ရပြန်ပြီဟေ့ အခင်းလိုက်ကြီး

Update-ရှင်းလက်ဝ စခန်း စွန့်ပြေးသည့် စစ်ကောင်စီတပ်သား ၆ ဦးသေ၊ ၁၀ ဦး ဖမ်းဆီးခံရ၊ ၇၀ ကျော် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးဇန်နဝါရီလ ၇ ရက်ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ရှိ စစ်ကောင်စီ၏ ရှင်းလက်ဝ တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို လိုက်လံတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး ၁၀ ဖမ်းမိခဲ့ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေး တာဝန်ခံက မဇ္စျိမကိုပြောသည်။ယင်းစစ်ကောင်စီတပ်သားများ အနက် ဦးရေ ၇၀ မှာ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံသွားကြောင်း ၎င်းဆိုသည်။ စစ်ကောင်စီတပ်သားများမှာ ဇန်နဝါရီလ ၆ရက် ည ၈ နာရီ အချိန်ခန့်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟားခရိုင် အတွင်းရှိ ကျေးရွာများမှတဆင့် အာသံရိုင်ဖယ် စစ်တပ်ထံ ဝင်ရောက်ခိုလှုံသွားခြင်းဖြစ်ကြောင်း သိရသည်။“ သူတို့က ခွေးပြေး ဝက်ပြေး ပြေးသွားတာပေါ့နော် ။ အိန္ဒိယနိုင်ငံထဲ ဝင်ပြေးသွားတယ်ဆိုတော့ ကျနော်တို့လည်း ဘာမှလုပ်လို့မရတော့ဘူး ။ တွေ့တာနောက်ကျသွားလို့ပါ မဟုတ်ရင် ကျနော် တို့က အကုန်လုံးပြောင်အောင်ရှင်းနိုင်တဲ့ အနေအထားတော့ရှိတယ်” ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ပြောသည်။ရှင်းလက်ဝ ဗျူဟာစခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) နှင့် မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ (MDF) တို့က ဇန်နဝါရီလ ၂ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့များကို လိုက်လံတိုက်ခိုက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ဗျူဟာစခန်းကုန်းမှ ထွက်ပြေးသွားသူများကို AA နှင့် MDF ပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းရာ ဇန်နဝါရီလ ၅ရက် ညနေ ၅ နာရီခန့်မှ ဇန်နဝါရီ ၆ ရက် မနက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်း မဇ္ဈိမက စုံစမ်းသိရှိထား၍ တာဝန်ရှိသူအား မေးမြန်းရာတွင် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသောကြောင့် အသေးစိတ် ထုတ်ဖော်လိုခြင်းမရှိသေးကြောင်း ပြောသည်။ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၂၅၅ဦးကို ပြန်လည် ပို့ဆောင်ပေးခဲ့ ကြောင်း မီဇိုရမ်ရဲမှူးချုပ် ပူးလားလ်ဗျတ်ထန်းငါက ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ရက်နေ့တွင် သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။ နိုဝင်ဘာ ၁၄ရက်နေ့တွင် ငါးဦး ၊ ၁၆ရက်နေ့ ၂၉ဦး ၊ ၂၃ရက်နေ့တွင် ၄၀ ဦးနှင့် ၂၉ရက်နေ့တွင် ၃၀ ဦးကို နှင့် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ၁၅၁ ဦးတို့ကို ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ပုံအညွှန်း – ရှင်းလက်ဝစခန်းသိမ်းတိုက်ပွဲအတွင်းသိမ်းဆည်းရသည့် လက်နက် ခဲယမ်းများ#Miz

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *