အီးပီစီအစောင့်ခဝေး၂ကောင် ဂန့်

တောင်သာမြို့နယ်၊ လျှပ်စစ်ဓာတ်အားခွဲရုံစောင့် စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦး သေဆုံးရန်ကုန်၊ ဇန်နဝါရီ ၈ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံစောင့် စစ်ကောင်စီတပ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယနေ့ ဇန်နဝါရီလ ၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က တောင်သာမြို့နယ်၊ တောင်သာ – ဇဂျမ်း လမ်းမပေါ်၊ တောင်သာမြို့နှင့် ၂ မိုင်ခန့်အကွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံစောင့် အကြမ်းဖက်စစ်ကောင် စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။အင်အားကတော့ ၈ ယောက်လောက်ပဲရှိတာ၊ တောင်သာမြို့ကို အဓိမီးပေးတေဲ့ ဓာတ်အားခွဲရုံ ပေါ့၊ အပြန်အလှန် ပစ်ခတ်မှုကတော့ ၅ မိနစ်လောက်ပဲ ကြာခဲ့တယ်၊ အလစ်အငိုက်ဝင်တိုက်ခဲ့တာဆို တော့၊ ၂ ဦးသေတယ်၊ ထိခိုက်မှုကတော့ မသိရသေးဘူး၊ လက်နက်လည်း ရခါနီးပေမယ့် မရခဲ့ဘူး၊ သိမ်းပိုက်လို့ရတဲ့အနေအထားဆိုတော့ပေမယ့် ကျနော်တို့ဘက်မှာက အဲလောက်အထိ လက်နက် အင်အားက မကောင်းတော့ ပြန်ဆုတ်ခဲ့ရတာ ဟု တောင်သာမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖ နှင့်မြင်းခြံခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ေတာင္သာၿမိဳ႕နယ္၊ လွ်ပ္စစ္ဓာတ္အားခြဲ႐ုံေစာင့္ စစ္သားမ်ားကို ဝင္ေရာက္တိုက္ခိုက္မႈ ၂ ဦး ေသဆုံး

ရန္ကုန္၊ ဇန္နဝါရီ ၈

မႏၱေလးတိုင္း၊ ျမင္းၿခံခရိုင္၊ ေတာင္သာၿမိဳ႕နယ္ရွိ လွ်ပ္စစ္ဓာတ္အားခြဲ႐ုံေစာင့္ စစ္ေကာင္စီတပ္သား မ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၂ ဦးေသဆုံးခဲ့ေၾကာင္း ေတာင္သာၿမိဳ႕နယ္ ပကဖမွတာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။

ယေန႕ ဇန္နဝါရီလ ၈ ရက္ ညေန ၃ နာရီ ၁၅ မိနစ္ခန႔္က ေတာင္သာၿမိဳ႕နယ္၊ ေတာင္သာ – ဇဂ်မ္း လမ္းမေပၚ၊ ေတာင္သာၿမိဳ႕ႏွင့္ ၂ မိုင္ခန႔္အကြာရွိ လွ်ပ္စစ္ဓာတ္အားခြဲ႐ုံေစာင့္ အၾကမ္းဖက္စစ္ေကာင္ စီတပ္သားမ်ားကို ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ားပူးေပါင္းၿပီး အလစ္အငိုက္ဝင္ေရာက္ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၂ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

အင္အားကေတာ့ ၈ ေယာက္ေလာက္ပဲရွိတာ၊ ေတာင္သာၿမိဳ႕ကို အဓိမီးေပးေတဲ့ ဓာတ္အားခြဲ႐ုံ ေပါ့၊ အျပန္အလွန္ ပစ္ခတ္မႈကေတာ့ ၅ မိနစ္ေလာက္ပဲ ၾကာခဲ့တယ္၊ အလစ္အငိုက္ဝင္တိုက္ခဲ့တာဆို ေတာ့၊ ၂ ဦးေသတယ္၊ ထိခိုက္မႈကေတာ့ မသိရေသးဘူး၊ လက္နက္လည္း ရခါနီးေပမယ့္ မရခဲ့ဘူး၊ သိမ္းပိုက္လို႔ရတဲ့အေနအထားဆိုေတာ့ေပမယ့္ က်ေနာ္တို႔ဘက္မွာက အဲေလာက္အထိ လက္နက္ အင္အားက မေကာင္းေတာ့ ျပန္ဆုတ္ခဲ့ရတာ ဟု ေတာင္သာၿမိဳ႕နယ္ ပကဖမွ တာဝန္ရွိသူတစ္ဦး က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။

အဆိုပါ တိုက္ခိုက္မႈကို ေတာင္သာၿမိဳ႕နယ္ ပကဖ၊ မလွိုင္ၿမိဳ႕နယ္ ပကဖ ႏွင့္ျမင္းၿခံခရိုင္ တပ္ရင္း ၃ တို႔ ပူးေပါင္းကာ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္ မရွိေအာင္ျမင္စြာ ဆုတ္ခြာနိုင္ခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *