ငှက်ပျောပင်နဲ့ငှက်ပျောဖူးတော်တော်အသုံးဝင်နေပြီ

ငါန်းဇွန်းနဲ့ မြင်းခြံက စစ်ရေးပစ်မှတ်တွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

ဇန်နဝါရီ ၈ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းရှေ့ရှိ ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီး ပကဖ ထံမှ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက် နံနက် ၈ နာရီကျော်က ကုက္ကဲရဲစခန်းရှေ့တွင် ဂိတ်စခန်းဖွင့်ပြီး ပြည်သူလူထု အ ပေါ် မိုက်ကြေးခွဲကာ ဆက်ကြေးကောက်နေသော ဂိတ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်လက်အောက်ခံ ရဲများ တစ်စုတစည်းတည်းစုဝေးနေချိန် ဗုံးသီးတည့်တည့်ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ရဲ ၄ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ချို့ သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကာ နေအိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ကြောင်း သိရပါတယ်။

အလားတူ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောကျေးရွာ ဘုန်းကြီး ကျောင်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာ Fixed Wings လေယာဉ်များဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင် စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုများကို နွားထိုးကြီး ပကဖနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ငါန္းဇြန္းနဲ႔ ျမင္းၿခံက စစ္ေရးပစ္မွတ္ေတြကို ဒ႐ုန္းနဲ႔ ဗုံးသီးခ်တိုက္ခိုက္
ဇန္နဝါရီ ၈ ရက္
မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ပ်ဥ္းလွေတာ႐ြာ ဘုန္းႀကီးေက်ာင္း၌ တပ္စြဲထားေသာ အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ားႏွင့္ ျမင္းၿခံၿမိဳ႕နယ္၊ ကုကၠဲရဲစခန္းေရွ႕ရွိ ဂိတ္ကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ ရာ ရဲ ၄ ဦးေသဆုံးခဲ့ေၾကာင္း ႏြားထိုးႀကီး ပကဖ ထံမွ သိရပါတယ္။
ဇန္နဝါရီလ ၅ ရက္ နံနက္ ၈ နာရီေက်ာ္က ကုကၠဲရဲစခန္းေရွ႕တြင္ ဂိတ္စခန္းဖြင့္ၿပီး ျပည္သူလူထု အ ေပၚ မိုက္ေၾကးခြဲကာ ဆက္ေၾကးေကာက္ေနေသာ ဂိတ္ကို ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ တပ္လက္ေအာက္ခံ ရဲမ်ား တစ္စုတစည္းတည္းစုေဝးေနခ်ိန္ ဗုံးသီးတည့္တည့္က်ေရာက္ေပါက္ကြဲ ခဲ့သျဖင့္ ရဲ ၄ ဦးေနရာမွာပင္ပြဲခ်င္းၿပီးေသဆုံးၿပီး က်န္ရဲတစ္ခ်ိဳ႕ ေသြး႐ူးေသြးတန္းျဖင့္ ထြက္ေျပးကာ ေနအိမ္မ်ားအတြင္း ဝင္ေရာက္ပုန္းေအာင္းခဲ့ေၾကာင္း သိရပါတယ္။
အလားတူ ဇန္နဝါရီလ ၂ ရက္ ညေန ၄ နာရီခန႔္က ငါန္းဇြန္ၿမိဳ႕နယ္၊ ပ်ဥ္းလွေတာေက်း႐ြာ ဘုန္းႀကီး ေက်ာင္း၌ အင္အား ၃၀ ခန႔္ျဖင့္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားကို Shar Htoo Waw နည္းပညာ Fixed Wings ေလယာဥ္မ်ားျဖင့္ ဗုံးသီး ၃ လုံးက်ဲခ်တိုက္ခိုက္ခဲ့ရာ စစ္ ေကာင္ စီတပ္သား ၂ ဦး အျပင္းအထန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါ တိုက္ခိုက္မႈမ်ားကို ႏြားထိုးႀကီး ပကဖႏွင့္ နဂါးနီေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ) တို႔ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *