ပြည်သူပိုင်ပစ္စည်းအချောင်လိုချင်အုန်းဟ

ခင်ဦးတွင် ပြည်သူများ​၏ စပါးခင်းများရိတ်သိမ်းနေသည့် ပျူစောထီးများအား ဗုံးချတိုက်ခိုက်

ဇန်နဝါရီလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ရိက္ခာပြတ်နေသော ပျဥ်ထောင်ရွာမှ ပျူစောထီးများသည် ပြည်သူများ​၏ စပါးခင်းများအား ရိတ်သိမ်းနေစဥ် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ စစ်ကောင်စီလက်အောက်ခံ ပျဥ်ထောင်ပျူရွာမှ ပျူစောထီး ၂၀ခန့်သည် ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) နေ့လယ်ပိုင်းက ၎င်းတို့ ကျေးရွာအနီးရှိ ပြည်သူများ၏ စပါးခင်းများအား ရိတ်သိမ်းခဲ့သည်။

ထိုအချိန် ခင်ဦးအခြေစိုက် မဟာမိတ်အဖွဲ့များက အဆိုပါ ပျူစောထီးအုပ်စု ရိတ်သိမ်းပြီးသော စပါးပုံနှင့် ရိတ်သိမ်းနေဆဲ စပါးခင်းအား ဒရုန်းဖြင့် မီးလောင်ဗုံး ခြောက်လုံးချ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KhinU Specialforce Organization-KSOတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မီးလောင်ဗုံးများချစဥ် ပျဥ်ထောင်ပျူရွာအတွင်း ထွက်ပြေးသွားသော ပျူစောထီးများကို ဗုံးသီးအကြီး ငါးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ခင်ဦးအခြေစိုက် မဟာမိတ်အဖွဲ့များက ဆိုသည်။

ပျဥ်ထောင်ပျူစောထီးရွာ၌ ရိက္ခာပြတ်လပ်နေကြောင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က အဆိုပါ ပျူရွာမှ ထွက်ပြေးလာသည့် ပျူစောထီးအဖွဲ့ဝင် ၆ ဦးက မဟာမိတ်အဖွဲ့များထံ ပြောထားသည်။

“ပျဥ်ထောင်ပျူရွာကနေ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ ထွက်ပြေးချင်ပြီး မပြေးရဲတဲ့သူတွေလည်း အများကြီးရှိတယ်လို့ ပြောတယ်။”ဟု KSO တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား KhinU Specialforce Organization-KSO၊ KURDAF Drone တပ်ဖွဲ့၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Wolf Guerrilla Local PDF, YE .U (KURDAF Drone) / ARF (KURDAF Drone)စုပေါင်းမဟာမိတ်များမှ တိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဟု သိရသည်။

ပျဥ်ထောင်ရွာ၌ စစ်သားနှင့်ရဲအနည်းငယ်သာရှိပြီး ပျူစောထီးအင်အား ၅၀ ခန့်ရှိကြောင်း၊ ပြည်သူ့စပါးခင်းများအား ဒီဇင်ဘာလအတွင်းက နှစ်ကြိမ်၊ ဇန်နဝါရီအတွင်း ယခုအကြိမ် အပါအဝင် နှစ်ကြိမ် ရိတ်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း လေးကြိမ်လုံး မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

(မီးလောင်ကျွမ်းနေသော စပါးခင်းနှင့် အသုံးပြုခဲ့သော ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-KURDAF)

ခင္ဦးတြင္ ျပည္သူမ်ား​၏ စပါးခင္းမ်ားရိတ္သိမ္းေနသည့္ ပ်ဴေစာထီးမ်ားအား ဗုံးခ်တိုက္ခိုက္
ဇန္နဝါရီလ ၈ ရက္
စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္တြင္ ရိကၡာျပတ္ေနေသာ ပ်ဥ္ေထာင္႐ြာမွ ပ်ဴေစာထီးမ်ားသည္ ျပည္သူမ်ား​၏ စပါးခင္းမ်ားအား ရိတ္သိမ္းေနစဥ္ တိုက္ခိုက္ခံရေၾကာင္း သတင္းရရွိသည္။
ခင္ဦးၿမိဳ႕နယ္ အေနာက္ျခမ္းရွိ စစ္ေကာင္စီလက္ေအာက္ခံ ပ်ဥ္ေထာင္ပ်ဴ႐ြာမွ ပ်ဴေစာထီး ၂၀ခန႔္သည္ ယမန္ေန႔ (ဇန္နဝါရီ ၇ ရက္) ေန႔လယ္ပိုင္းက ၎တို႔ ေက်း႐ြာအနီးရွိ ျပည္သူမ်ား၏ စပါးခင္းမ်ားအား ရိတ္သိမ္းခဲ့သည္။
ထိုအခ်ိန္ ခင္ဦးအေျခစိုက္ မဟာမိတ္အဖြဲ႕မ်ားက အဆိုပါ ပ်ဴေစာထီးအုပ္စု ရိတ္သိမ္းၿပီးေသာ စပါးပုံႏွင့္ ရိတ္သိမ္းေနဆဲ စပါးခင္းအား ဒ႐ုန္းျဖင့္ မီးေလာင္ဗုံး ေျခာက္လုံးခ် မီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း KhinU Specialforce Organization-KSOတပ္ဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။
မီးေလာင္ဗုံးမ်ားခ်စဥ္ ပ်ဥ္ေထာင္ပ်ဴ႐ြာအတြင္း ထြက္ေျပးသြားေသာ ပ်ဴေစာထီးမ်ားကို ဗုံးသီးအႀကီး ငါးလုံးျဖင့္ ထပ္မံတိုက္ခိုက္ခဲ့ရာ ဒဏ္ရာရရွိသူမ်ားျပားခဲ့ေၾကာင္း ခင္ဦးအေျခစိုက္ မဟာမိတ္အဖြဲ႕မ်ားက ဆိုသည္။
ပ်ဥ္ေထာင္ပ်ဴေစာထီး႐ြာ၌ ရိကၡာျပတ္လပ္ေနေၾကာင္းမွာ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၈ ရက္က အဆိုပါ ပ်ဴ႐ြာမွ ထြက္ေျပးလာသည့္ ပ်ဴေစာထီးအဖြဲ႕ဝင္ ၆ ဦးက မဟာမိတ္အဖြဲ႕မ်ားထံ ေျပာထားသည္။
“ပ်ဥ္ေထာင္ပ်ဴ႐ြာကေန ထြက္ေျပးတဲ့သူေတြလည္းရွိတယ္။ ထြက္ေျပးခ်င္ၿပီး မေျပးရဲတဲ့သူေတြလည္း အမ်ားႀကီးရွိတယ္လို႔ ေျပာတယ္။”ဟု KSO တပ္ဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။
အဆိုပါ တိုက္ခိုက္မႈအား KhinU Specialforce Organization-KSO၊ KURDAF Drone တပ္ဖြဲ႕၊ ခင္ဦးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕၊ Wolf Guerrilla Local PDF, YE .U (KURDAF Drone) / ARF (KURDAF Drone)စုေပါင္းမဟာမိတ္မ်ားမွ တိုက္ခိုက္ခဲ့ၿပီး ရဲေဘာ္မ်ား အထိခိုက္မရွိဟု သိရသည္။
ပ်ဥ္ေထာင္႐ြာ၌ စစ္သားႏွင့္ရဲအနည္းငယ္သာရွိၿပီး ပ်ဴေစာထီးအင္အား ၅၀ ခန္႔ရွိေၾကာင္း၊ ျပည္သူ႔စပါးခင္းမ်ားအား ဒီဇင္ဘာလအတြင္းက ႏွစ္ႀကိမ္၊ ဇန္နဝါရီအတြင္း ယခုအႀကိမ္ အပါအဝင္ ႏွစ္ႀကိမ္ ရိတ္သိမ္းရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေလးႀကိမ္လုံး မဟာမိတ္အဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။
(မီးေလာင္ကြၽမ္းေနေသာ စပါးခင္းႏွင့္ အသုံးျပဳခဲ့ေသာ ဒ႐ုန္းမ်ားအား ေတြ႕ရစဥ္။ ဓာတ္ပုံ-KURDAF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *