ရန်ကုန်- မော်လမြိုင် ကားလမ်းတွင်ဆော်ကုန်ပြီဗျို့

ရန်ကုန်- မော်လမြိုင် ကားလမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၈

မွန်ပြည်နယ် ရန်ကုန် – မော်လမြိုင်အဝေးပြေးလမ်းပိုင်းပေါ်မှာရှိတဲ့ ဘီးလင်း မြို့နယ် အလူးလေးကျေးရွာမှာ ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့ တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ပြီး အနီးဝန်ကျင် ရာဘာ စက်ရုံက အလုပ်သမား ၂ ဦး ဦးခေါင်းနဲ့ လက် မောင်း ကျည်ဆန် ရှပ်ထိဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၉ နာရီခန့်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ၁၀ နာရီ ဝန်းကျင်မှာ တိုက်ပွဲပြီးဆုံးခဲ့ကာ ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှာ အချိန် ၂ နာရီခန့်ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“အရှေ့မှာတိုက်ပွဲဖြစ်နေတာ ဘယ်လောက်ကြာပြီးလဲတော့မသိဘူး။ ဒီရောက် တော့ ကားတွေရပ်ထားတာနဲ့ လိုက်ရပ်ထားတာ။ ခုနတုန်းကတော့ သေနတ် သံတွေ ဆက်တိုက်ကြားနေရတာ”လို့ တိုက်ပွဲအတွင်း ကားတန်းပိတ်မိနေသူ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အလူးလေးကျေးရွာအနီးမှာ ကင်းပုန်းဝပ်ဖို့ လာရောက်စဉ် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ရန်ကုန် – မော်လမြိုင်လမ်းပိုင်းမှာ ကျိုက်ထိုမြို့မှ သထုံမြို့အထိ စစ်ကောင် စီ တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွား လေ့ ရှိ တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ဇန်နဝါရီလ ၆ ရက်နေ့ ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ၂ နာရီခန့်ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့စဉ်။

ရန္ကုန္- ေမာ္လၿမိဳင္ ကားလမ္းတြင္ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီတပ္သား ၁ ဦးေသဆုံးကာ ျပည္သူ ၂ ဦး ဒဏ္ရာရ
ရန္ကုန္၊ ဇန္နဝါရီ ၈
မြန္ျပည္နယ္ ရန္ကုန္ – ေမာ္လၿမိဳင္အေဝးေျပးလမ္းပိုင္းေပၚမွာရွိတဲ့ ဘီးလင္း ၿမိဳ႕နယ္ အလူးေလးေက်း႐ြာမွာ ဇန္နဝါရီ ၆ ရက္ေန႔က စစ္ေကာင္စီတပ္နဲ႔ ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ KNLA တို႔ တိုက္ပြဲျဖစ္ ပြားခဲ့တယ္လို႔ သိရပါတယ္။
တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္သား ၁ ဦး ေသဆုံးခဲ့ၿပီး အနီးဝန္က်င္ ရာဘာ စက္႐ုံက အလုပ္သမား ၂ ဦး ဦးေခါင္းနဲ႔ လက္ ေမာင္း က်ည္ဆန္ ရွပ္ထိဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။
ဇန္နဝါရီ ၆ ရက္ေန႔ နံနက္ ၉ နာရီခန႔္က တိုက္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီး ၁၀ နာရီ ဝန္းက်င္မွာ တိုက္ပြဲၿပီးဆုံးခဲ့ကာ ရန္ကုန္ – ေမာ္လၿမိဳင္ ကားလမ္းေပၚမွာ အခ်ိန္ ၂ နာရီခန႔္ယာဥ္ေၾကာပိတ္ဆို႔မႈ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။
“အေရွ႕မွာတိုက္ပြဲျဖစ္ေနတာ ဘယ္ေလာက္ၾကာၿပီးလဲေတာ့မသိဘူး။ ဒီေရာက္ ေတာ့ ကားေတြရပ္ထားတာနဲ႔ လိုက္ရပ္ထားတာ။ ခုနတုန္းကေတာ့ ေသနတ္ သံေတြ ဆက္တိုက္ၾကားေနရတာ”လို႔ တိုက္ပြဲအတြင္း ကားတန္းပိတ္မိေနသူ ယာဥ္ေမာင္းတစ္ဦးက ေျပာပါတယ္။
စစ္ေကာင္စီတပ္က အလူးေလးေက်း႐ြာအနီးမွာ ကင္းပုန္းဝပ္ဖို႔ လာေရာက္စဥ္ ေတာ္လွန္ေရးပူးေပါင္းတပ္ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္ၿပီး စစ္ေကာင္စီ တပ္ဘက္က ျပန္လည္ဆုတ္ခြာသြားတယ္လို႔ သိရပါတယ္။
ရန္ကုန္ – ေမာ္လၿမိဳင္လမ္းပိုင္းမွာ က်ိဳက္ထိုၿမိဳ႕မွ သထုံၿမိဳ႕အထိ စစ္ေကာင္ စီ တပ္နဲ႔ ေတာ္လွန္ေရးပူးေပါင္းတပ္ေတြ မၾကာခဏ တိုက္ပြဲျဖစ္ပြား ေလ့ ရွိ တယ္လို႔ သိရပါတယ္။
ဓာတ္ပုံ-ဇန္နဝါရီလ ၆ ရက္ေန႔ ရန္ကုန္ – ေမာ္လၿမိဳင္ အေဝးေျပးလမ္းပိုင္းမွာ တိုက္ပြဲ ျဖစ္ပြားခဲ့တာေၾကာင့္ ၂ နာရီခန႔္ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ျဖစ္ေပၚခဲ့စဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *