သူတို့မိသားစုတွေ ဘယ်လောက်နာကျင်နေမလဲ(ရုပ်သံ)

ခမ်းပတ်မြို့၊ ကနန်ရွာတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ကလေးငယ် ၆ ဦး အပါအဝင် ပြည်သူ ၁၇ ဦးကို ယမန်နေ့တွင် သဂြိုလ်ပြီးစီး(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ၊ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာကို ‌စစ်ကောင်စီက ယမန်နေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၆ ဦး အပါအဝင် ပြည်သူ စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

“တနင်္ဂနွေ ဘုရားကျောင်းတက်ရင်း လေယာဉ်နဲ့ ဗုံးကျဲခံရတာ။ မနေ့က ခရစ်ယန် ဘာသာရေး ထုံးတမ်းအစဉ်အလာနဲ့ သဂြိုလ်လိုက်ပါတယ်။ အလောင်း ၄ လောင်းလောက်က အပိုင်းအစ တွေဖြစ်သွားတာ။ ရုပ်ပျက်ဆင်းပျက်ဆိုတော့ နေ့ချင်းသဂြိုလ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက A5 တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး ကနန်အထကခွဲ ကျောင်း၀င်း၊ စာသင်ကျောင်းနှင့် ကပ်လျက် ဘုရားကျောင်း၀င်း၊ လူနေအိမ်များသို့ ဗုံးကျရောက်ကာ ပြည်သူ ၁၇ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ခမ္းပတ္ၿမိဳ႕၊ ကနန္႐ြာတြင္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္ျဖင့္ ဗုံးက်ဲမႈေၾကာင့္ ေသဆုံးသူ ကေလးငယ္ ၆ ဦး အပါအဝင္ ျပည္သူ ၁၇ ဦးကို ယမန္ေန႔တြင္ သၿဂိဳလ္ၿပီးစီး(႐ုပ္/သံ)
ရန္ကုန္၊ ဇန္နဝါရီ ၈
စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္ ၊ ခမ္းပတ္ၿမိဳ႕အနီး ကနန္ေက်း႐ြာကို ‌စစ္ေကာင္စီက ယမန္ေန႔ နံနက္ပိုင္း တိုက္ေလယာဥ္ျဖင့္ ဗုံးက်ဲခ်ခဲ့ရာ ကေလးငယ္ ၆ ဦး အပါအဝင္ ျပည္သူ စုစုေပါင္း ၁၇ ဦးေသဆုံးခဲ့ၿပီး ေသဆုံးသူမ်ားကို ယမန္ေန႔ မြန္းလြဲပိုင္းတြင္ သၿဂိဳလ္လိုက္ေၾကာင္း သိရွိရသည္။
“တနဂၤေႏြ ဘုရားေက်ာင္းတက္ရင္း ေလယာဥ္နဲ႔ ဗုံးက်ဲခံရတာ။ မေန႔က ခရစ္ယန္ ဘာသာေရး ထုံးတမ္းအစဥ္အလာနဲ႔ သၿဂိဳလ္လိုက္ပါတယ္။ အေလာင္း ၄ ေလာင္းေလာက္က အပိုင္းအစ ေတြျဖစ္သြားတာ။ ႐ုပ္ပ်က္ဆင္းပ်က္ဆိုေတာ့ ေန႔ခ်င္းသၿဂိဳလ္တယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
စစ္ေကာင္စီက A5 တိုက္ေလယာဥ္ျဖင့္ ဗုံးက်ဲခဲ့ျခင္းျဖစ္ၿပီး ကနန္အထကခြဲ ေက်ာင္း၀င္း၊ စာသင္ေက်ာင္းႏွင့္ ကပ္လ်က္ ဘုရားေက်ာင္း၀င္း၊ လူေနအိမ္မ်ားသို႔ ဗုံးက်ေရာက္ကာ ျပည္သူ ၁၇ ဦး ေသဆုံးခဲ့ျခင္းျဖစ္သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *