ပြည်သူရှိတဲ့နေရာတွေကိုပဲရည်ရွယ်ချက်နဲ့လုပ်တာ

နမ့်ဆန်ရှိ မြို့သစ်ရွာစာသင်‌ကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ဆရာမ

သုံးဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံး

ဇန်နဝါရီ ၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် ဗုံးငါးလုံးဖြင့် လာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးမှုရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၇ရက်) နေ့လယ် ၂နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တအာင်း အမျိုးသားပညာရေးကော်မတီ (TNEC)မှ ကျောင်းဆရာမ သုံးဦးအပါအဝင် ပြည်သူ (၅)ဦး သေဆုံးခဲ့ရသည် ဟု ဖော်ပြသည်။

ကျေးရွာဒေသခံ (၆)ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး လူနေအိမ် (၇)လုံးကျည်စထိမှန် ပျက်စီး ဆုံးရှုံးခဲ့ဟု အသိပေးသည်။

နမ့်ဆန်မြိုကို TNLA က ၂၀၂၃ ဒီဇင်ဘာ ၁၅ရက် တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်းရင်းသားတပ်များ သိမ်းထားသည့် မြို့များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည်ဟု စစ်ကောင်စီဘက်က ၂၀၂၃ ဒီဇင်ဘာက တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် ညီနောင်သုံးဖွဲ့နှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

TNLA အနေဖြင့်လည်း စစ်ကောင်စီ ထိန်းချုပ် ထားသည့် မြို့ ၆မြို့ကို သိမ်းထားပြီး ယနေ့တွင် လည်း ကွတ်ခိုင်၊ မိုးမိတ်နှင့် နောင်ချို မြို့နယ်တို့၌ စစ်ကောင်စီနှင့် တိုက်ပွဲရှိခဲ့သည်ဟု အသိပေးထုတ်ပြန်သည်။

(စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် မြို့သစ်ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TWO)

နမ့္ဆန္ရွိ ၿမိဳ႕သစ္႐ြာစာသင္‌ေက်ာင္းအား စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္၍ ဆရာမ
သုံးဦးအပါအဝင္ ျပည္သူ ၅ဦးေသဆုံး
ဇန္နဝါရီ ၇ ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ ၿမိဳ႕သစ္ေက်း႐ြာကို စစ္ေကာင္စီတပ္မွ Jet Fighter ျဖင့္ (၂)ႀကိမ္ ဗုံးငါးလုံးျဖင့္ လာေရာက္ႀကဲခ်ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အရပ္သား ေသဆုံးမႈရွိခဲ့ေၾကာင္း တအာင္းတပ္မေတာ္(TNLA)က သတင္းထုတ္ျပန္သည္။
ယေန႔ (ဇန္နဝါရီ ၇ရက္) ေန႔လယ္ ၂နာရီခြဲခန႔္တြင္ စစ္ေကာင္စီတပ္မွ စာသင္ေက်ာင္းကို ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ တအာင္း အမ်ိဳးသားပညာေရးေကာ္မတီ (TNEC)မွ ေက်ာင္းဆရာမ သုံးဦးအပါအဝင္ ျပည္သူ (၅)ဦး ေသဆုံးခဲ့ရသည္ ဟု ေဖာ္ျပသည္။
ေက်း႐ြာေဒသခံ (၆)ဦး က်ည္စထိမွန္ ဒဏ္ရာရခဲ့ၿပီး လူေနအိမ္ (၇)လုံးက်ည္စထိမွန္ ပ်က္စီး ဆုံးရႈံးခဲ့ဟု အသိေပးသည္။
နမ့္ဆန္ၿမိဳကို TNLA က ၂၀၂၃ ဒီဇင္ဘာ ၁၅ရက္ တြင္ သိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္သည္။
ထိုသို႔ တိုင္းရင္းသားတပ္မ်ား သိမ္းထားသည့္ ၿမိဳ႕မ်ားကို ေလေၾကာင္းတိုက္ခိုက္မႈ ျပဳလုပ္မည္ဟု စစ္ေကာင္စီဘက္က ၂၀၂၃ ဒီဇင္ဘာက တ႐ုတ္ႏိုင္ငံ၌ ျပဳလုပ္ခဲ့သည့္ ညီေနာင္သုံးဖြဲ႕ႏွင့္ ေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့သည္ဟု ဆိုသည္။
TNLA အေနျဖင့္လည္း စစ္ေကာင္စီ ထိန္းခ်ဳပ္ ထားသည့္ ၿမိဳ႕ ၆ၿမိဳ႕ကို သိမ္းထားၿပီး ယေန႔တြင္ လည္း ကြတ္ခိုင္၊ မိုးမိတ္ႏွင့္ ေနာင္ခ်ိဳ ၿမိဳ႕နယ္တို႔၌ စစ္ေကာင္စီႏွင့္ တိုက္ပြဲရွိခဲ့သည္ဟု အသိေပးထုတ္ျပန္သည္။
(စစ္ေကာင္စီေလေၾကာင္းမွ တိုက္ခိုက္မႈေၾကာင့္ ပ်က္စီးေနသည့္ ၿမိဳ႕သစ္ေက်း႐ြာ စာသင္ေက်ာင္းႏွင့္ ေနအိမ္မ်ားအား ေတြ႕ရစဥ္။ ဓာတ္ပုံ – TWO)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *