိုင်ကယ် တို့ဖြင့် ​လောက်ကိုင်မှ ပြန်ကြ​သော်လည်း ဗိုလ်မှူးချုပ် ၆ ဦးမှာ တန်ယန်းမှ ရဟတ်ယာဥ်ဖြင့် လာရှိုးသို့သွားခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

လောက်ကိုင်ဒကစ လက်နက်ချခြင်းမှာ တရုတ်နိုင်ငံဘက် သို့ကျည်မကျရေးနှင့် တပ်မိသားစုများလုံခြုံရေးတို့ကြောင့်ဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဇော်မင်းထွန်းက စစ်​ကောင်စီသတင်းများကိုသာဦးစား​ပေး​ဖော်ပြ​သောသတင်းဌာနများကို ပြောထားသည်။

လက်နက်ချသော ဗိုလ်မှူးချုပ်များကို စစ်ကောင်စီက ဖမ်းချုပ်ထားသည့်သတင်းသည် တပ်တွင်း၌လည်း ပြန့်နှံ့

နေပြီး တပ်မိသားစုဝင်များအကြား စိုးရိမ်မှုများ ရှိနေသည်။ TNLA ၏ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် ကွတ်ခိုင်

ဗျူဟာမှ အရာရှိများသည်လည်း လက်နက်ချလိုသော်လည်း လောက်ကိုင်ဒကစမှ ‌ဗိုလ်မှူးချုပ်များ ဖမ်းချုပ်ခံထားရသည့် သတင်းကြောင့် လက်နက်မချသေးဘဲ ခံတိုက်နေခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံအချို့ကပြောသည်။

” လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံ

ကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်” ဟု MNDAA က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ၌မဆို မိမိတို့ထံ လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းလည်း ညီ​နောင် မဟာမိတ် သုံးဖွဲ့က အသိပေးထားသည်။

“စစ်တပ်ခေါင်းဆောင်တွေက သူတို့အတွက်ပဲသူတို့ကြည့်တာ။ အခုအခြေအနေက ထွက်ပြေးတာပဲ အကောင်းဆုံးပဲ။ ဒါပေမယ့် မိသားစုဝင်တွေက တပ်ထဲမှာဆိုတော့ ခက်နေတာ” ဟု စစ်ကောင်စီ ဒုဗိုလ်မှူးတစ်ဦး၏ ဇနီးကပြောသည်။

(​လောက်ကိုင် ဒကစ မှ ဗိုလ်မှူးချုပ်များနှင့် ညီ​နောင်သုံးဖွဲ့မှ တာဝန်ရှိသူများ စစ်​တပ်ကလက်နက်ချရန် သ​ဘောတူပြီး​နောက် အတူစား​နေစဥ် /​လောက်ကိုင် ဒကစ မှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ )

ေလာက္ကိုင္ ဒကစမွ လက္နက္ခ်ခဲ့​ေသာ
ဗိုလ္မႉးခ်ဳပ္ေျခာက္ဦး စစ္ေကာင္စီဖမ္းဆီးအခ်ဳပ္ခ်ထား
ဇန္နဝါရီ ၇ ရက္
ေလာက္ကိုင္တြင္လက္နက္ခ်ၿပီး လားရႈိးျပန္သြားေသာ ဒကစ-​ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးခ်ဳပ္ေျခာက္ဦးအပါအဝင္ အရာရွိမ်ားကို စစ္ေကာင္စီက လားရႈိးရဲစခန္းအခ်ဳပ္တြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္အခ်ိဳ႕ကေျပာ
သည္။
“ေလာက္ကိုင္က ျပန္ေရာက္ကတည္းက လားရႈိးအခ်ဳပ္ထဲ ထည့္ထားတာ။ ဘာဆက္လုပ္မလဲ‌ေတာ့ မသိဘူး။ ဒါေပမယ့္ ဗိုလ္မႉးခ်ဳပ္ေျခာက္ေယာက္စလုံး အကုန္အခ်ဳပ္ထဲမွာ” ဟု အဆိုပါသတင္းရင္းျမစ္ကေျပာသည္။
ေလာက္ကိုင္ဒကစမွ ဒကစမႉး ဗိုလ္မႉးခ်ဳပ္မိုးေက်ာ္သူႏွင့္ ဗိုလ္မႉးခ်ဳပ္ထြန္းထြန္းျမင့္အပါအဝင္ ဗိုလ္မႉးခ်ဳပ္ေျခာက္ဦး၊ အရာရွိ ၂၂၈ဦး၊ရဲေဘာ္မွ အျခားအဆင့္ရွိသူ ၁၈၉၅ဦးတို႔သည္ မိသားစုဝင္ ၁၆၀၁ ဦးႏွင့္အတူ ဇန္နဝါရီ ၄ ရက္တြင္ MNDAA ထံ လက္နက္ခ်ခဲ့သည္။ထို​ေနာက္ ဇန္နဝါရီ ၅ ရက္တြင္လည္း ပြိဳင့္ ၂၀၂၂ (​ေခၚ) နမ္ထင္အိန္ရွန္း စခန္းကုန္းမွာ စစ္​ေကာင္စီ တပ္ဖြဲ႕ဝင့္ ၂၆၆ ဦးထပ္မံလက္နက္ခ်ခဲ့သည္။ ထို​ေၾကာင့္ စစ္​ေကာင္စီတပ္သား ၂၄၀၀ ခန္႔ႏွင့္ မိသားစုဝင္ ၁၆၀၁ ဦးျဖစ္၍ ​ေလာက္ကိုင္မွ စစ္သားႏွင့္မိသားစု စုစု​ေပါင္း ၄၀၀၀ ခန္႔ လက္နက္ခ်ခဲ့ျခင္းျဖစ္သည္။
သမိုင္းတြင္ စစ္တပ္မွ တစ္​ေနရာတည္းတြင္ စစ္သား​ေထာင္ႏွင့္ခ်ီ လက္နက္ခ်ျခင္းသည္ ပထမဆုံးအႀကိမ္ျဖစ္သည္။၁၀၂၇ စစ္ဆင္​ေရးတြင္ စစ္​ေၾကာင္းလိုက္ ၊တပ္ရင္းလိုက္ စစ္သား ရာႏွင့္ခ်ီလက္နက္ ခ် ခဲ့ျခင္းမ်ားရွိ​ေသာ္လည္း ယခုအႀကိမ္မွာအမ်ားဆုံးျဖစ္သည္။
ဒကစမွ လက္နက္ခ်သူမ်ားကို ဇန္နဝါရီ ၄ ရက္ ​မြန္းလြဲ ၂ နာရီ ဝန္းက်င္တြင္ ၎တို႔ျပန္ လိုရာသို႔ ျပန္ ႏိုင္ရန္ စီစဥ္​ေပးခဲ့​ေၾကာင္း MNDAA ​ေျပာ​ေရးဆိုခြင့္ ရွိသူ လီက်ာဝင္းက People’s Spring သို႔ ​ေျပာသည္။
People’s Spring ၏ စုံစမ္းမႈအရ ဇန္နဝါရီ ၄ ရက္ႏွင့္ ၅ ရက္က လက္နက္ခ်သူမ်ားကို MNDAAက က်ိဳင္းတုံႏွင့္ လားရႈိးၿမိဳ႕သို႔ ပို႔ေပးခဲ့သည္ဟု သိရသည္။ ျပန္ေရာက္လာသူမ်ားမွ အရာရွိမ်ားကို စစ္ေကာင္စီက ဖမ္းထားၿပီး အျခားအဆင့္မ်ားကို ေရွ႕တန္းသို႔ ျပန္လႊတ္ေနေၾကာင္း သတင္းရရွိသည္။
စစ္​ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားမွာ ကား ၊ဆိုင္ကယ္ တို႔ျဖင့္ ​ေလာက္ကိုင္မွ ျပန္ၾက​ေသာ္လည္း ဗိုလ္မႉးခ်ဳပ္ ၆ ဦးမွာ တန္ယန္းမွ ရဟတ္ယာဥ္ျဖင့္ လာရႈိးသို႔သြားခဲ့ျခင္းျဖစ္​ေၾကာင္း သိရသည္။
ေလာက္ကိုင္ဒကစ လက္နက္ခ်ျခင္းမွာ တ႐ုတ္ႏိုင္ငံဘက္ သို႔က်ည္မက်ေရးႏွင့္ တပ္မိသားစုမ်ားလုံၿခဳံေရးတို႔ေၾကာင့္ျဖစ္ေၾကာင္း စစ္ေကာင္စီျပန္ၾကားေရးအရာရွိ ေဇာ္မင္းထြန္းက စစ္​ေကာင္စီသတင္းမ်ားကိုသာဦးစား​ေပး​ေဖာ္ျပ​ေသာသတင္းဌာနမ်ားကို ေျပာထားသည္။
လက္နက္ခ်ေသာ ဗိုလ္မႉးခ်ဳပ္မ်ားကို စစ္ေကာင္စီက ဖမ္းခ်ဳပ္ထားသည့္သတင္းသည္ တပ္တြင္း၌လည္း ျပန႔္ႏွံ႔
ေနၿပီး တပ္မိသားစုဝင္မ်ားအၾကား စိုးရိမ္မႈမ်ား ရွိေနသည္။ TNLA ၏ ထိုးစစ္ဆင္တိုက္ခိုက္ခံေနရသည့္ ကြတ္ခိုင္
ဗ်ဴဟာမွ အရာရွိမ်ားသည္လည္း လက္နက္ခ်လိုေသာ္လည္း ေလာက္ကိုင္ဒကစမွ ‌ဗိုလ္မႉးခ်ဳပ္မ်ား ဖမ္းခ်ဳပ္ခံထားရသည့္ သတင္းေၾကာင့္ လက္နက္မခ်ေသးဘဲ ခံတိုက္ေနျခင္းျဖစ္သည္ဟု ကြတ္ခိုင္ေဒသခံအခ်ိဳ႕ကေျပာသည္။
” လက္နက္ခ်အညံ့ခံေသာသူမ်ားႏွင့္ ျပည္သူ႔ရင္ခြင္ခိုလႈံ
ၾကေသာသူမ်ားကို ျမန္မာျပည္သူလူထုတစ္ရပ္လုံးမွ သူရဲေကာင္းမ်ားအျဖစ္ သတ္မွတ္ထားၿပီးျဖစ္သည္” ဟု MNDAA က ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံ၏ အျခားေသာ မည္သည့္ေနရာ၌မဆို မိမိတို႔ထံ လက္နက္ခ်အလင္းဝင္လိုသည္ျဖစ္ေစ၊ ျပည္သူ႔ရင္ခြင္ထဲ ဝင္ေရာက္ခိုလႈံလိုသည္ျဖစ္ေစ အခ်ိန္မေ႐ြး ဆက္သြယ္ႏိုင္ေၾကာင္းလည္း ညီ​ေနာင္ မဟာမိတ္ သုံးဖြဲ႕က အသိေပးထားသည္။
“စစ္တပ္ေခါင္းေဆာင္ေတြက သူတို႔အတြက္ပဲသူတို႔ၾကည့္တာ။ အခုအေျခအေနက ထြက္ေျပးတာပဲ အေကာင္းဆုံးပဲ။ ဒါေပမယ့္ မိသားစုဝင္ေတြက တပ္ထဲမွာဆိုေတာ့ ခက္ေနတာ” ဟု စစ္ေကာင္စီ ဒုဗိုလ္မႉးတစ္ဦး၏ ဇနီးကေျပာသည္။
(​ေလာက္ကိုင္ ဒကစ မွ ဗိုလ္မႉးခ်ဳပ္မ်ားႏွင့္ ညီ​ေနာင္သုံးဖြဲ႕မွ တာဝန္ရွိသူမ်ား စစ္​တပ္ကလက္နက္ခ်ရန္ သ​ေဘာတူၿပီး​ေနာက္ အတူစား​ေနစဥ္ /​ေလာက္ကိုင္ ဒကစ မွ သိမ္းဆည္းရရွိ​​ေသာ လက္နက္ခဲယမ္းမ်ား ။ဓါတ္ပုံ-CJ )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *